ပရူဒန်ရှယ်အာမခံက မိသားစု ဖြစ်တည်မှုပုံစံကို ဂုဏ်ပြုသောအနေဖြင့် ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှုအတွေ့အကြုံတွင် ပါဝင်ရန် ဖိတ်ခေါ်

Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) က မိဘနှင့်သားသမီးများ၊ ဘိုးဘွား ဆွေမျိုးများ ပါဝင်သော သူများနှင့်ကိုက်ညီမှုရှိစေရန် ဖန်တီးထားမှုကို အသားပေး ဖော်ကျူးထားသော “Made for Every Family” ကမ်ပိန်းတစ်ခုကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။
မိမိတို့ မိသားစုအပေါ်ထားသော ချစ်ခင်မှု၊ အတူပျော်ရွှင်ချိန်များကို ဂုဏ်ပြုသောအားဖြင့် https://www.prudential.com.mm/mm/we-do-family သို့ ဝင်ရောက်ပြီး မိမိတို့ကိုယ်ပိုင် မိသားစု avatar (ခ) ‘famvatar’ များ ဖန်တီးပြီး ပါဝင်ဆင်နွှဲကြရန် ပရူဒန်ရှယ်အာမခံက မြန်မာနိုင်ငံတစ်ဝန်းရှိ လူအများအား ဖိတ်ခေါ်လျက် ရှိသည်။

အဆိုပါ ကမ်ပိန်းသည် မိသားစုတိုင်း၏ အရေးပါပုံနှင့် မည်သည့်ပုံစံဖြင့် မိသားစုဖြစ်လာပါစေ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော ကျန်းမာရေးနှင့် အာမခံအကာအကွယ် ထုတ်ကုန်များကို ရယူခွင့်ရှိကြောင်း ပြသနိုင်ရန် ရည်ရွယ်ပါသည်။ ယခုအခါ အာရှဒေသတစ်ဝန်းရှိ ပရူဒန်ရှယ်အာမခံ ဝန်ဆောင်မှုပေးနေသော ဈေးကွက်များစွာတွင် မိသားစု ဖြစ်တည်မှုပုံစံအမျိုးမျိုးကို ကာကွယ်ပေးနိုင်ရန် အာမခံအကာအကွယ်များ တိုးချဲ့ပေးအပ်နေပြီ ဖြစ်ပါသည်။

Photo Source https://www.prudential.com.mm/mm/we-do-family

“ပရူဒန်ရှယ်အာမခံအနေနဲ့ မိသားစုဆိုတာ ကျွန်တော်တို့ ယဉ်ကျေးမှုရဲ့ အရေးပါတဲ့ လူမှုဆက်ဆံရေး အစိတ်အပိုင်းတွေလို့ နားလည်လက်ခံထားပါတယ်။ ပြီးတော့ ငွေရေးကြေးရေးဆိုင်ရာ ဖြေရှင်းချက်တွေပါတဲ့ ထုတ်ကုန်တွေ ပေးအပ်ပြီး မြန်မာနိုင်ငံက ပြည်သူတွေအတွက် အာမခံဝန်ဆောင်မှုတွေကို ပိုပြီး အလွယ်တကူ လက်လှမ်းမီလာအောင်လည်း လုပ်ပေးချင်ပါတယ်။ ဒါ့ကြောင့် ဒီကမ်ပိန်းကနေ မိဘတစ်ဦးတည်းပဲရှိတဲ့ မိသားစုဖြစ်ဖြစ်၊ မွေးစားသားသမီးရှိတဲ့ မိသားစုဖြစ်ဖြစ် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ မိသားစုဆိုတဲ့ ဖြစ်တည်မှုပုံစံတိုင်းကို ကာကွယ်ပေးဖို့ဆိုတဲ့ ပရူဒန်ရှယ်အာမခံရဲ့ ကတိကဝတ်ကို ပိုထင်ရှားအောင် ပြသလိုက်တာ ဖြစ်ပါတယ်” ဟု ပရူဒန်ရှယ်အာမခံ၏ Acting CEO ဖြစ်သူ Mr Wilson Ma က ဆိုသည်။
Famvatar ဆိုသည်မှာ မိမိတို့၏ မိသားစုဝင်များ (သို့) ချစ်ခင်ရသူများကို ထည့်သွင်းပြီး အုပ်စုလိုက် avatar တစ်ခု ပြုလုပ်နိုင်ရန် ပရူဒန်ရှယ်အာမခံမှ ဖန်တီးပေးထားသော ဒစ်ဂျစ်တယ်အသုံးချ အတွေ့အကြုံတစ်ခု ဖြစ်ပါသည်။ Famvatar စတစ်ကာများကို ပျော်ရွှင်ကြည်နူးစရာ စကားဝိုင်းစတစ်ကာများအဖြစ် အသုံးပြုရန်၊ လူမှုကွန်ရက် ပလက်ဖောင်းများတွင် မျှဝေရန် ဒေါင်းလုတ်ရယူနိုင်သည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ www.prudential.com.mm/mm/we-do-family မှတဆင့် စတစ်ကာများ ဖန်တီး၊ ဒေါင်းလုတ် ရယူကာ မိမိတို့၏ Facebook အကောင့်တွင် မိသားစုဝင်များနှင့် အဓိပ္ပာယ်ရှိသော အချိန်များ ကုန်ဆုံးခဲ့ပုံကို အကြောင်းအရာတစ်ခုနှင့်အတူ ပိုစ့်တင်ထားသူများအား ဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်သည်။
Famvatar ကမ်ပိန်းနှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Facebook စာမျက်နှာ https://www.facebook.com/PrudentialMyanmarLifeInsurance တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။