Video Call ခေါ်ဆိုမှုများအတွက် အသစ်ထုတ်လုပ်ထားတဲ့ Huawei ရဲ့ Mee Time အကြောင်း

Video call ခေါ်ဆိုမှုများအတွက် Huawei ရဲ့ Mee Time အကြောင်းကို Huawei ဖုန်းအသုံးပြုသူ တော်တော်များများက သိကြလိမ့်မယ်မထင်ပါဘူး။ တကယ်တော့ Mee Time ဆိုတာက Huawei က မိသားစုတွေ၊ ချစ်ခင်ရသူတွေနဲ့ Video Call ခေါ်ဆိုမှုပြောဆိုရလွယ်ကူအောင် ပြုလုပ်ထားတာလည်းဖြစ်ပါတယ်။
MeeTime ဟာ HD အသံနဲ့ ဗီဒီယို call ခေါ်ဆိုသောစမတ်ဖုန်းများ၊ တက်ဘလက်များ၊ စမတ်နာရီများနဲ့ လွယ်ကူ စွာချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မတည်ငြိမ်သော Network အခြေအနေများမှာလည်း ကြည်လင်ပြတ်သားစွာ ဆက်သွယ်ပြောဆိုစေနိုင်မှာဖြစ်ပြီး video call ခေါ်ဆိုမှုတိုင်းအတွက် အဆင်ပြေနေစေမှာလည်း ဖြစ်ပါတယ်။
ခုနောက်ပိုင်း ခေတ်ပေါ်နည်းပညာပိုင်းတွေ တိုးတက်လာတာနဲ့အမျှ အဘိုး၊ အဘွားတွေက ဖုန်းအသုံးပြုမှုပိုင်းဆိုင်ရာတွေမှာ အခက်အခဲတွေဖြစ်လာတတ်ကြစမြဲပါ။ အဲဒါကြောင့်လည်း ကိုယ်ချစ်ခင်ရတဲ့ အဘိုး၊ အဘွား၊ မိသားစုတွေနဲ့ အလွယ်တကူပဲ video call ပြောဆိုနိုင်အောင် Huawei က Mee Time ကို ထုတ်လုပ်ထားတာပါ။

Photo Source https://www.facebook.com/HuaweimobileMM/?brand_redir=125524087493943

Mee Time ဟာ Video Call ပြောဆိုနေရင်းနဲ့ Screen အပြန်အလှန် Share ပြီး ကိုယ်လိုချင်တဲ့အရာတွေကို ဝိုင်းပြတာတွေ၊ အမှန်ခြစ်ပြတာတွေ ပြုလုပ်ပေးနိုင်ပြီး ပိုမိုလွယ်ကူရှင်းလင်းစွာနဲ့ ပြသပေးနိုင်ပါတယ်။ ဒါ့အပြင် Video Calls ခေါ်ဆိုနေရင်း မှာပဲ beauty settings များကို လိုအပ်သလိုပြုပြင်ပြောင်းလဲနိုင်ပါသေးတယ်။
အများအားဖြင့် ညဘက်လိုအချိန်မျိုးမှာ Video Calls ခေါ်ဆိုတဲ့အခါ ပြင်ပ အလင်းရောင်အားနည်းတတ်တဲ့အတွက်ကြောင့် အရမ်းမှောင်နေတာ၊ သေချာမမြင်ရတာတွေဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ Screen ပေါ်မှာရှိတဲ့ မီးသီးပုံခလုတ်လေးကို နှိပ်ပြီး ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ပိုပြီး လင်းလင်းချင်းချင်းမြင်ရစေအောင် ပြုလုပ်ပေးနိုင်ပါတယ်။
MeeTime ဟာ သတ်မှတ်ထားတဲ့ အချို့သော Sport cameras များနဲ့ တွဲဖက်လုပ်ဆောင်နိုင်စွမ်းရှိပြီး ကိုယ့်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် လှုပ်ရှားမှုများကိုလည်း အချိန်နဲ့တပြေးညီ ပြသပေးနိုင်ပါတယ်။ အလုပ်ကိစ္စအတွက် မိမိဖုန်းမှာ MeeTime နဲ့ ခေါ်ယူဆွေးနွေးနေစဉ်အတွင်းမှာပဲ smart video conferencing camera နဲ့ ပြောင်းရွှေ့ကာ အကွာအဝေး သတ်မှတ်ချက်တွေကို ကျော်လွန်ပြီး ပိုမိုကောင်းမွန်တဲ့ HD အရည်အသွေးနဲ့ Meeting ပြောဆိုမှုများကို ပြုလုပ် နိုင်မှာဖြစ်ပါတယ်။
Mee Time ကို အသုံးပြုချင်သူတဲ့သူတွေအတွက် အောက်ပါအချက်တွေကိုတော့ သိထားဖို့လိုပါတယ်။
(၁) Video Call resolution မှာ အဓိကကတော့ Network အခြေအနေ ကောင်းမွန်မှုအပေါ် အများကြီးမူတည်ပါတယ်။
(၂) Mee Time feature ကို အခြားသော devices များ အထောက်အပံ့ပေး၊ မပေးဆိုတာကို သိရှိဖို့အတွက် Huawei customer service (Ph – 09-689000900) ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
(၃) ဒါပေမဲ့ လက်ရှိလုပ်ဆောင်ချက်တွေကိုတော့ jd.com, vip.com, Maimai, နှင့် MiniCAD platforms များမှာသာ ရရှိနိုင်တဲ့အကြောင်း Huawei က ထုတ်ပြန်ထားပါတယ်။

Photo Source https://www.facebook.com/HuaweimobileMM/?brand_redir=125524087493943

Mee Time ရဲ့ အသုံးပြုပုံကို အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/watch/?ref=saved&v=766280004784651