PUBG MOBILE Myanmar မှ Creator Challenge ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သွားမည်

PUBG MOBILE မှ နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်ကာ နာမည်ကြီး Streamer များနှင့် အတူ အနုပညာရှင်များဖြစ်ကြသည့် ကယ်လ်ဗင်ကိတ်၊ မြတ်အမရာမောင်နှင့် Fool Ever Young မှ JakeHub တို့ ပါဝင်ယှဉ်ပြိုင် ကစားမည့် The Creator Challenge ကို သုံးပတ်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲဝင်အသင်းစုစုပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၁၄ သင်းမှာ နာမည်ကြီး Streamer များ ပါဝင်သည့် အသင်းများဖြစ်ကာ ကျန် ၂ သင်းမှာ တိုက်ရိုက်ဖိတ်ခေါ်ထားသည့် အနုပညာရှင်များ ပါဝင်သည့် ၂ သင်းဖြစ်သည်။
PUBG MOBILE မှ အဆက်မပြတ် Esport ပြိုင်ပွဲများကို ပြုလုပ်ပေးလျက်ရှိရာ ယခုတစ်ခေါက်တွင်လည်း လက်ရှိ Esport Industry ၏ စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်မှုများကို သိရှိနိုင်စေရန်နှင့် ဝါသနာရှင်လူငယ်များနှင့်လည်း ပိုမိုပြီး အချိတ်အဆက် ရှိလာစေရန် ရည်ရွယ်ကာ PUBG MOBILE မှ စီစဉ်တင်ဆက်ပေးခြင်းဖြစ်သည်။ Creator Challenge ကို မြန်မာနိုင်ငံ အနှံအပြားရှိ PUBG MOBILE ဆော့ကစားသူများနှင့် အတူတကွ ယှဉ်ပြိုင်ဆော့ကစားနိုင်မည်ဖြစ်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းစေရန် အထူးဧည့်သည်များကိုလည်း ဖိတ်ခေါ်၍ စီစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Photo Source http://www.fb.com/PUBGMOBILE.MM.OFFICIAL

“Creator Challenge ဆိုတာက PUBG Mobile Myanmar ရဲ့ Community နဲ့အတူ ပူးပေါင်းပါဝင်ဆော့ကစားကြတဲ့ Challenge တစ်ခု ပါပဲ။ လူတိုင်းနှစ်သက်အားပေးကြတဲ့ Streamer တွေ၊ ကစားသမားတွေနဲ့ Idols တွေ အတူတူဆော့ကစားကြတဲ့ ပြိုင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်”ဟု PUBG MOBILE ၏ ကုမ္ပဏီ Tencent Thailand ၏ Head of Gaming Operations ဖြစ်သူ Mr. Andrew မှပြောကြားသည်။
ဤ Creator Challenge ပြိုင်ပွဲကို Signature Streetwear နှင့် TECNO MOBILE မှ ပံ့ပိုးကူညီပေးထားခြင်းဖြစ်ပြီး တစ်ပတ်လျှင် ၄ ရက်ဖြင့် ၃ ပတ်ကြာအောင် ကျင်းပပြုလုပ်မည်ဖြစ်ကာ ၁ ရက်လျှင် ၃ ပွဲနှုန်းဖြင့် ကစားမည်ဖြစ်သည်။ ၃ ပွဲတွင် ၂ ပွဲမှာ ပုံမှန်စည်းမျဉ်းစည်းကမ်းများအတိုင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ကျန်တစ်ပွဲမှာ ပုံမှန်နှင့် ကွဲပြားသည့် Hard Core Mode တို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၆ သင်း ပါဝင်မည်ဖြစ်ပြီး ၁ သင်းလျှင် ၄ ယောက်နှုန်း ဖြင့် စုစုပေါင်းပြိုင်ပွဲဝင် ၆၄ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဤ Creator Challenge ပြိုင်ပွဲကို အပတ်စဉ် ကြာသပတေး၊ သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တိုင်း ညနေ ၆နာရီမှ ၉နာရီအတွင်း PUBG MOBILE Myanmar Page တွင် သုံးပတ်ကြာအောင် Live ပြသသွားမည်ဖြစ်ပြီး ပြိုင်ပွဲအချိန်အတွင်းတွင် Streamer များ၏ ကိုယ်ပိုင် Page များမှလည်း Live ပြသသွားမည်ဖြစ် သည်။
PUBG MOBILE သည် မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာ အဆင့်မီ Esports Ecosystem တစ်ခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာရန်နှင့် မြန်မာလူငယ် Esports ကစားသမားများအား နိုင်ငံတကာ အဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကူညီပံ့ပိုးပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ပြည်တွင်း ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပြီး ယခုအခါတွင်မူ PUBG MOBILE ကစားသမားအချင်းချင်း ပိုမိုရင်းနှီးမှုရရှိစေရန် Creator Challenge ပြိုင်ပွဲကို စီစဉ်ကျင်းပပေးခြင်းဖြစ်သည်။

Photo Source http://www.fb.com/PUBGMOBILE.MM.OFFICIAL

PUBG MOBILE သည် Original Battle Royale ဂိမ်းအမျိုးအစားဖြစ်သော PlayerUnknown’s Battlegrounds ဟူသည့် PC ဂိမ်း၏ တရားဝင် မိုဘိုင်းဂိမ်း(Mobile Game) တစ်ခုဖြစ်ပါသည်။ လက်ရှိတွင် အာရှဒေသတွင်း၌ လူကြိုက်အများဆုံး ဂိမ်းတစ်ခုလည်းဖြစ်ပြီး ပွဲစဉ်တစ်ခုအတွင်း ကစားသမား အယောက် ၁၀၀ အထိ တပြိုင်နက် ဝင်ရောက်ကစားနိုင်သော ဂိမ်း တစ်ခုဖြစ်ပါသည်။ PUBG MOBILE ဂိမ်းပုံစံသည် အဆင့်တက်တိုင်း တဖြည်းဖြည်းကျဉ်းမြောင်းလာသော စစ်မြေပြင်ထဲတွင် တွေ့ရှိသော လက်နက်များနှင့် ယာဉ်များကို အသုံးပြုကာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သော ကစားသမား ဖြစ်အောင် ကြိုးစားရမည် ဖြစ်ပြီး ထိုသို့နောက်ဆုံးကျန်ရစ်သူ သို့မဟုတ် အဖွဲ့သည် အနိုင်ရရှိခြင်း ဖြစ်ပါသည်။ PUBG MOBILE ဂိမ်း အကြောင်းကို PUBG MOBILE ၏ Facebook Page, YouTube Channel နှင့် Twitter စာမျက်နှာများတွင် လေ့လာနိုင်သည်။
Signature Streetwear သည် မိမိကိုယ်ပိုင်စတိုင် ကိုယ်ပိုင်အထာကို ယုံကြည်မှုရှိရှိ ပိုမိုတိုးမြှင့်ပေးသည့် အမျိုးသမီး၊ အမျိုးသားဝတ် Streetwear Brand တစ်ခုဖြစ်သည်။ ထူးခြားဆန်းသစ်၍ လူငယ်ဆန်ကာ Urban culture ကို Hip Hop, DJ, Breakdance, EDM, Esports တို့ဖြင့်ဖော်ပြနိုင်ရန် ရည်ရွယ်ထားပြီး ခေတ်မီထူးခြားဆန်းပြားသည့်ဒီဇိုင်းနှင့်အတူ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များ၊ Signature Outlet Sales များနှင့် Ecommerce တို့တွင် အဓိက ဝယ်ယူ နိုင်မည်ဖြစ်သည်။ Signature Streetwear ကို Online Shopping Page များနှင့် New Ecommerce၊ ခေတ်မီဖက်ရှင် ဆိုင်များတွင်လည်း ဝယ်ယူ ရရှိနိုင်မည်ဖြစ်သည်။
TECNO Mobile သည် TRANSSION Holdings ၏ Premium Smartphone အမှတ်တံဆိပ်ဖြစ်ပါသည်။ “ Expect More” ဆိုသည့်ခံယူချက်နှင့် အညီ၊ TECNO သည် နောက်ဆုံးပေါ်နည်းပညာများကို အသင့်တော်ဆုံးဈေးနှုန်းဖြင့် ရောင်းချပေးရန် ရည်ရွယ်ပါသည်။ အသုံးပြုသူများကို ယခုသတ်မှတ်ထားသည့် ထက်ကျော်လွန်သော နောက်ဆုံးပေါ်နည်းပညာကို အသုံးပြု စေနိုင်ရန် စိတ်စေတနာများစွာဖြင့် တည်ဆောက်ထားသော အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်သည်။ TECNO သည် နယ်ပယ် အသီးသီးမှ အသုံးပြုသူအားလုံး၏ လိုအပ်ချက်ကို သိရှိနားလည်ပြီး ပြည်တွင်းဈေးကွက်နှင့် အကိုက်ညီဆုံး နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုထားသည့် Smartphone များ၊ Tablet များနှင့် Feature Phone များကို ယူဆောင်လာခြင်း ဖြစ်ပါ သည်။ ကမ္ဘာအနှံ့အပြားရှိ ဈေးကွက်ပေါင်း ၆၀တွင် ဝင်ရောက်ထိုးဖောက်လျက်ရှိသော TECNO သည် Major Global player အမှတ်တံဆိပ်ဖြစ်ပါသည်။ Manchester City ဘောလုံးအသင်း ၏ global Official Tablet and Handset Partner လည်းဖြစ်သည်။
Creator Challenge ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များ အားလုံးကို PUBG MOBILE ၏ Official Facebook စာမျက်နှာ http://www.fb.com/PUBGMOBILE.MM.OFFICIAL တွင် လေ့လာနိုင်သည်။