ကမ္ဘာ့အသေးဆုံး 4G စမတ်ဖုန်း မကြာမီရောင်းချမည်

Image Source : https://www.kickstarter.com

Unihertz ဆိုသည့် ရှန်ဟိုင်းအခြေစိုက် မထင်မရှားကုမ္ပဏီငယ်လေး၏ ပထမဆုံးလက်ရာဖြစ်သော Jello နဲ့ Jello Pro ဟုအမည်ပေးထားသည့် ကမ္ဘာ့အသေးဆုံးစာရင်း၀င် ဖုန်းနှစ်မျိုးအား လာမည့်သြဂုတ်လတွင် စတင်ရောင်းချသွားမည်ဟုသိရသည်။

အဆိုပါဖုန်းနှစ်မျိုးစလုံး 4G စနစ်ဖြစ်ပြီး Andriod Version 7.0 Nougat ကိုအသုံးပြုထားသည်။ ဖုန်း၏ကိုယ်ထည်မှာ 3.6″ x 1.7″ ဖြစ်ပြီး၊ အလေးချိန် 60.4 g ရှိသည်။ မျက်နှာပြင် 2.45″ ဖြစ်ပြီး Resolution 240 x 432 Pixels သာရှိသောကြောင့် ပုံရိပ်များအနည်းငယ် မှုန်၀ါးနိုင်သည်။ Quad-core 1.1GHz CPU ကိုအသုံးပြုထားပြီး Jelly အတွက် 1GB RAM နှင့် 8GB ROM ဖြစ်ပြီး၊ Jelly Pro အတွက် 2GB RAM နှင့် 16GB ROM ဟူ၍ အသီးသီးဖြစ်ကြသည်။ နှစ်မျိုးစလုံးအတွက် ထပ်တိုးမမ်မိုရီအနေနဲ့ SD card slot မှတဆင့် 32GB အထိ တိုးမြှင့်နိုင်သေးသည်။ ဘတ်ထရီ 950 mAH ဖြစ်ပြီး Colour အနေနဲ့ အဖြူ၊ အနက်၊ မိုးပြာဟူ၍ သုံးမျိုးထုတ်လုပ်ထားသည်။ ရှေ့ကင်မရာ 2MP နှင့် နောက်ကင်မရာ 8MP အသီးသီ:ရှိပြီး Nano Sim နှစ်ကဒ် အသုံးပြုနိုင်မည်ဖြစ်သည်။ WiFi, Bluetooth, GPS, နှင့် Sensor တို့ပါ၀င်ကာ GSM နှင့် WCDMA ကွန်ရက်သုံး ကမ္ဘာ့အသေးဆုံးစမတ်ဖုန်းစာရင်း၀င် Jelly နှင့် Jelly Pro တို့အား စျေးနှုန်းအနေဖြင့် ၁၀၉ ဒေါ်လာနှင့် ၁၂၅ ဒေါ်လာဟူ၍ သတ်မှတ်ထားသည်။

Unihertz ကုမ္ပဏီသည် အဆိုပါဖုန်းနှစ်မျိုးအား ထုတ်လုပ်နိုင်ရန်အတွက် Kickstarter မှတဆင့် ရန်ပုံငွေရှာခဲ့ရာ တစ်နာရီအတွင်းမှာပင် ၎င်းတို့သတ်မှတ်ထားသည့် ဒေါ်လာသုံးသောင်းပြည့်မီခဲ့ပြီး နောက်တစ်နေ့အရောက်တွင်မူ ဒေါ်လာသုံးသိန်းနီးပါးအထိ မြင့်တက်ခဲ့ကာ အားပေးထောက်ခံမှုများစွာရရှိခဲ့သည်။ ယခုသတင်းနှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက ဒီလင့်ခ် သို့၀င်ရောက်လေ့လာနိုင်ပါသည်။