အားအမြန်သွင်းစနစ် 65W SuperDart Charge ပါရှိတဲ့ realme 7 Pro စမတ်ဖုန်း

“ဓာတ်ပုံဆိုအလန်း အားသွင်းရင်အကြမ်း” ဆိုတဲ့ realme 7 series မှာပါဝင်တဲ့ realme 7 Pro ကိုတော့ အထူးဈေးနှုန်း မြန်မာငွေ ၄၈၉,၉၀၀ ကျပ်နဲ့ realme အရောင်းကောင်တာရှိတဲ့ ဖုန်းအရောင်းဆိုင်ကြီးတွေမှာ အလွယ်တကူဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

realme 7 Pro ကိုတော့ ကြည့်လိုက်တာနဲ့ ဆွဲဆောင်မှုအပြည့်ရှိပြီး တောက်ပတဲ့မျက်နာပြင် 82.7% screen to body ratio အပြင် 6.4 inch Super AMOLED Display  ကိုအသုံးပြုထားပြီးတော့ 8GB RAM + 128GB ROM ကိုအသုံးပြုပေးထားတဲ့အတွက် တစ်မူထူးခြားပြီးတော့ သုံးစွဲမှုအတွေ့အကြုံသစ်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ Andrid 10 ကိုအခြေခံထားပြီးတော့ realme UI အပြင် Qualcomm SM7125 Snapdragon 720G ကိုလည်းအသုံးပြုပေးထားပါတယ်။ 

Photo source https://www.facebook.com/realmeMyanmar

အရည်အသွေးကောင်းမွန်တဲ့ တေးသီချင်းတွေကို နားဆင်ချင်သူများအတွက် realme 7 Pro (8GB + 128GB) မှာတော့ ကောင်းမွန်လှတဲ့ Dual Stereo Speakers တွေကို ထည့်သွင်းပေးထားလို့ အကောင်းမွန်ဆုံးရွေးချယ်မှုဖြစ်စေမှာဖြစ်ပါတယ်။

“ဓာတ်ပုံဆိုအလန်း အားသွင်းရင်အကြမ်း” ဆိုတဲ့အတိုင်း ကြီးမားတဲ့ battery 4500mAh ပါဝင်တဲ့ realme 7 Pro မှာ အလွန်လျင်မြန်တဲ့ အားအမြန်သွင်းစနစ် 65W SuperDart Charge က ဘက်ထရီပမာဏ 0% မှ 100% အပြည့်ကို အချိန် ၃၄ မိနစ်အတွင်း ဖြည့်သွင်းပေးနိုင်လို့ အချိန်ခဏလေးပေးရုံနဲ့ တစ်နေ့တာလုံးစိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ realme 7 Pro ကိုတော့ တည်တည်ငြိမ်ငြိမ် Mirror Blue အရောင်နဲ့ ဖျော့ဖျော့လေးနဲ့ Mirrow SIlver အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 

Photo source https://www.facebook.com/realmeMyanmar

ဒါ့အပြင် အမိုက်စား Sony IMX 682 Sensor ပါဝင်တဲ့ 64MP AI Quad Camera ကိုလည်း တပ်ဆင်အသုံးပြုထားတဲ့အတွက် ပုံရိပ်ကောင်းများစွာကို မလွတ်တမ်းရိုက်ကူးပေးနိုင်ဦးမှာ ဖြစ်ပါတယ်။ 64MP Wide, 8MP Ultrawide, 2MP Macro နဲ့ 2MP Depth ကင်မရာတွေနဲ့လည်း ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ကောင်းကောင်းရိုက်ယူနိုင်မှာပါ။

ဘယ်ချိန်ရိုက်ရိုက် စိတ်ကျေနပ်မှုအပြည့်အ၀ပေးစွမ်းနိုင်မယ့် အရည်အသွေးမြင့် 32MP In-Display Selfie ကင်မရာကို realme 7 Pro မှာပေါင်းစပ်ထည့်သွင်းပေးထားတာမို့ ဓာတ်ပုံရိုက်ရတာ ၀ါသနာပါသူများအတွက် အထူးရွေးချယ်ဖို့ သင့်လျော်ပါတယ်။