ကားလက်မှတ်တွေကို အလွယ်တကူ ဝယ်ယူ/ရောင်းချနိုင်တဲ့ Star Ticket Online Service

တစ်ခါတစ်လေ အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ မိသားစုကိစ္စကြောင့်ဖြစ်စေ၊ အလည်အပတ်ခရီးပဲဖြစ်စေ သွားရတော့မယ်ဆိုရင် ကားလက်မှတ်ဝယ်ယူရတာကလည်း တာဝန်ကြီးတစ်ခုလိုဖြစ်နေတတ်ပါတယ်။တချို့က လူကိုယ်တိုင်သွားမဝယ်ပဲ ဖုန်းဆက် Booking လုပ်ထားတတ်ကြပေမယ့် စီးချင်တဲ့ကားနဲ့ခုံနေရာက စိတ်တိုင်းမကျတဲ့အခါမျိုးတွေလည်း ဖြစ်တတ်ကြပြန်ပါတယ်။ ဒီနေ့ခေတ်အတွက်တော့ အွန်လိုင်းအသုံးပြုပြီးရယူနိုင်တဲ့ ဝန်ဆောင်မှုတွေထဲမှာ ပစ္စည်းဝယ်ယူတာတွေအပြင် ကားလက် မှတ်နဲ့အခြားလိုအပ်ချက်တွေကို ရယူနိုင်လာတာတစ်ခုကလည်း အားသာချက်တစ်ခုပါပဲ။ အဲ့ဒါကြောင့်လည်း အချို့က ကား လက်မှတ်နဲ့အခြားလိုအပ်ချက်တွေအတွက် လွယ်ကူမြန်ဆန်တဲ့အွန်လိုင်းဝန်ဆောင်မှုတွေကို ဦးစားပေးအသုံးပြုကြပါတယ်။

Photo Source – https://www.facebook.com/starmyanmarbusticket/?epa=SEARCH_BOX

ကားလက်မှတ်တွေကို အွန်လိုင်းကနေအလွယ်တကူအသုံးပြုဝယ်ယူတဲ့အခါမှာလည်း အင်တာနက်နဲ့အင်္ဂလိပ်ဘာသာစကား ကို နားလည်အသုံးပြုတတ်တဲ့သူတွေအဖို့တော့ လွယ်ကူနိုင်ပေမယ့် မကျွမ်းကျင်တဲ့သူတွေအတွက်တော့ အခက်အခဲတွေ ဖြစ်တတ်ကြပါသေးတယ်။ အဲ့ဒါကြောင့်လည်း အချို့ Online ဝန်ဆောင်မှုလုပ်ငန်းတွေက မြန်မာဘာသာစကားနဲ့အင်္ဂလိပ် ဘာသာစကား နှစ်မျိုးနဲ့အသုံးပြုဝန်ဆောင်မှုပေးကြပါတယ်။ ခုဖော်ပြတဲ့ Star Ticket Online ဝန်ဆောင်မှုကတော့ မြန်မာ -အင်္ဂလိပ် နှစ်ဘာသာနဲ့ဖော်ပြထားသလို ကားလက်မှတ် Booking ပြုလုပ်တဲ့အခါမှာလည်း အသုံးပြုရလွယ်ကူအောင် ပြုလုပ် ထားပါတယ်။ Star Ticket Myanmar ကလည်း အဝေးပြေးကားလက်မှတ်များကို Online မှရောင်းချပေးသော ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်ပါသည်။ City Express၊ ABC Convenience Stores၊G&G Shop (24 hours ဆိုင်အချို့တွင်) လည်းရနိုင်မှာ လည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/starmyanmarbusticket/?epa=SEARCH_BOX

အရင်းအနှီးနည်းနည်းနဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ချင်တဲ့သူတွေအတွက်လည်း Star Ticket Myanmar နဲ့ချိတ်ဆက် ဆက်သွယ်နိုင်ပါတယ်။ Star Ticket ရဲ့ Bus Ticketing System နဲ့ပူးပေါင်းပြီး Tablet၊ Mobile ဖုန်းများဖြင့် အဝေးပြေး ကားလက်မှတ်များကို ရောင်းချ၊ ဝယ်ယူကာအကျိုးအမြတ်များရယူနိုင်မှာလည်းဖြစ်ပါတယ်။ ကားဂိတ်ပေါင်း (၅၀) ကျော်မှ ကားလက်မှတ်တွေကို ရောင်းချ၊ ဝယ်ယူနိုင်ပါတယ်။ အဝေးပြေးကားလက်မှတ်များကိုရောင်းချ၊ ဝယ်ယူဖို့အတွက် Mobile Application လေးတစ်ခုပေးမှာဖြစ်ပါတယ်။

Photo Source – https://www.starticket.com.mm/

Apple Device များဖြစ်ပါက Browser ဖြင့်ရောင်းချနိုင်ပါတယ်။ ပိုက်ဆံကို AYA Bank မှာသွင်းရမှာလည်းဖြစ်ပါတယ်။ Mobile application နှင့် Website မှာ ကားလက်မှတ်ဖြတ်ရန် ပေးသွင်းငွေလက်ကျန် ရှိပါကရောင်းချ၊ ဝယ်ယူလို့ရပါတယ်။ ၄ ရာခိုင်နှုန်း Agent Fees ရမည်ဖြစ်ပါတယ်။ ထည့်သွင်းထားတဲ့ ကျပ်တစ်သိန်းထဲမှ ကားလက်မှတ်ဖိုးတွေကို ဖြတ်သွား မှာဖြစ်ပါတယ်။ ဖုန်းငွေဖြည့်ကဒ် အသုံးပြုသလိုမျိုးဖြစ်ပြီး ကျပ်တစ်သောင်း ဆိုပါက (၉၆၀၀) ကျပ်ပေးချေရပြီး ၄ ရာခိုင်နှုန်း ရရှိမှာ ပဲဖြစ်ပါတယ်။

Photo Source – https://www.starticket.com.mm/

ကားလက်မှတ်ဝယ်ယူလိုသူတွေအတွက် Star Ticket Website ကို ဝင်ရောက်ပြီးပြီ မိမိတည်နေရာမြို့ကနေ အခြားသွား ချင်တဲ့နေရာတစ်ခုကို ဦးစွာရွေးချယ် ရမှာလည်းဖြစ်ပါတယ်။ သွားရောက်လိုတဲ့ရက်စွဲကို ဖြည့်စွတ်ပြီးတာနဲ့ Search Bus ကို နိုပ်ပြီး သွားရောက်လို့ရတဲ့ကားအမျိုး အစားပေါင်းများစွာကို ကြည့်ရှုပြီး Booking ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ သွားရောက် လို့ရနိုင်တဲ့ကားအမျိုးအစားပေါင်းများစွာ ကိုဖော်ပြထားသလို ခုံနေရာ၊ ဈေးနှုန်းနဲ့အချိန်ကိုပါအသေးစိတ်ဖော်ပြပေးထားပါ တယ်။ Booking ပြလုပ်လိုသူများအနေဖြင့် လည်း Book Now ကိုနိုပ်ပြီး အသေးစိတ်အချက်လက်များကို ဖြည့်စွက် အကောင့်ဖွင့်လှစ်ပြီးBooking ပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/starmyanmarbusticket/?epa=SEARCH_BOX

ရွေးချယ်ဝယ်ယူနိုင်တဲ့ Bus Operators တွေကတော့ အာကာသ၊ Asia Dragon၊ Asia Express၊ အောင်ကျော်မိုး၊ အောင်ပြည့်စုံ၊ အောင်စစ်ခိုင်၊ အောင်ရတနာ၊ အောင်ဇေယျ၊ အောင်လံမိုး၊ ဧရာဝတီ၊ အေးချမ်းမောင်၊ ပုဂံမင်းမင်းသား၊ ချင်း တောင်တန်း၊ တို့ဒီနောင်၊ Elite၊ Famous၊ GI Group၊ Golden Star၊ High Class၊ ထက်အောင်လင်း၊ JJ Express၊ ကောင်း ကင်၊ ခိုင်မန္တလေး၊ ကြယ်စင်ဟိန်း၊ လမင်းတစ်ထောင်၊ လင်းထက်ကြယ်၊ Lumbini၊ မန်းသစ္စာ၊ မိုးထက်အာကာ၊ Monywar Thu၊ Mya Thara Fu၊ မြရတနာ၊ မြတ်မန္တလာထွန်း၊ မြင့်၊ မြင့်မိုရ်မြန်မာ၊ မျိုးဆက်သစ်၊ နန်းထိုက်တော်ဝင်၊ နေကြယ်မင်း၊ နေ ကြာ၊ ငွေနှင်းမန္တလာ၊ Nyaung Oo Man၊ OK Express၊ ဘုန်းမြင့်ပိုင်၊ Power Five၊ ပွင့်သစ်စရတနာ၊ စေတမာန်၊ စိန်ဝင်းနှင့် ရောင်းရင်းများ၊ ရွှေချောင်းသာရွှေကျိုက်ထီးရိုး၊ ရွှေကချင်၊ ရွှေကိန္ဒရီ၊ ရွှေလွန်းပျံ၊ ရွှေမန်းမေ၊ ရွှေမန်းရတနာ၊ ရွှေမန္တလာ၊ ရွှေ မန္တလေး၊ ရွှေမြန်မာ၊ ရွှေမြစ်ဆုံ၊ Shwe Nat Thar၊ Shwe Pearl Thi၊ Shwe Phar Si၊ ရွှေပြည်စိုး၊ ရွှေပြည်သစ်၊ ရွှေစင်၊ ရွှေစင် စြင်္ကာ၊ ရွှေတောင်ရိုး၊ ရွှေတော်ဝင်၊ Shwe Wal Thu၊ ရွှေရာဇာ၊ Star Bus၊ Swan Group၊ Tala Mon၊ တက်လမ်း၊ တော်ဝင် မန္တလာ၊ သိန်းသန်းကျော်၊ သုခလမ်းညွှန်၊ တိုးရတနာ၊ ထွန်းတောက်၊ Win Express၊ ရာဇာအောင်၊ ရောင်နီထွန်း၊ ရဲအောင် လံ၊ ရဲသူအောင်၊ ရိုးရိုးလေး၊ ရိုးမရတနာ၊ ဇေယျာမြိုင်ကြီး၊ ဇေယျာရွှေပြည် စတဲ့ ကားအမျိုးအစားပေါင်းများစွာကို ရွေးချယ်ကြို တင် Booking ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.starticket.com.mm/