စတင်ဝယ်ယူနိုင်ပြီဖြစ်တဲ့ “ဓာတ်ပုံဆိုအလန်း ဂိမ်းဆိုအကြမ်း” realme 7i

realme 7i ကို Online Launch Event ကနေ နိုဝင်ဘာလ ၂၆ ရက်နေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ realme ရဲ့ Dare to Leap ဆိုတဲ့ ခေါင်းစဉ်အတိုင်း အသစ်အသစ်သော လုပ်ဆောင်မှုတွေကိုလည်း realme 7i ကယူဆောင်လာပေး နေပြီ ဖြစ်ပါတယ်။

realme 7i ကို “ဓာတ်ပုံဆိုလန်းလန်း ဂိမ်းဆိုအကြမ်း” ဆိုတဲ့အတိုင်း ရှေ့ဖက်ကင်မရာမှာ ပါဝင်တဲ့ 64 MP AI Quad Camera နဲ့ နေ့ပဲဖြစ်ဖြစ်၊ ညပဲဖြစ်ဖြစ်၊ ဘယ်အချိန်မဆို အရောင်အသွေးစုံလင်ပြီး တိကျကောင်းမွန်တဲ့ ပုံရိမ်တွေကို ရိုက်ကူးပုံဖော်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရာဂိမ်းတွေကို အကောင်းမွန်ဆုံးဆော့ကစားနိုင်ဖို့အတွက် Snapdragon 662 SoC ကိုတပ်ဆင် အသုံးပြုပေးထားပါတယ်။ 

Photo source https://www.facebook.com/realmeMyanmar

အသုံးပြုမှုတိုင်းကလည်း လျင်မြန်သွက်လက်နေစေဖို့အတွက် 90Hz Ultra Smooth Display ကိုအသုံးပြုပေးထားပြီးတော့ ရုပ်ရှင်ပဲကြည့်ကြည့်၊ ဂိမ်းပဲဆော့ဆော့ ကြိုက်နှစ်သက်ရာကို ကြိုက်သလို အချိန်ကြာြမင့်စွာ သုံးနိုင်ဖို့ကလည်း 5000 mAh ဘက်ထရီ ကို တပ်ဆင်ပေးထားတဲ့ အပြင် 18W Quick Charger နဲ့လည်း ထောက်ပံ့ ပေးထားပါသေးတယ်။

ဖုန်းရဲ့ Storage ပိုင်းမှာလည်း အချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ သီချင်းတွေ၊ ဗီဒီယိုတွေ၊ ဂိမ်းတွေသိမ်းဆည်းထားနိုင်ဖို့ 128 GB ထိထောက်ပံ့ပေးထားပြီးတော့ 8GB RAM လည်းပါဝင်တဲ့အတွက် အသုံးပြုရသွက်လက် မြန်ဆန်နေမှာ ဖြစ်ပါတယ်။

realme 7i မှာတော့ ကမ္ဘာ့အအေးဆုံး ဝင်ရိုးစွန်းဒေသတွေရဲ့ အေးမြတဲ့အငွေ့အသက်တွေ လွှမ်းမိုးပြီး တည်ငြိမ်အေးချမ်းတဲ့ ခံစားမှု အရသာအသစ်ကို ပေးစွမ်းနိုင်တဲ့ Polar Blue နဲ့ Norhern Lights လို အံ့ဩဖွယ်ရာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရောင်စဉ်အလင်းတန်းရဲ့ အရောင် ငြိမ်းချမ်းခြင်းနဲ့ လှပခြင်း အသွင်ကိုဆောင်တဲ့ Aurora Green အရောင်နှစ်ရောင်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကောင်းတွေ ပြည့်နက်နေတဲ့ အရောင်ပေါင်းစပ်မှုတွေ အပြင် သေသပ်လှပစွာ တည်ဆောက်ထားပြီး လုပ်ဆောင်ချက် မြန်ဆန်ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးဆိုရင်လည်း မမှားပါဘူး။ 

Photo source https://www.facebook.com/realmeMyanmar

“ဓာတ်ပုံဆိုအလန်း၊ ဂိမ်းဆိုအကြမ်း” realme 7i ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ realme အရောင်းကောင်တာရှိတဲ့ ဖုန်းအရောင်းဆိုင်တွေမှဦ မြန်မာ‌ငွေ 309,900Ks နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ realme 7i (8GB + 128GB) ဝယ်ယူသူများအနေနဲ့ မေတ္တာလက်ဆောင်အဖြစ် realme Gift Box နဲ့အတူ Mytel Bundles (Up to 10GB + 1000 On-Net Min) တို့ ရရှိမှာ ဖြစ်ပါတယ်။