MPT အသုံးပြုသူများအတွက် 200GB အထိ ကံထူးခွင့်ရရှိမည့် Lucky Data အစီအစဉ်သစ်ကို မိတ်ဆက်

MPT အသုံးပြုသူများအနေဖြင့် ဒေတာကံထူးခွင့်များရရှိနိုင်မည့် Lucky Data ပရိုမိုးရှင်းအစီအစဉ်အသစ်တစ်ရပ်ကို ထပ်မံမိတ်ဆက်လိုက်ကြောင်းသိရသည်။
အဆိုပါအစီအစဉ်တွင် မိမိနှစ်သက်ရာ App များအတွက် အသုံးပြုနိုင်မည့် Data ပမာဏ အများအပြားကို MPT ၏ Lucky Data promotion တွင် ရယူနိုင်မည်ဖြစ်ပြီး Happy Friday promotion အပြင်အခြားနေ့များတွင်လည်း အသုံးပြုနိုင်မည် ဖြစ်သည့် ဒေတာအပိုဆောင်းခံစားခွင့်များကို ရရှိနိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.mpt.com.mm

Lucky Data ပရိုမိုးရှင်းအစီအစဉ်ကို MPT သုံးစွဲသူများ အလွယ်တကူ အသုံးပြုနိုင်ရန်အတွက် အရိုးရှင်းဆုံး စီစဉ်ပေးထားပြီး၊ ဇူလိုင် ၁၈ ရက်မှ စတင်၍ ထပ်မံမကြေညာခင်အချိန်အထိ Data Carry Pack ဝယ်ယူသူတိုင်းအတွက် 200GB အထိ ကံထူးခွင့်ရရှိမည်ဖြစ်သည်။ အဆိုပါအစီအစဉ်ကို MPT GSM/WCDMA အသုံးပြုသူတိုင်း ပါဝင်နိုင်မည်ဖြစ်ပြီး စိတ်ဝင်စားဖွယ် Data ဆုလက်ဆောင်များကို ရရှိကံထူးနိုင်ကြမည်ဖြစ်သည်။ Data Carry Pack အား ဝယ်ယူရန်အတွက် *777# ကို ခေါ်ဆိုပြီး၊ မိမိတို့နှစ်သက်ရာ ဒေတာပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် အပိုဆောင်းဒေတာများကို ရက်ပေါင်း ၃၀ အထိ သုံးစွဲနိုင်ပြီး ယခင်လက်ကျန်ရှိနေသည့် ဒေတာများကိုလည်း ပက်ကေ့ချ်သက်တမ်းအတိုင်း ဆက်လက်သယ်ဆောင်အသုံး ပြုနိုင်မည်လည်းဖြစ်သည်။ သုံးစွဲသူများအနေဖြင့် MPT4U app ကို အသုံးပြုပြီးလည်း အဆိုပါ ပက်ကေ့ချ်များကို ဝယ်ယူနိုင် သည်။
MPT အသုံးပြုသူများအနေဖြင့် မိမိ၏မိသားစုနှင့် မိတ်ဆွေများထံသို့ ဒေတာ လက်ဆောင်ပေးနိုင်ရန် *777# သို့မဟုတ် *106*2# သို့ ခေါ်ယူပြီး၊ မိမိပေးလိုသည့် ဒေတာပက်ကေ့ချ်အားရွေးချယ်ကာ အမှတ်စဉ် “2.Gift (သို့) 2. လက်ဆောင် ပေးမည်” ကို ရွေးချယ်ပြီး၊ လက်ဆောင်ပေးမည့် မိုဘိုင်းလ်နံပါတ်ကို ရိုက်နှိပ်ပြီး တခြားသူများကို လက်ဆောင်ပေးနိုင် မည်ဖြစ်သည်။ အသုံးပြုသူများ အနေဖြင့် မိမိတို့လိုအပ်သလောက် ဒေတာပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့် အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ကာ Lucky Data များကံထူးရန် အခွင့်အလမ်းပိုမိုရရှိနိုင်မည် ဖြစ်သည်။ ဝယ်ယူလိုက်သည့် ဒေတာပက်ကေ့ချ်များအတွက် ဒေတာပမာဏနှင့်သက်တမ်း ကို ပေါင်းစည်းအသုံးပြုနိုင်မည်ဖြစ်သော်လည်း Lucky Data ၏ အသုံးပြုနိုင်သည့် ဒေတာပမာဏနှင့် သက်တမ်းကို ပေါင်းစည်းအသုံးပြုနိုင်မည်မဟုတ်ပါ။ Lucky Data များကိုမူ ခုနှစ်ရက် အတွင်း အသုံးပြုနိုင်မည်လည်းဖြစ်သည်။
သောကြာနေ့များတွင် Data Carry Pack ဝယ်ယူသည့် MPT သုံးစွဲသူများအနေဖြင့် Happy Friday အပိုဆောင်းဒေတာ (MBs) များရရှိနိုင်မည်ဖြစ်သည့်အပြင် အခြားနေ့များတွင်လည်း 200GB အထိ ဒေတာကံထူးခွင့်များရရှိမည့် Lucky Data ပရိုမိုးရှင်းအစီအစဉ်ကိုလည်း ကံထူးရရှိနိုင်မည်ဖြစ်သည်။

Photo Source – https://www.mpt.com.mm

“အခုဆိုရင် မြန်မာနိုင်ငံသားတွေအတွက် ဒေတာပက်ကေ့ချ်တွေဟာ အထူးသဖြင့် အင်တာနက်ကို ပမာဏများများအသုံး ပြုနေကြတဲ့သူတွေအတွက် အရေးကြီးတဲ့ပြတင်းပေါက်တစ်ခုအနေနဲ့ အင်မတန်အရေးပါလာပါပြီ။ ကျွန်တော်တို့ အိမ်မှာ၊ ရုံး မှာ၊ ကျောင်းမှာ၊ စီးပွားရေးလုပ်ငန်းတွေမှာ၊ ဘယ်နေရာမှာမဆို ဒေတာ တွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို မောင်း နှင်နေကြတဲ့ အသက်သွေးကြောလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့် လည်း MPT အနေနဲ့ သုံးစွဲသူတွေကို စိတ် ကျေနပ်မှုရရှိစေနိုင်ဖို့နဲ့ ဒီအစီအစဉ်ကနေတစ်ဆင့် ပြီးပြည့်စုံတဲ့ ဒီဂျစ်တယ်လူမှုဘဝတွေကို အပြည့်အဝခံစားနိုင်စေဖို့နဲ့ သုံးစွဲ သူတွေ အကျိုးအမြတ်ပိုမိုရရှိစေဖို့ အခြားသောပရိုမိုးရှင်းတွေနဲ့ ပေါင်းစပ်ထားတာဖြစ်လို့ သုံးစွဲသူတွေအနေနဲ့ MPT ကို ရွေး ချယ်ရကျိုးနပ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ MPT အသုံးပြုသူအားလုံးကို ဒီ Lucky Data နဲ့ Happy Friday အစီအစဉ်ကို ရယူအသုံးပြုပြီးတော့ မိမိတို့ရဲ့ ဒီဂျစ်တယ်လူမှုဘဝတွေကို ပိုမိုကောင်းမွန်အောင်လုပ်ကြပါလို့ ဖိတ်ခေါ်တိုက် တွန်းချင်ပါတယ်”ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ ပြောကြားသည်။
Lucky Data အပါအဝင် အခြားသော အရောင်းမြှင့်တင်မှုများ၊ MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍၎င်း၊ MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် https://www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။