OPPO ထုတ်ကုန်များပိုမိုဖြန့်ချိနိုင်ရန် OPPO နှင့် Vodafone တို့ သဘောတူညီချက်ချုပ်ဆို

OPPO နှင့် Vodafone သည် ၂၀၂၀ ပြည့်နှစ် မေလမှ စတင်ကာ OPPO ၏ ထုတ်ကုန်အမျိုးမျိုးကို Vodafone ၏ ဥရောပ ဈေးကွက်တွင် ဖြန့်ချိရန် ပူးပေါင်းလုပ်ဆောင်မှုသဘောတူညီချက်ကို ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်တွင် ကြေညာ လိုက်သည်။
ဆန်းသစ်သောထုတ်ကုန်များ၊ အဆင့်မြင့် 5G နည်းပညာများ၊ဖုန်းဟန်းဆက် ရောင်းချမှုနှုန်းနှစ်စဉ် သန်း ၁၀၀ ကျော်တို့ကိုပိုင်ဆိုင်ထားသော OPPO သည် Vodafone ၏ Gigabit Network အတွက် သင့်လျော်သောလက်တွဲဖော်ပင် ဖြစ်သည်။ ကုမွဏီ (၂) ခု၏ ပူးပေါင်းဆောင်ရွက်မှုသည် သုံးစွဲသူများကိုရွေးချယ်ခွင့် ပိုမိုရရှိစေပြီး Vodafone ၏ နိုင်ငံတ ကာဈေးကွက်တွင် 5G အသုံးပြုမှုကိုလည်းပိုမိုမြင့်မားလာစေမည်ဖြစ်သည်။
Vodafone ၏ အရောင်းဆိုင်များ၊ အွန်လိုင်းစတိုးများတွင် OPPO A series, Reno series နှင့် Find X series စသည်ဖြင့် တန်ဖိုးသင့် စမတ်ဖုန်းများမှ စ၍ ဈေးကွက်တွင် ဦးဆောင်လျက်ရှိသည့် 5G flagship စမတ်ဖုန်းများအထိ OPPO ၏ များပြားသောထုတ်ကုန်အမျိုးမျိုးကိုဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

ပထမအဆင့်ပူးပေါင်းဆောင်ရွက်မှုတွင် Vodafone သည် OPPO ထုတ်ကုန်များကိုဂျာမနီ၊ ယူကေ၊ စပိန်၊ ပေါ်တူဂီ၊ရိုမေးနီးယား၊ တူရကီနှင့် နယ်သာလန်နိုင်ငံများရှိအရောင်းဆိုင်များတွင် စတင်မိတ်ဆက်သွားမည်ဖြစ်သည်။ ကုမ္ပဏီနှစ်ခုတို့ အတူတကွနိုင်ငံတကာပူးပေါင်းလုပ်ဆောင်မှုကိုပိုမိုတိုးတက်အောင် လုပ်ဆောင်ရင်းအနာဂတ်တွင် Vodafone ၏ ဈေးကွက်များတွင် OPPO ထုတ်ကုန်များရရှိနိုင်မှုကိုတိုးချဲ့နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။
“OPPO ရဲ့ ဈေးကွက်မှာဦးဆောင်နေတဲ့ ထုတ်ကုန်တွေနဲ့ နည်းပညာတွေက 5G ခေတ်မှာ Vodafone အတွက် အခွင့်အရေးအသစ်တွေယူဆောင်လာပေးမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် Vodafone ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “ပိုမိုကောင်းမွန်သောအနာဂတ်အတွက် ဆက်သွယ်ခြင်း” ဆိုတာဟာ OPPO Benfenရဲ့ “လုပ်သင့်သောအလုပ်ကိုလုပ်ကိုင်ရင်းကောင်းမွန်သောတန်ဖိုးတို့ကိုသာသုံးစွဲသူထံပေးရန်” ဆိုတဲ့ တန်ဖိုးထားတဲ့အချက်နှင့် ကိုက်ညီမှုရှိနေပါတယ်။ 5G ခေတ်မှာ Vodafone နဲ့အတူနှစ်ဦးအကျိုးတူဆက်ဆံရေးကိုပိုမိုခိုင်မြဲအောင် ဆောင်ရွက်ရင်းသုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်” OPPO ၏ ဥက္ကဌနှင့် နိုင်ငံတကာအရောင်းဌာန၏ ဒုဥက္ကဌဖြစ်သူ Mr.Alen Wu က ဟုပြောကြားသည်။

Photo Source https://www.facebook.com/oppomyanmar/

“OPPO ရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်တွေနဲ့ Vodafone ရဲ့ ခေတ်ရှေ့ပြေးတဲ့ Network တို့ ပူးပေါင်းမှုကသုံးစွဲသူတွေအတွက် 5G ရဲ့ စွမ်းဆောင်မှုအပြည့်အဝနဲ့အတူရွေးချယ်စရာတွေပိုများလာမှာပါ။ Vodafone နဲ့ OPPO တို့ ပူးပေါင်းခြင်းက OPPO ရဲ့ စွဲမက်ဖွယ် ထုတ်ကုန် ပစ္စည်းများနဲ့ ကျွန်တော်တို့ရဲ့ 5G ပိုင်းစွမ်းဆောင်ရည်အားတို့ကို ကျွန်တော်တို့ရဲ့ ဥရောပဈေးကွက်ကိုကျော်လွန်ပြီးနေရာအနှံကိုရောက်ရှိစေမှာပါ” ဟု Vodafone ၏ စီးပွား‌ရေးစီမံခန့်ခွဲမှုနှင့် မဟာဗျူဟာ ဌာနဥက္ကဌ Mr.AhmedEssam က ပြောကြားခဲ့သည်။
OPPO သည် ကုန်ပစ္စည်းများကိုကိုယ်ပိုင်စက်ရုံများတွင် အဓိကထုတ်လုပ်လျက်ရှိပြီး ကုန်ထုတ်လုပ်သောစက်ရုံအများစုမှာ ပုံမှန်အတိုင်းလည်ပတ်နေပြီဖြစ်သောကြောင့် Coronavirus ဖြစ်ပွားချိန်တွင်ပင် Vodafone အတွက် ထုတ်ကုန်များ ဆက်လက်ပံ့ပိုးပေးနိုင်ပြီးလုပ်ငန်းကိုဆက်လက်လည်ပတ်နိုင်စေသည်။ ယခုအရောင်းဆိုင်များခေတ္တနားထားသည့်အတွက် ကုမ္ပဏီနှစ်ခုလုံးမှ အွန်လိုင်းမှရောင်းချခြင်းဖြင့် သုံးစွဲသူတို့အတွက် ဝန်ဆောင်မှုများ‌ပေးလျက်ရှိသည်။ အရောင်းဆိုင် များပြန်လည် ဖွင့်လှစ်ချိန်တွင် OPPO သည် Vodafone နှင့်အတူအရောင်းဝန်ထမ်းများနှင့် ဝယ်ယူအားပေးသူများ၏ ဘေးကင်းကျန်းမာရေးအတွက် အထူးအလေးပေးလုပ်ဆောင်သွားမည်ဖြစ်သည်။
မေလမှ စ၍ OPPO ၏ ထုတ်ကုန် Series များကို Vodafone မှ တစ်ဆင့် ဂျာမနီ၊ ယူကေ၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ တူရကီနှင့် နယ်သာလန်နိုင်ငံများတွင် စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ အခြားနိုင်ငံများအတွက် ကုန်ပစ္စည်းရရှိနိုင်မှုနှင့် ပတ်သက်၍ OPPO နှင့် Vodafone တို့မှ ထပ်မံကြေညာသွားမည်ဖြစ်သည်။
OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သောနည်းပညာများ၏ ပေါင်းစပ်မှုကိုရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာယနေ့အခါတွင် Find X နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစားစုံလင်သည့် smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့်
Vodafone Group သည် သုံးစွဲသူများနှင့် အဖွဲ့အစည်းများကို ဒီဂျစ်တယ်လူ့အဖွဲ့အစည်းအမျိုးမျိုးနှင့် ဆက်သွယ်ပေးလျက်ရှိသော ကမ္ဘာ့ရှေ့ဆောင်နည်းပညာဆက်သွယ်ရေးပံ့ပိုးသူများထဲမှ တစ်ခုဖြစ်သည်။ Vodafone Group သည် ဆက်သွယ်မှု၊ ပေါင်းစည်းတွေ့ဆုံမှုနှင့် အင်တာနက်ဆိုင်ရာကိစ္စများတွင် အတွေ့အကြုံများစွာရှိပြီး မိုဘိုင်းငွေကြေးဝန်ဆောင်မှုများနှင့် တက်သစ်စဈေးကွက်များတွင် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းများတွင်လည်း ဦးဆောင် လျက်ရှိသည်။

Photo Source https://www.facebook.com/oppomyanmar/

Vodafone Group တွင် Mobile Operation ပိုင်းတွင် ဈေးကွက် ၂၂ ခု၊ Mobile Network များနှင့် ပူးပေါင်းလုပ်ဆောင်မှု ၄၂ ခုနှင့် Broadband Operation ပိုင်းတွင် ဈေးကွက် ၁၇ ခုတို့ ပိုင်ဆိုင်ထားသည်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့အထိ Vodafone Group တွင် ဥရောပမှ မိုဘိုလ်းဝယ်ယူသုံးစွဲသူ ၁၁၅ သန်း၊ Broadband ဝယ်ယူသုံးစွဲသူ ၂၅ သန်း၊ TV ဝယ်ယူသုံးစွဲသူ ၂၂ သန်း၊ အာဖရိကတွင် မိုဘိုလ်းဝယ်ယူသုံးစွဲသူ ၁၆၈ သန်း ၊ စုစုပေါင်းသုံးစွဲသူ ၃၆၂ သန်းရှိနေပြီဖြစ်သည်။
အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/oppomyanmar/