Samsung Myanmar ၏ အွန်လိုင်း Employee Volunteer Program အား သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်းကျင်းပ

Samsung Electronics ၏ ကမ္ဘာလုံးဆိုင်ရာ နှစ်စဉ် လုပ်အားပေး ပွဲတော် Samsung Global Volunteer Festival ၏ တစ်စိတ်တစ်ပိုင်း အဖြစ် Samsung Myanmar သည် ယခုနှစ်အတွက် Samsung Employee Volunteer Program အား သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT) နှင့် ပူပေါင်းကာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးဆုံးအကြိမ်အဖြစ် အွန်လိုင်းမှ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အစီအစဉ်တွင် UIT မှ ကျောင်းသား၊ ကျောင်းသူများ အတွက် COVID အလွန် ပုံမှန်အခြေအနေသစ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် အသိပညာ၊ ဗဟုသုတ ကျွမ်းကျင်မှုများ ပိုမို တိုးပွားလာစေရန် အဓိကထား၍ ဆွေးနွေးမျှဝေပေးခဲ့သည်။

Photo Source https://web.facebook.com/SamsungMyanmar

နိုင်ငံတကာရှိ Samsung ဝန်ထမ်းများ အနေနှင့် Samsung Global Volunteer Festival အား ၎င်းတို့ဒေသအတွင်းရှိ လူမှုအသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများ ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများအား ကူညီဖြေရှင်းဖေးမပေးနိုင်ရန် အဓိက ရည်ရွယ်ချက်ဖြင့် ၁၉၉၅ ခုနှစ်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်အား နှစ်စဉ် အောက်တိုဘာလတွင် ကျင်းပလေ့ရှိကာ ကမ္ဘာတစ်ဝှမ်းမှ Samsung ဝန်ထမ်းများသည် ၎င်းတို့ အလုပ်လုပ်ကိုင်ရာနှင့် နေထိုင်ရာ ပတ်ဝန်းကျင်များရှိ လူမှုအသိုင်းအဝန်းများအတွက် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ရရှိစေရန် ရည်ရွယ်၍ ကိုယ်ပိုင်အချိန်များနှင့် စွမ်းဆောင်ရည်များကို အသုံးချကာ ပံ့ပိုးကူညီလှူဒါန်းလေ့ရှိကြသည်။
ယခုနှစ် Samsung Employee Volunteer Program အစီအစဉ်တွင် Samsung Myanmar မှ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက် နှင့် Product Marketing မန်နေဂျာဖြစ်သူ မစုဒီဇင်ဘာစိုး တို့နှင့်အတူ UIT ၏ ကျောင်းသားဟောင်း Speakers များ ဖြစ်ကြသော ကိုမျိုးသိင်္ခနှင့် ကိုဝေလင်းဖြိုး၊ စုစုပေါင်း Speaker ၄ ဦးမှ ပါဝင်မျှဝေပြောကြားပေးခဲ့ပြီး သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT) မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၀ ကျော် တက်ရောက် ခဲ့သည်။ အဆိုပါ အွန်လိုင်းဆွေးနွေးပွဲတွင် Speakers များမှ COVID အလွန်ပုံမှန်အခြေအနေသစ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် အဆင်ပြေလွယ်ကူမှုရှိစေရန် လိုအပ်သည့် အသိပညာ၊ ဗဟုသုတ နှင့် ကျွမ်းကျင်မှုများအကြောင်း အဓိက ဆွေးနွေးမျှဝေခဲ့သည်။ Speakers များမှ မျှဝေခဲ့သည့် ခေါင်းစဉ်များအပေါ်တွင်လည်း ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစားဖြင့် ဝင်ရောက်ဆွေးနွေးမေးမြန်းခဲ့ကြသည်။
ထို့အပြင် Samsung Myanmar သည် ယခုနှစ် EVP အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ရှိ တက္ကသိုလ်စာကြည့်တိုက်အတွက် ၅၅” Samsung UHD (4K) စမတ်တီဗွီ ၁ လုံးနှင့် Samsung 2.0 HP လေအေးပေးစက် ၄ လုံးအပြင် ငွေကျပ်သိန်း ၂၀ ကိုလည်း လှူဒါန်းခဲ့သည်။

Photo Source https://web.facebook.com/SamsungMyanmar

“Samsung အနေနဲ့ တီထွင်ဆန်းသစ်မှု အရှိဆုံး အရည်အသွေးမြင့် ထုတ်ကုန်တွေကို ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေအတွက် အစဉ်မပြတ် ထုတ်လုပ်ပေးအပ်နေတဲ့အပြင် လူမှုအသိုင်းအဝန်းအတွက် ရေရှည်အကျိုးရှိစေဖို့ ရည်ရွယ်ပြီး လူထုအကျိုးပြု အစီအစဉ် တစ်ခုဖြစ်တဲ့ ‘Samsung Love & Care’ အစီအစဉ်ကိုလည်း အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်” ဟု Samsung Myanmar ၏ Head of Corporate Marketing ဖြစ်သူ ကိုစိုးသူရက ပြောကြားခဲ့သည်။
Samsung Myanmar ၏ ပထမဦးဆုံးသော Employee Volunteer Program အား ၂၀၁၅ ခုနှစ်တွင် ပဲခူးမြို့အနီးရှိ ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ မသန်စွမ်းကွန်ယက်နှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင် တည်ရှိသည့် အောင်မြေဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင်ဖွင့်လှစ်ထားသော လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မျက်မမြင်ကျောင်းတွင်လည်းကောင်း စီစဉ်ကျင်းပခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင်မူ Samsung Myanmar ၏ ဝန်ထမ်း စုစုပေါင်း အင်အား ၉၀ ရာခိုင်နှုန်းကျော်သည် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် တည်ရှိသည့် ထောင့်ကွေး အခြေခံ မူလတန်း (လွန်) ကျောင်းသို့ သွားရောက်ကာ ကျောင်းသားကျောင်းသူများအား အသိပညာမျှဝေခြင်းနှင့် စာသင်ကျောင်းအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများအား လှုူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။ ယခုအချိန်အထိ အဆိုပါအစီအစဉ်ကြောင့် ငါးနှစ်အတွင်း လူငယ်ပေါင်း ၁,၇၀၀ ကျော် အပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပြီးဖြစ်သည်။
“Public-Private Partnership က တက္ကသိုလ်တွေအတွက် အရမ်းအရေးကြီးပါတယ်။ အခုလို COVID -19 ကြောင့် ကျောင်းတွေ ခေတ္တပိတ်ထားရတဲ့ကာလမှာ Samsung-Myanmar နဲ့အတူ ပူးပေါင်းပြီးတော့ ကျွန်မတို့ရဲ့ ကျောင်းသား ကျောင်းသူတွေ သိရှိမှတ်သားထားသင့်တဲ့ အကြောင်းအရာတွေကို အွန်လိုင်းကနေတဆင့် ဆွေးနွေးမျှဝေ ပေးနိုင်ခဲ့တဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ တစ်ကယ့်လုပ်ငန်းခွင်ကို မဝင်ရောက်ခင်မှာ ကြိုတင်ပြင်ဆင်ထား သင့်တဲ့အရာတွေ၊ သိထားသင့်တဲ့ အသိပညာ၊ ဗဟုသုတ ကျွမ်းကျင်မှုတွေကို ကျောင်းသားကျောင်းသူတွေ သိရှိထားနိုင်စေဖို့ ဆွေးနွေး မျှဝေပေးခဲ့ကြတဲ့ အတွက်လည်း Samsung-Myanmar က အတွေ့အကြုံရင့်ဝန်ထမ်းတွေနဲ့ UIT ကျောင်းသားဟောင်း တွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ပါမောက္ခချုပ်တစ်ဦးအနေနဲ့ UIT ကျောင်းသားကျောင်းသူတွေကို နည်းပညာတွေ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အောင် သင်ကြားပေးရမယ့်အပြင် လူ့အသိုင်းအဝိုင်းအတွင်း ဆောင်ရန်ရှောင်ရန်တွေ၊ ဓလေ့ထုံးစံတွေ၊ ထားရှိသင့်တဲ့ စိတ်နေစိတ်ထားတွေနဲ့ ဘယ်လိုမျိုး ကျင့်ကြံပြောဆိုနေထိုင်ရမယ် ဆိုတဲ့ အချက်တွေကိုပါ သင်ကြားပေးရမယ့် တာဝန်ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုး တစ်ဖက်တစ်လမ်းကနေ ကူညီပေးခဲ့တဲ့ Samsung Myanmar ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ထပ်မံပြောကြားလိုပါတယ်” ဟု သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT)မှ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်စောစန္ဒာအေးမှ ပြောကြားခဲ့သည်။