Facebook မှာ အလုပ်သင်၀န်ထမ်းများရဲ့ ပျဉ်းမျှလစာ မြန်မာငွေသိန်းတစ်ရာကျော်

Image Source : https://visualhunt.com

ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးတွေဟာ နွေကျောင်းပိတ်ရက်တွေမှာ နည်းပညာကျောင်သားလေးတွေကို အလုပ်သင်အနေနဲ့ ခန့်ထားပြီး အလုပ်ပေးလေ့ရှိကြပါတယ်။ ကျောင်းသားတွေအနေနဲ့ကလည်း နောင်တစ်ချိန်ကျောင်းပြီးတဲ့အခါ အလုပ်ခွင်၀င်ရေးအတွက် လုပ်ငန်းအတွေ့အကြုံတွေ ရရှိနေစေဖို့ ၀င်ရောက်လုပ်ကိုင်လေ့ရှိကြပါတယ်။

အမြဲတမ်း၀န်ထမ်းမဟုတ်တဲ့ ဒီလိုအလုပ်သင်လူငယ်လေးတွေကို ပေးတဲ့နည်းပညာကုမ္ပဏီကြီးတွေရဲ့ လစာကတော့ မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် တကယ်ကိုအံ့အားသင့်စရာပါပဲ။အနောက်တိုင်းအမြင်နဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလိုနည်းပညာကုမ္ပဏီတွေရဲ့ လစာနှုန်းတွေဟာ အခြားသောနယ်ပယ်တွေထက် သာလွန်နေတတ်ပါတယ်။

လစာစစ်တမ်းတစ်ခုရဲ့ ဖော်ပြချက်အရ ကမ္ဘာပေါ်မှာ အလုပ်သင်၀န်ထမ်းတွေကို လစာအများဆုံးပေးတဲ့ ကုမ္ပဏီတွေထဲမှာ Facebook ဟာ ပျဉ်းမျှလစာ ဒေါ်လာ (၈၀၀၀) နဲ့ ထီပ်ဆုံးမှာရှိနေပါတယ်။ လက်ရှိမြန်မာငွေနဲ့ တွက်ကြည့်ပါက ကျပ်သိန်းတစ်ရာကျော်ပါတယ်။ Facebook ရဲ့နောက်မှာ အစဉ်လိုက်ရှိနေကြတာကတော့ Microsoft-$7100, ExxonMobil-$6507, Salesforce-$6450, Amazon-$6400, Apple-$6400, Bloomberg-6400, Yelp-$6400, Yahoo-$6080, VMware-$6080 တို့ အသီးသီးဖြစ်ကြပါတယ်။ ဒီလိုကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီးတွေရဲ့  အလုပ်သင်၀န်ထမ်း လစာနဲ့ပက်သက်ပြီး  ဒီလင့်ခ် ရဲ့ သတင်းအပြည့်အစုံကို အောက်မှာဖော်ပြထားပါတယ်။

နိုင်ငံတကာက ဘွဲ့ကြိုကျောင်းသားတွေဟာ ဘွဲ့မရခင်နဲ နွေရာသီအားလပ်ရက်များအတွင်း သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ အလုပ်သင်အဖြစ် အလုပ်ဝင်ကြပါတယ်။ အလုပ်သင်တစ်ယောက်အနေနဲ့ ဝင်ငွေလည်းရ၊ လုပ်ငန်းအတွေ့အကြုံလည်း ယူပြီးဖြစ်လို့ အားပေးထိုက်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဒီလို အလုပ်သင်တစ်ယောက်ကို အမြင့်ဆုံး လစာပေးတဲ့ ကုမ္ပဏီကြီးတွေလည်း ရှိပါတယ်။ တစ်ချို့အလုပ်သင်တွေဆို ပျမ်းမျှ တစ်လကို ဒေါ်လာ ၈၀၀၀ (မြန်မာငွေ သိန်းတစ်ရာကျော်) လစာရတာကြောင့် မျက်လုံးပြူးလောက်တဲ့ လစာပေးတာ ဘယ်လို ကုမ္ပဏီတွေပါလိမ့်။

Glassdoor လို့ခေါ်တဲ့ အလုပ်လစာ ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ Facebook ဟာ နွေရာသီအလုပ်သင်ဆင်းတဲ့ ဝန်ထမ်းတစ်ဦးကို ဒေါ်လာ ၈၀၀၀ ပေးပြီး ခန့်အပ်တဲ့ လစာအမြင့်ဆုံးပေးတဲ့ နည်းပညာကုမ္ပဏီကြီ ဖြစ်တယ်လို့ ဆိုပါတယ်။ Facebook ကို ကမ္ဘာ့အချမ်းသာဆုံး ကုမ္ပဏီကြီးလို့ မပြောနိုင်ပေမယ့် Microsoft ၊ Amazon ၊ Apple စတဲ့ ကုမ္ပဏီတွေထက်ကို လစာအပေးကြမ်းတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ပျမ်းမျှ အလုပ်သင်တစ်ဦးကို ဒေါ်လာ၈၀၀၀ပေးတာကြောင့် တစ်နှစ်စာဆို ဒေါ်လာ ၉၆၀၀၀ ရမှာ ဖြစ်ပါတယ်။ ဒါက ပျမ်းမျှတွက်ချက်ထားတာ ဖြစ်ပြီး အလုပ်သင်ရာထူးနဲ့ဝင်တဲ့ လူတွေ တစ်ဝက်ကျော်မှာဆို ဒီထက်ပိုကောင်းတဲ့ လစာရတာလို့ဆိုပါတယ်။

Facebook နောက်ကနေ လစာပေးမှုမှာ ဒုတိယလိုက်နေတဲ့ Microsoft ရဲ့ အလုပ်သင်တစ်ဦးအတွက် ပျမ်းမျှလစာကတော့ ဒေါ်လာ ၇၁၀၀ ဖြစ်လို့ဒေါ်လာ ၁၀၀၀ နီးပါး ကွာခြားချက်ရှိပါတယ်။ နာမည်ကြီး နည်းပညာကုမ္ပဏီများ ဖြစ်တဲ့ Amazon နဲ့Apple ကတော့ လစာပေးတဲ့ နေရာမှာ ဒေါ်လာ ၆၄၀၀ နဲ့အဆင့်ငါး နဲ့ခြောက်မှာ ရပ်တည်နေပါတယ်။ ၂၀၁၆ အတွင်း ကောလိပ်အလုပ်သင်များရဲ့  အလုပ်လစာစစ်တမ်းအရ ပျမ်းမျှ တစ်နာရီကို ၁၆.၂၈ ဒေါ်လာ (မြန်မာငွေ ၂ သောင်းကျော်) ပေးတာဖြစ်လို့ အကြမ်းဖျဉ်းတွက်ကြည့်ရင် ပျမ်းမျှ တစ်လကို ဒေါ်လာ ၂၆၀၀ (မြန်မာငွေ ၃၅ သိန်းကျော်) ရရှိတာကြောင့် Facebook ရဲ့ အလုပ်သင်တစ်ဦးပျမ်းမျှ လစာဟာ ပုံမှန် ပျမ်းမျှလစာထက် အနည်းဆုံး သုံးဆကျော် ပိုရတာပါ။

၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှ မိသားစုတစ်စုရဲ့ ပျမ်းမျှ နှစ်စဉ်ဝင်ငွေဟာ အနည်းဆုံး ၅၆၅၁၆ ဒေါ်လာ ဖြစ်လို့ Facebook မှာ Intern ဆင်းတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်ရဲ့  လစာဟာ တစ်အိမ်ထောင်လုံးကို ကောင်းကောင်း ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။ သာမန်အားဖြင့် ၂၀၁၆ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှ စာရင်းကိုင်တစ်ဦးရဲ့  နှစ်စဉ်ပျမ်းမျှ ဝင်ငွေဟာ အနည်းဆုံး ၆၈၁၅၀ ဒေါ်လာရှိတာ ဖြစ်လို့ Facebook အလုပ်သင်တစ်ဦးရဲ့ ဝင်ငွေက စာရင်းကိုင်တစ်ဦးရဲ့ ဝင်ငွေထက် ဒေါ်လာ ၂၇၈၅၀ ပိုများနေပါတယ်။

ယေဘုယျအားဖြင့် နည်းပညာနဲ့ ငွေကြေးလုပ်ငန်းများဟာ တစ်ခြားအလုပ်အကိုင်များထက် လစာပိုပေးနေတာ ဖြစ်ပါတယ်။ အမေရိကန်မှ အချိန်ပိုင်း အချိန်ပြည့် နည်းပညာအလုပ်သင်များရဲ့ လစာနှုန်းထားဟာလည်း နှစ်စဉ်တိုးတက်နေပါတယ်။