Full-scene AI Imagine Master ဆိုတဲ့အတိုင်း နေ့အချိန်ရော ညအချိန်အတွက်ပါ ပြီးပြည့်စုံတဲ့ နောက်ဆုံးပေါ် Photography နည်းပညာနဲ့ ထွက်ရှိလာတော့မဲ့ OPPO Reno14 Series 5G

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ OPPO က သုံးစွဲသူအများစု အကြိုက်တွေ့စေမဲ့ OPPO Reno Series တွေထဲကမှ Full-scene AI Imagine Master ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နေ့အချိန်အတွက်ရော ၊ ညအချိန်အတွက်ပါ ပြီးပြည့်စုံလောက်အောင် ကောင်းမွန်ဆန်းသစ်တဲ့ Photography နည်းပညာတွေ နဲ့ AI လုပ်ဆောင်ချက်များစွာ ပါရှိတဲ့ OPPO Reno14 Series 5G ကို မြန်မာနိုင်ငံဈေးကွက်သို့ မကြာခင် မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ OPPO Reno14 Series 5G အနေနဲ့ OPPO Reno14 Pro 5G ၊ OPPO Reno14 5G နဲ့ OPPO Reno14 F 5G တို့ ထွက်ရှိလာမှာဖြစ်ပြီး OPPO ရဲ့ နောက်ဆုံးပေါ် AI Flash Photography နည်းပညာနဲ့ ထူးခြားဆန်းသစ်တဲ့ Iridescent Mermaid Design တို့ကို ပေါင်းစပ်ကာ AI Livephoto 2.0၊ AI Editor၊ IP69 အဆင့်အထိ ခံနိုင်ရည် စသဖြင့် ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်သာမက ယခင်က သုံးစွဲသူတွေ ကြိုက်နှစ်သက်ကြတဲ့ OPPO Find X8 က Telephoto Camera ကိုပါ ယခု OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G တို့မှာ ထည့်သွင်းပေးလာတာကြောင့် သုံးစွဲသူတွေအနေနဲ့ Flagship Technology ကို ထိတွေ့ခံစားနိုင်တော့မှာဖြစ်ပါတယ်။

Image: OPPO

ထူးခြားကောင်းမွန်တဲ့ အနုပညာ လက်ရာ နဲ့ ခေတ်သစ်အလှအပတို့ကို အတောက်ပဆုံး ပေါင်းစည်းထားတဲ့ OPPO Reno14 Series 5G ရဲ့ ဒီဇိုင်း

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO က OPPO Reno Series တွေရဲ့ ဒီဇိုင်းတွေကို လူငယ်ဆန်ပြီး ပိုပြီးဆန်းသစ်တောက်ပတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတာကြောင့် OPPO Reno14 Series 5G မှာဆိုရင် ယခု နှစ်ပိုင်းတွေမှာ ပိုပြီး ရေပန်းစားထင်ရှားလာတဲ့ Mermaidcore ဒီဇိုင်းကို ထည့်သွင်းကာ Iridescent Mermaid Design ပုံစံနဲ့ အသက်သွင်းဖန်တီးလာတာဖြစ်ပါတယ်။

OPPO Reno14 Pro 5G နှင့် OPPO Reno14 5G နှစ်မျိုးလုံးမှာဆိုရင် One-piece Sculpted Glass  နဲ့ အတူ Aerospace-grade Aluminium ကို ပူးတွဲထည့်သွင်းအသုံးပြုထားတဲ့အတွက် ခံနိုင်ရည်အားဖြင့် သာမန်ထက်ပိုမိုမာကြောတဲ့ ခံနိုင်ရည်ကို ရရှိမှာဖြစ်ပါတယ်။  OPPO Reno14 Series 5G မှာဆိုရင် IP66, IP68 နှင့် IP69 အဆင့်အမီ ဖုန်မှုန့်နှင့်ရေစိုခံနိုင်မှု သတ်မှတ်ချက်တွေအတိုင်း တည်ဆောက်ထားတဲ့အပြင် Platinum-grade anti-corrosion coating ဖြင့် ထိန်းသိမ်းထားတဲ့ USB interface ပါရှိတာကြောင့် အဆိုးရွားဆုံးအခြေအနေတွေမှာတောင် အကြာရှည်ဆုံး ခံနိုင်စွမ်းရှိစေမှာဖြစ်ပါတယ်။

OPPO Reno14 Pro 5G ကို Opal White နဲ့ Titanium Grey နှစ်ရောင် ၊ OPPO Reno14 5G ကို Opal White နဲ့ Luminous Green နှစ်ရောင်၊ Reno14 F 5G ကို Opal Blue နဲ့ Luminous Green နှစ်ရောင်ဆိုပြီး အသီးသီး ထွက်ရှိလာမှာဖြစ်ပါတယ်။

Image: OPPO

ဈေးနှုန်းတူ စမတ်ဖုန်းတွေအကြား အမှောင်ဆုံးအချိန်တွေမှာတောင် ကောင်းမွန်တဲ့ ပုံရိပ်တွေကို ရရှိစေနိုင်မဲ့ အလင်းအားအကောင်းဆုံး Flash

OPPO Reno14 Series မှာဆိုရင် OPPO အနေနဲ့  AI Flash Photography ကို စတင် မိတ်ဆက်လာမှာဖြစ်သလို OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G နှစ်မျိုးလုံးမှာဆိုရင် နည်းပညာတိုးတက်မှုမြင့်မားတဲ့ Triple-Flash System ကို ထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ်။ Main Camera နဲ့ Ultra-wide Camera တို့မှာဆိုရင် Dual Flash Units ပါဝင်တဲ့အတွက် အနီးကပ်အလင်းဖြန့်ပေးတဲ့အခါမှာလဲ ပိုပြီး ထူးခြားစွာ အလင်းလက်ဆုံး တောက်ပတဲ့ အလင်းရောင်စွမ်းဆောင်ရည်ရှိမှာဖြစ်ပါတယ်။ OPPO Reno14 F 5G မှာ ဆိုရင်လဲ အနီးကပ်အားဖြင့် အလင်းဖြန့်မှုအတွက် တိကျတဲ့ Dual-flash System ပါဝင်ပြီး၊ ယခင်မျိုးဆက်ထက် ၂ ဆ ပိုမိုတောက်ပတဲ့ အလင်းစွမ်းအားနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက Flash Unit အနေနဲ့ ပြန်ကြည့်မယ်ဆိုရင်လဲ စျေးကွက်အတွင်းမှာ ပထမဦးဆုံးအသုံးပြုထားကာ တိကျတဲ့ Focus Flash ဖြစ်သလို Telephoto Camera အတွက်ပါ ပြင်ဆင်ကာ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒီ Flash System ဟာဆိုရင် ဓာတ်ပုံရရှိတဲ့အခါမှာ အလင်းအား တောက်ပမှု ၁၀ ဆအထိ မြင့်တက်လာနိုင်ခြင်းကြောင့် အနီးကပ်ဆွဲချိန်ကြည့်ရင်တောင် မိမိဖမ်းယူမဲ့ ပုံရိပ်ကို ပေါ်လွင်အောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။

Image: OPPO

OPPO Reno14 Pro 5G မှာဆိုရင် Ultra-Clear Low-Light Camera System ကို ထည့်သွင်းထားပြီး၊ 50MP ကင်မရာသုံးလုံး ဖြင့် ဖန်တီးထားသောကြောင့် Ultra-wide မှ Wide အထိ ရိုက်ကူးနိုင်မှာဖြစ်သလို ၊ 3.5x periscope Telephoto မှ တစ်ဆင့် အလင်းနည်းတဲ့ အချိန်တွေမှာတောင် အကြည်လင်ဆုံး ဓာတ်ပုံများကို ရိုက်ကူးနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ ဒါအပြင် OPPO Reno14 Pro 5G မှာ တင်သာမက OPPO Reno14 5G မှာပါ OPPO Reno14 Pro 5G နဲ့ တူညီတဲ့ 50MP 3.5x Telephoto Camera ပါဝင်လာတဲ့အတွက် Portrait နှင့် Zoom ရိုက်ကူးမှုအမျိုးမျိုးအတွက် အရည်အသွေးမြင့်တဲ့ ပုံရိပ်အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

နေ့အချိန်အတွက်ရော ၊ ညအချိန်အတွက်ပါ ပြီးပြည့်စုံလောက်အောင် ကောင်းမွန်ဆန်းသစ်တဲ့ နောက်ဆုံးပေါ် AI Flash Photography နည်းပညာ နဲ့ AI လုပ်ဆောင်ချက်များစွာ ပါရှိတဲ့ OPPO Reno14 Series 5G နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။