MPT4U App မှတစ်ဆင့် ဒေတာအခမဲ့ဖြင့် ဂိမ်းကစားနည်းများကို ရယူနိုင်ပြီဖြစ်ကြောင်း မိတ်ဆက်

MPT သည် MPT4U App ကို သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဒီဂျစ်တယ် ဖျော်ဖြေမှုများရရှိစေရန် အထူးဂိမ်းဝန်ဆောင်မှုကို ယနေ့တွင် မိတ်ဆက်ပေးခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် မြန်မာတစ်နိုင်ငံလုံးရှိ MPT သုံးစွဲသူများသည် မည်သည့်ဒေတာအခကြေးငွေမျှ ပေးဆောင်စရာမလိုဘဲ စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ်ရာများနှင့် ဆွဲမက်ဖွယ် ဂိမ်းကစားနည်းအတွေ့အကြုံများကို ရယူခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။ 

Photo Source https://www.mpt.com.mm/mm/
MPT သုံးစွဲသူများသည် MPT4U App ထဲသို့ အလွယ်တကူဝင်ရောက်ပြီး အခမဲ့ဂိမ်းများနှင့် ဝင်ကြေးပေးရသည့် ဂိမ်းများတွင် ပါဝင်ကစားနိုင်ပါသည်။ အခမဲ့ဂိမ်းများနှင့် ဝင်ကြေးပေးရသည့် ဂိမ်းများ၌ ဝင်ရောက်ကစား သူများသည် မိုဘိုင်းလ်ဒေတာအပိုဆုများနှင့် MPT ငွေဖြည့်ကုဒ်နံပါတ်များကဲ့သို့ အခြားသောဆုမဲပေါင်းများစွာကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်သည်။ ထို့အပြင် ဂိမ်းကစားသူများအနေဖြင့် ဂိမ်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ကစားသမားများ၏ ရမှတ်များပေါ်မူတည်၍ အဆင့်သတ်မှတ်ချက်အတိုင်း ဒေတာ၊ ဖုန်းခေါ်ဆိုခွင့်၊ စာတိုမက်ဆေ့ချ် (SMS) အစရှိသည့် ဆုများအပြင် ဖုန်း၊ ရွှေဒင်္ဂါးပြားများစသည့် ဆုလက်ဆောင်များ ကိုလည်း ရယူနိုင်မည် ဖြစ်သည်။
“မကြာသေးမီလတွေက ကျွန်တော်တို့ရဲ့သုံးစွဲသူတွေဟာ အိမ်ထဲမှာနေထိုင်ရတဲ့အချိန်မှာ ဂိမ်းကစားတာကို ဖျော်ဖြေမှုတစ်ခုအနေနဲ့ ပြောင်းလဲလာကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုနည်းလမ်းတွေကို သုံးစွဲသူတွေရဲ့ ပြောင်းလဲလာတဲ့ ကြိုက်နှစ်သက်မှု အပေါ်မှုတည်ပြီး လိုက်လျောညီထွေဖြစ်အောင် ပြန်လည် ပြင်ဆင်ရင်း သုံးစွဲသူတွေအတွက် ဒီဂျစ်တယ်အတွေ့အကြုံကောင်းတွေကို ပေးစွမ်းနိုင်ရန်ရည်ရွယ်ပြီး MPT4U App ကနေတစ်ဆင့် အသစ်ထပ်မံ ဆန်းသစ်ထားတဲ့ ဂိမ်းဝန်ဆောင်မှုကို မိတ်ဆက်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအားလုံး ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဂိမ်းဝန်ဆောင်မှုအသစ်ကို ရယူခံစားနိုင်ဖို့ MPT4U App ကို အခုပဲ ဒေါင်းလုတ်ရယူကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု MPT-KSGM JO စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားခသည်။“
MPT4U App သည် MPT သုံးစွဲသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ လက်ရှိတွင် MPT4U App သုံးစွဲသူ (၁၄) သန်းကျော်သည် အောက်ပါအချက်များအပါအဝင် ဒေတာဖိုးကုန်ကျစရာ မလိုဘဲ အကျိုး ကျေးဇူးကိုရရှိခံစားနိုင်ပြီဖြစ်သည်။ 

Photo Source https://www.mpt.com.mm/mm/
ဝယ်ယူထားသည့် packages များမှ ငွေလက်ကျန်နှင့် အသုံးပြုမှုများကို စစ်ဆေးခြင်း၊ ငွေဖြည့်ခြင်းနှင့် လက်ကျန်ငွေလွှဲပြောင်းခြင်း၊ Voice Pack ၊ Data Pack ဝယ်ယူပြီး Tariff Plan ပြောင်းလဲခြင်း၊ ‘ယူထား’ ဝန်ဆောင်မှု (လက်ကျန်ချေးငွေဝန်ဆောင်မှု)၊ ‘ထိပေါက်’ကံစမ်းမဲအစီအစဉ်
MPT သုံးစွဲသူများအနေဖြင့် MPT4U App ကို *4040# သို့ခေါ်ဆိုကာ ဒေါင်းလုတ်ရယူနိုင်သည့် အပြင် iOS နှင့် Android ဗားရှင်းများအတွက် MPT4Ufree လင့်မှလည်း တိုက်ရိုက်ရှာဖွေကာ ရယူနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည်။