Programmatic နည်းပညာဆိုင်ရာကြော်ငြာများကိုဝန်ဆောင်မှုပေးနိုင်မည့် ပထမဦးဆုံး ပြည်တွင်း DKMads လုပ်ငန်းစတင်

မြန်မာနိုင်ငံအတွင်း Programmatic နည်းပညာဆိုင်ရာကြော်ငြာများအား ပြည်တွင်း B2B စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် DKMads မှ စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါ DKMads ကုမ္ဗဏီမှ programmatic နည်းပညာဆိုင်ရာ ကြော်ငြာ များနှင့်စပ်လျဉ်း၍ ဝန်ဆောင်မှုများ စတင်ရရှိကြောင်း မိတ်ဆက်ပွဲ အခမ်းအနားအား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

Photo Source – https://www.facebook.com/dkmadsprogrammatic/

DKMads Programmatic ပလက်ဖောင်းသည် ကြော်ငြာများအား မည်သည့်နေရာ မည်သည့်အချိန်တွင်မဆို ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် ကြော်ငြာ exchange များမှ တဆင့် မိမိတို့၏ကုန်ပစ္စည်းများကို အမှန်တကယ် သုံးစွဲလာနိုင်ချေရှိ သောသူများ အသုံးပြုသည့် အက်ပလီကေးရှင်းများ၊ ဂိမ်းများ၊ ဝက်ဆိုဒ်များအစရှိသော နေရာများတွင် ကြော်ငြာများကို လိုက်လံကာ ပြသပေးခြင်းဖြစ်ကြောင်းလည်းသိရသည်။ အခြားသော Programmatic ပလက်ဖောင်းများနှင့် မတူညီသည့် DKMads ၏ အားသာချက်မှာ အရည်အသွေးနည်းပါးသည့် traffic နှင့် အရည်အသွေး ကောင်းမွန်သည့် traffic ဟူ၍ နှစ်မျိုး ရွေးချယ်နိုင်မည်ဖြစ်ပြီး Programmatic Platform သည် သန်းပေါင်းများစွာသော ဝက်ဆိုဒ်များ ၊ အက်ပလီကေးရှင်းများ၊ မိုဘိုင်းဂိမ်းများနှင့်ချိတ်ဆက်ထားရှိသောကြောင့် ၎င်းတို့၏အရည်အသွေး အနိမ့်အမြင့် သတ်မှတ်ခြင်းတို့အား DKMads ဆာဗာ အတွင်းရှိဒေတာများထဲတွင် မှတ်တမ်းများဖြင့် သိမ်းဆည်းထားရှိမည်လည်းဖြစ်သည်။

Photo Source – https://dkmads.com/

“တစ်နေ့ထက်တစ်နေ့ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အင်တာနက်သုံးတဲ့သူတွေက ပိုခေတ်မှီလာတယ်။ အရင်တုန်းကဆိုရင် ဆိုရှယ်မီဒီယာတွေကိုပဲ သုံးနေရာကနေ အခုဆိုရင် အက်ပလီကေးရှင်းတွေကိုလဲ တွင်ကျယ်စွာအသုံးပြုလာကြတဲ့အပြင် ဖျော် ဖြေရေး Application တွေဖြစ်တဲ့ YouTube, Tik Tok နဲ့ Joox တို့ ကနေပြီးတော့ ဗီဒီယိုကြည့်တာတွေ သီချင်းနားထောင် တာတွေနဲ့ နေ့စဉ်ဘဝမှာ လိုအပ်တာတွေကိုလည်း ရှာဖွေလေ့လာလာကြပါတယ်။ ဒီလိုမျိုးသုံးတဲ့သူတွေကိုလည်း ကြော်ငြာ ရှင်တွေရဲ့ကုန်ပစ္စည်းတွေကို ပြသဖို့လစ်ဟာ မသွားစေချင်ဘူး။ ဒါတွေအကောင်းဆုံးဖြေရှင်းပေးနိုင်ဖို့နဲ့ ကြော်ငြာရှင်တွေရဲ့ ကုန်ပစ္စည်းတွေကို ထိထိရောက်ရောက် ကြော်ငြာပြသပေးနိုင်ဖို့လည်းရည်ရွယ်ပြီး DKMads ကိုစတင်တည်ထောင်ခဲ့တာပါ” ဟု DKMads ကုမ္ဗဏီ၏ Founder ဖြစ်သူ ဦးကျော်ရဲပိုင်မှ ပြောကြားသည်။
Brand Safety နှင့် Viewability ဟူသော အချက်နှစ်ချက်ကို DKMads Programmatic မှ အဓိကထား ဆောင်ရွက်ပေး သွားမည်ဖြစ်ကာ ထုတ်ကုန်ပစ္စည်းများအား လုံခြုံစိတ်ချစွာ ကြော်ငြာပြသနိုင်ရေးအတွက် ၎င်းထုတ်ကုန်ပစ္စည်းနှင့်ဆီလျော် ကိုက်ညီမှုမရှိသည့်မသင့်လျော်သော ဝက်ဆိုဒ် နေရာများတွင် ပေါ်ပေါက်ခြင်း များကို ဂရုပြုဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အလျောက် viewability အားလည်း ပိုမိုဦးစားပေးဆောင်ရွက်သွားနိုင်ရန် ရည်မှန်းထားရှိကြောင်းလည်းသိရသည်။

Photo Source – https://dkmads.com/

Programmatic display ads, Rich media, Video ads, Search ads, Native ads နှင့် Rewarded ads အစရှိသည်တို့ကို DKMads မှဝန်ဆောင်ပေးလျက်ရှိသည့်အပြင် အခြားသောကြော်ငြာအမျိုးအစားပေါင်းများစွာကိုလည်း အနာဂတ်တွင်ပေး ဆောင်သွားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်းသိရသည်။ ကြော်ငြာများတွင် ကြည့်ရှုမှုနှုန်းနှင့် ကျသင့်ငွေ အစရှိသည့် ဒေတာ အချက်အလက်များအား ကြော်ငြာရှင်များထံသို့ Real time report ဖြင့် ပြသပေးသွားမည်ဖြစ်ကာ ရလဒ်ပေါ် မူတည်၍ ကြော်ငြာရှင်များမှ မိမိတို့၏ထုတ်ကုန်ပစ္စည်းအား ကြော်ငြာပြသခြင်းနည်းဗျုဟာများကိုလည်း ပိုမိုထိရောက်သောနည်းလမ်း များဖြင့် ပြုပြင်ပြောင်းလဲနိုင်မည်လည်းဖြစ်သည်။
“ကြော်ငြာတွေကို ဆိုရှယ်မီဒီယာတစ်ခုထဲကိုပဲဦးစားပေး အသုံးပြုတာထက် အခြား လူသုံးများတဲ့ ပလက်ဖောင်းတွေကနေ လည်း ထိထိရောက်ရောက် ကြော်ငြာပေးသွားနိုင်ဖို့လုပ်ဆောင် ပေးသွားမှာပါ။ သမာရိုးကျနည်းလမ်း တွေကနေခွဲထွက်ပြီးတော့ ကြော်ငြာရှင်တွေရဲ့ကုန်ပစ္စည်းတွေကို အခြားပလက်ဖောင်းတွေကနေတဆင့် ကြော်ငြာလိုက်မယ်ဆိုရင် သုံးစွဲသူတွေရဲ့ ယုံကြည် မှုကို ပိုပြီးရလာမယ်။ နေရာတစ်ခုတည်းကမဟုတ်ပဲ အခြားနေရာတွေကနေလည်း မြင်နေကြ ထုတ်ကုန်ပစ္စည်းဖြစ်တာကြောင့် ယုံကြည်မှုပိုပြီးရမယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာ အပြင် DKMads ကနေပြီးတော့ အခြား သန်းပေါင်းများစွာရှိတဲ့ ဒီဂျစ်တယ် placement တွေဖြစ်တဲ့ (application, games, youtube, search engine) တွေ စတဲ့ execution တွေမှာပါ ကိုယ်လိုချင်တဲ့ audience တွေကို စိတ်ကြိုက် ရွေးချယ်ပြီး ကြော်ငြာလုပ်ပေးနိုင်တဲ့ ပလက်ဖောင်းတစ်ခုကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ” ဟု ဦးကျော်ရဲပိုင်မှဆက်လက်ပြောကြားသည်။

Photo Source – https://dkmads.com/

လာမည့်နှစ်များတွင် ပြည်တွင်းသတင်း မီဒီယာများနှင့်ချိတ်ဆက်ကာ ၎င်းတို့၏ ဝက်ဆိုဒ် အသီးသီး၌ DKMads ရဲ့ SSP (Supply Size Platform) ကို အသုံးပြု၍ ကြော်ငြာများ ပါဝင်ထည့်သွင်းနိုင်ရေး အတွက်လုပ်ဆောင် ပေးသွားနိုင်ရန်မျှော်မှန်းထားပြီး လတ်တလောတွင် DMP (Data Management Platform) ဆာဗာအား စတင်ပြုလုပ်လျက်ရှိပြီး သုံးစွဲသူတို့၏ဒေတာ အချက်အလက်များ စုံလင်လာပါက အရှေ့တောင်အာရှအတွင်းခြေဆန့်ကာ လုပ်ငန်းချဲ့ထွင်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း လည်းသိရသည်။ DKMads သည် Programmatic နည်းပညာဆိုင်ရာကြော်ငြာ ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးလျက် ရှိ သည့် ပထမဦးဆုံးသော မြန်မာနိုင်ငံသားပိုင် B2B စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်သည်။
DKMads ကုမ္ဗဏီနှင့်၎င်း၏ ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ကုမ္ပဏီ၏ တရားဝင် ဝက်ဘ်ဆိုဒ်ဖြစ်သော https://dkmads.com/ သို့မဟုတ် Facebook account ဖြစ်သည့် https://www.facebook.com/dkmadsprogrammatic/ တွင်ဝင်ရောက် ကြည့်ရှုနိုင်ပြီး ဖုန်းနံပါတ် ဝ၉ -၂၆၁ဝဝ၂၅၅၉ ၊ ဝ၉ – ၄၂၅၆၃၉ ၂၈၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။