သင့်တင့်သော ဈေးနှုန်း၊ စွဲမက်ဖွယ် ဒီဇိုင်းနှင့်အဆင့်မြှင့်တင်ထားသည့် Samsung Galaxy M 11 စမတ်ဖုန်း

M Series စမတ်ဖုန်းဖြစ်သော Galaxy M11 တွင် နောက်ဆုံးပေါ် စွဲမက်ဖွယ်ဒီဇိုင်း၊ အဆင့်မြင့် ကျောဖက်ကင်မရာ ၃ လုံး၊ ကြာရှည်ခံ 5000 mAh ဘက်ထရီနှင့် အရည်အသွေးမြင့် ၆.၄” Infinity-O မျက်နှာပြင်များ ပါရှိသည့်အတွက် သုံးစွဲသူများ အနေနှင့် ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝ အခိုက်အတန့်တိုင်းတွင် အရည်အသွေးမြင့် မိုဘိုင်းဖုန်း အသုံးပြုမှု အတွေ့အကြုံများအား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။
“မတူညီတဲ့ သုံးစွဲသူတိုင်းအတွက် အကောင်းဆုံး မိုဘိုင်းဖုန်းသုံးစွဲမှု အတွေ့အကြုံကို ယူဆောင်လာပေးချင်တဲ့ အတွက် ကျွန်တော်တို့ Samsung အနေနဲ့ လူတိုင်းရဲ့ နေ့စဉ် နေထိုင်မှုဘဝမှာ အကိုက်ညီအဆင်ပြေဆုံး ထုတ်ကုန်တွေကို အမြဲတမ်းတီထွင်ထုတ်လုပ်ပေးနေပါတယ်။ဒါကြောင့်လည်း အခုလိုနောက်ဆုံးပေါ် Galaxy M Series စမတ်ဖုန်းသစ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်ရခြင်းဖြစ်ပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပြီး သင့်တင့်တဲ့ နှုန်းထားနဲ့ ရရှိပိုင်ဆိုင်သွားနိုင်မယ့် ဒီစမတ်ဖုန်းသစ်ကို မြန်မာနိုင်ငံက သုံးစွဲသူတွေ ကြိုက်နှစ်သက်ပြီး စိတ်တိုင်းကျလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက် က ပြောကြားသည်။

Photo Source http://news.samsung.com

Galaxy M11 စမတ်ဖုန်းအသစ်တွင် ၆.၄” Infinity-O မျက်နှာပြင် ပါရှိပြီး သေးငယ်သော pin-hole ကင်မရာအား လက်ဝဲဘက် မျက်နှာပြင်ထိပ်တွင် ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများအနေနှင့် ကြီးမားကျယ်ပြန့်သော မျက်နှာပြင်တွင် အဆင့်မြင့် ရုပ်ထွက်အရည်အသွေးရှိ ပုံရိပ်များကို အနှောင့်အယှက် အနည်းဆုံးနှင့် ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ ထို့အပြင် ဖုန်း၏ ကိုယ်ထည်ကိုလည်း အသေးစိတ် သေသပ်ကျနစွာ တည်ဆောက်ထားသည့် အတွက် သုံးစွဲသူများ အနေနှင့် ကိုင်တွယ်အသုံးပြုရာတွင် သက်ဆောင့်သက်သာရှိမှု အပြည့်အဝ ရရှိစေမည် ဖြစ်သည်။ အလားတူပင် ဖျော်ဖြေရေးအစီအစဉ်များ ကြည့်ရှုရာတွင် ဖြစ်စေ၊ ဂိမ်းကစားရာတွင် ဖြစ်စေ အကောင်းမွန်ဆုံးသော အသုံးပြုမှု အတွေ့အကြုံများအား ရရှိခံစားနိုင်ရန် အတွက် Galaxy M11 စမတ်ဖုန်းတွင် 3GB RAM / 32GB ROM၊ ကျောဖက် လက်ဗွေရာစနစ်သာမက မျက်နှာပြင်ဖတ်ရှုလုံခြုံရေးစနစ်တို့အပြင် အရည်အသွေးမြင့် Dolby Atmos အသံစနစ်များကိုလည်း ထည့်သွင်း တည်ဆောက် ထားသည်။
Galaxy M11 တွင် အဆင့်မြင့် ကျောဖက်ကင်မရာ ၃လုံး (13 MP wide camera + 5 MP ultra-wide camera + 2 MP depth camera) နှင့် 8 MP Selfie camera များ ပါဝင်လာသည့်အတွက် သုံးစွဲသူများ အနေနှင့် အကောင်းမွန်ဆုံး ကင်မရာရိုက်ကူးမှု အတွေ့အကြုံများအား ရရှိခံစားသွားနိုင်မည်ဖြစ်ကာ ၎င်းတို့၏ နေ့စဉ်ဘဝများတွင် အရေးအပါဆုံးသော အခိုက်အတန့်များအား ကြည်လင်ပြတ်သားသော အရည်အသွေးမြင့် ပုံရိပ်များ၊ ဗီဒီယိုများ အဖြစ် ရိုက်ကူးသိမ်းဆည်းထားနိုင်မည် ဖြစ်သည်။

Photo Source http://news.samsung.com
တန်ဖိုးသင့် စမတ်ဖုန်းတစ်လုံးအဖြစ် ထွက်ရှိလာသော်လည်း Galaxy M11 စမတ်ဖုန်းတွင် ကြာရှည်ခံ 5000 mAh ဘက်ထရီနှင့် 15W fast charging စနစ်များ ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများ အနေနှင့် တစ်စုံတစ်ရာ စိတ်ပူစရာမရှိပဲ ၎င်းတို့၏ တစ်နေ့တာ လုပ်ငန်းဆောင်တာများအား အဆင်ပြေလွယ်ကူမှု အပြည့်ဖြင့် ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။
Galaxy M11 စမတ်ဖုန်းသစ်အား မြန်မာနိုင်ငံ ဈေးကွက်တွင် မြန်မာငွေကျပ် ၂၀၉,၀၀၀ ဖြင့် ရောင်းချပေးနေပြီ ဖြစ်ပြီး အနက်ရောင်နှင့် အပြာရောင် အရောင် ၂ မျိုးအနက် ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူသွားနိုင်မည် ဖြစ်သည်။
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။
ပိုမိုပြည့်စုံစွာသိရှိနိုင်လိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://news.samsung.com