Samsung A Series စမတ်ဖုန်းများအနက် ဈေးနှုန်းအသက်သာဆုံးသော Galaxy A03 Core စမတ်ဖုန်းအား စတင်မိတ်ဆက်

၂၀၂၂ ခုနှစ်အတွင်း လူကြိုက်အများဆုံးသော စမတ်ဖုန်း series တစ်ခုဖြစ်သည့် Galaxy A Series ၏ နောက်ထပ်ဖုန်းအမျိုးအစားသစ် Galaxy A03 Core စမတ်ဖုန်းအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
သုံးစွဲသူများ၏ နေ့စဉ်ဘဝတွင် အမှတ်တရဖြစ်ဖွယ်အခိုက်အတန့်များကို လက်မလွတ်တမ်း ဖမ်းယူရိုက်ကူးနိုင်စေရန်အတွက် Galaxy A03 Core ဖုန်း၏ ကျောဖက်နှင့် ရှေ့ဖက်များတွင် 8MP, f2.0 နှင့် 5MP, f2.2 ကင်မရာနှစ်လုံးအား အသီးသီးထည့်သွင်းပေးထားပြီး ၆.၅ လက်မ Infinity-V HD+ TFT မျက်နှာပြင်ပါရှိသည့်အတွက် သုံးစွဲသူများအနေနှင့် ကြီးမားကျယ်ပြန့်သော မြင်ကွင်းပြည့်ခံစားမှု အတွေ့အကြုံကိုလည်း ရရှိသွားနိုင်မည်ဖြစ်သည်။ OCTA-core processor ၏ ထောက်ပံ့မှုကြောင့် Galaxy A03 Core စမတ်ဖုန်းသည် လျင်မြန်ချောမွေ့သော စွမ်းဆောင်ရည်အား ပေးစွမ်းနိုင်မည် ဖြစ်သည့်အပြင် ဘက်ထရီစား သက်သာစေပြီး ပမာဏကြီးမားသော 5,000 mAh ဘက်ထရီလည်းပါရှိသည့်အတွက် တစ်ကြိမ်အားသွင်းထားရုံဖြင့် တစ်နေ့တာလုံး စိတ်ပူပန်မှုမရှိ သုံးစွဲနိုင်မည်ဖြစ်သည်။

Photo Source https://www.samsung.com/mm/

ယခုကဲ့သို့ စွမ်းဆောင်ရည်မြင့်လုပ်ဆောင်ချက်များထည့်သွင်းထားသော Galaxy A03 Core စမတ်ဖုန်းအား Samsung မှ ထုတ်လုပ်သည့် စမတ်ဖုန်းများအနက် အသက်သာဆုံးသောဈေးနှုန်း ၂၁၅,၀၀၀ ကျပ်မျှဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး စွဲဆောင်မှုရှိသော အရောင် ၂ မျိုး – အပြာရောင်နှင့် အနက်ရောင်များဖြင့် ရရှိသွားနိုင်မည် ဖြစ်သည်။ Galaxy A03 Core အား ဦးဆုံးဝယ်ယူအားပေးသူများအနေနှင့် Phone Cover နှင့် Ear Phone လက်ဆောင်များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
ထို့အပြင် Galaxy A03 Core စမတ်ဖုန်းများကို ဝယ်ယူအားပေးသူများအနေနှင့် No Worry Crack ဝန်ဆောင်မှုကိုလည်း ဝယ်ယူသည့်နေ့မှ ၆ လအတွင်း (၃၁ ဒီဇင်ဘာလ ၂၀၂၂ အထိ) ရရှိခံစားသွားနိုင်မည် ဖြစ်ပါသည်။ No Worry Crack ခံစားခွင့်အသေးစိတ်အား https://www.samsung.com/mm/ တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
“သုံးစွဲသူတွေကြားမှာ တစ်ဦးနဲ့တစ်ဦးမတူညီတဲ့ ဈေးနှုန်းတတ်နိုင်စွမ်းတွေရှိကြတာကြောင့် အားလုံးအတွက် အဆင်ပြေလွယ်ကူစေဖို့ သင့်တင့်တဲ့နှုန်းထား အမျိုးမျိုးနဲ့ စမတ်ဖုန်းအမျိုးအစားအများအပြားကို Samsung Myanmar က ထုတ်လုပ်ပေးနေပါတယ်။ အခု နောက်ဆုံး မိတ်ဆက်လိုက်တဲ့ Galaxy A03 Core စမတ်ဖုန်းဟာဆိုရင် သုံးစွဲသူတို့ရဲ့ နိစ္စဓူဝလှုပ်ရှားမှုတွေကို အကောင်းဆုံးအထောက်အကူဖြစ်စေနိုင်မယ့် လုပ်ဆောင်ချက်တွေပါဝင်တဲ့ တန်ဖိုးသင့် စမတ်ဖုန်းအမျိုးအစားပဲ ဖြစ်ပါတယ်။ ဈေးနှုန်းသက်သက်သာသာနဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ စမတ်ဖုန်းအမျိုးအစားကို ရှာဖွေနေသူတွေ အတွက် ကျွန်တော်တို့ရဲ့ Galaxy A03 Core က အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေမယ်ဆိုတာကို ယုံကြည်ပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားသည်။
ထုတ်ကုန်အသေးစိတ်များကို https://www.samsung.com/mm/ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။