Samsung ၏ နောက်ဆုံးပေါ် Galaxy A12 နှင့် Galaxy A02s စမတ်ဖုန်းအသစ်များအား မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်

Samsung Electronics Co., Ltd. သည် ၎င်း၏ နောက်ဆုံးပေါ် Galaxy A စီးရီးအဖွဲ့ဝင် Galaxy A12 နှင့် Galaxy A02s စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်ခဲ့ကြောင်းသိရသည်။
ထိုစမတ်ဖုန်းများတွင် ကြီးမားကျယ်ပြန့်သော မျက်နှာပြင်များ၊ အချိန်နှင့်စက္ကန့်အမျှ အခိုက်အတန့်များကို မလွတ်တမ်း ဖမ်းယူရိုက်ကူးနိုင်မည့် စွမ်းရည်မြင့်ကင်မရာများအပြင် တစ်နေ့တာလုံး အသုံးပြုနိုင်မည့် တာရှည်ခံ ဘက်ထရီများအား ထည့်သွင်းပေးထားသည်။
“Galaxy A Series မိသားစုဝင် စမတ်ဖုန်းတွေရဲ့ အစဉ်အလာအတိုင်းပဲ အခုမိတ်ဆက်ပေးခဲ့တဲ့ Galaxy A12 နဲ့ Galaxy A02s စမတ်ဖုန်း ၂ မျိုးလုံးကနေတဆင့် သုံးစွဲသူတွေအတွက် အံ့အားသင့်ဖွယ်ရာ တီထွင်ဆန်းသစ်မှု အရှိဆုံး လုပ်ဆောင်ချက် တွေကို သင့်တင့်မျှတမှု အရှိဆုံးနှုန်းထားတွေနဲ့ ပေးအပ်သွားနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ထားပါတယ်။ ဖျော်ဖြေရေးအသားပေး စမတ်ဖုန်းတွေ ဖြစ်တာနဲ့အညီ စမတ်ဖုန်း ၂ မျိုးလုံးမှာ ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်နဲ့ ကြာရှည်ခံ ဘက်ထရီတွေကို ထည့်သွင်းပေးထားတဲ့အတွက် ဗီဒီယိုနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်ရှုရာမှာဖြစ်စေ၊ ဂိမ်းကစားရာမှာဖြစ်စေ နာရီပေါင်းများစွာ ကြာမြင့်စွာ အနှောင့်အယှက်မရှိ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနီးကပ်ပုံရိပ်တွေနဲ့ ရှုခင်းပုံရိပ်တွေကို ရိုက်ကူးတာပဲ ဖြစ်ဖြစ်၊ bokeh effects ကို အသုံးပြုပြီး လှပကျော့ရှင်းတဲ့ ပုံရိပ်တွေကို ရိုက်ကူးတာပဲ ဖြစ်ဖြစ် အချိန်နဲ့ တစ်ပြေးညီ အခိုက်အတန့်တွေကို လက်မလွတ်တမ်း ရိုက်ကူးဖမ်းယူ နိုင်ဖို့အတွက် Galaxy A12 နဲ့ Galaxy A02s စမတ်ဖုန်းတွေမှာ စွမ်းဆောင်ရည်မြင့် ကင်မရာတွေကိုလည်း ထည့်သွင်းပေး ထားပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။

Photo Source https://www.facebook.com/SamsungMyanmar

သုံးစွဲသူများအနေနှင့် ဂိမ်းကစားရာတွင်ဖြစ်စေ၊ အကြိုက်နှစ်သက်ဆုံး တီဗီအစီအစဉ်များအား ကြည့်ရှုရာတွင်ဖြစ်စေ၊ Galaxy A12 နှင့် Galaxy A02s စမတ်ဖုန်းများ၏ ကြီးမားကျယ်ပြန့်သော 6.5” HD+ Infinity-V မျက်နှာပြင်မှတဆင့် ကြည်လင်ပြတ်သားသော ပုံရိပ်များအား စိတ်ကျေနပ်မှုအပြည့်ဖြင့် ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ ထို့အပြင် Galaxy A12 စမတ်ဖုန်းတွင် စွမ်းဆောင်ရည်မြင့် Dolby Atmos® အသံစနစ်အား ထည့်သွင်းပေးထားသည့် အတွက် ဂိမ်းကစား ရာတွင် ဖြစ်စေ၊ ဗီဒီယိုများ ကြည့်ရှုရာတွင် ဖြစ်စေ အကောင်းမွန်ဆုံးသော အသံထွက် အရည်အသွေးကို ခံစား ရရှိနိုင်မည် ဖြစ်သည်။
Galaxy A12 နှင့် Galaxy A02s စမတ်ဖုန်း ၂ မျိုးလုံးတွင် ကြာရှည်ခံမှု အပြည့်အဝ ရှိစေမည့် 5,000 mAh ဘက်ထရီအား ထည့်သွင်းပေးထားသည့်အတွက် အကြိုက်နှစ်သက်ဆုံးသော ဖျော်ဖြေရေး အစီအစဉ်များအား တစ်စုံတစ်ရာ စိတ်ပူပန်စရာ မလိုပဲ ကြည့်ရှုခံစားသွားနိုင်မည် ဖြစ်သည်။
ထိုအပြင် Galaxy A12 နှင့် A02s စမတ်ဖုန်းများတွင် ယခင်ထက်ပိုမို ကြည်လင်ပြတ်သားမှုရှိသော အရည်အသွေးမြင့် ပုံရိပ်များအား အလွယ်တကူ ရိုက်ကူးသွားနိုင်မည့် ကင်မရာ လုပ်ဆောင်ချက်များစွာကိုလည်း ထည့်သွင်းပေးထားသည်။
Galaxy A12 စမတ်ဖုန်း၏ကျောဘက်တွင် အဆင့်မြင့် လုပ်ဆောင်ချက်များ ပါဝင်သည့် Main camera၊ Ultra Wide camera၊ Depth camera နှင့် Macro camera ကင်မရာလေးလုံးအား ထည့်သွင်း‌ပေးထားသည်။
စမတ်ဖုန်း၏ 48-megapixel အဓိကကင်မရာသည် နေ့ညအချိန်အခါမရွေး အရောင်အသွေး ညီမျှသော အဆင့်မြင့်ပုံရိပ်များကို ဖမ်းယူနိုင်ရန် အဓိကလုပ်ဆောင်ပေးကာ မျက်ဝန်းအဆုံး မြင်တွေ့နေရသည့် အဝေးမှ အရာဝတ္ထုပုံရိပ်များကို ခလုတ်တစ်ချက်နှိပ်ရုံနှင့် အပြည့်အဝ ရိုက်ကူးနိုင်စေရန်အတွက် စမတ်ဖုန်း၏ 5-megapixel Ultra Wide ကင်မရာမှ စွမ်းဆောင်ပေးထားသည်။
Galaxy A12 တွင်ပါဝင်သော 2-megapixel Macro ကင်မရာသည် သင်၏ အစားအသောက်ဓါတ်ပုံများအား စားချင်စဖွယ် အရောင်စုံလင်စွာနှင့် ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ရန် လုပ်ဆောင်ပေးနိုင်ပြီး တွဲဖက်ပါဝင်လာသော 2-megapixel Depth ကင်မရာသည်လည်း အရေးကြီးသည့် မြင်ကွင်းများကို မလွတ်တမ်း ဖမ်းယူပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် 8-megapixel Selfie ကင်မရာအား အသုံးပြု၍လည်း သင်၏ ဓါတ်ပုံမှတ်တမ်းများအား ယုံကြည်မှု အပြည့်ဖြင့် ရိုက်ကူးသိမ်းဆည်းထား နိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/SamsungMyanmar

တစ်ချိန်တည်းမှာပင် Galaxy A02s တွင် စွမ်းဆောင်ရည်မြင့် ကျောဖက်ကင်မရာ သုံးလုံး (13-megapixel main ကင်မရာ၊ 2-megapixel Macro ကင်မရာ နှင့် 2-megapixel Depth ကင်မရာ) အား ထည့်သွင်းပေးထားပြီး ရှေ့ဖက်တွင် 5-megapixel selfie ကင်မရာအား ထည့်သွင်းပေးထားသည်။
Galaxy A12 စမတ်ဖုန်းတွင် ၎င်း၏ ကိုယ်ပိုင် အဆင့်မြင့် လုံခြုံရေးစနစ် Samsung Knox အား ထည့်သွင်းပေးထား သည့် အတွက် သုံးစွဲသူများအနေနှင့် အက်ပလီကေးရှင်းများ၊ အချက်အလက်မျှဝေမှုများ အစရှိသည့် လုပ်ငန်းစဉ်များ အား စိတ်ကြိုက်ထိန်းချုပ် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။
ကမ္ဘာတစ်ဝန်းရှိ Samsung သုံးစွဲသူပေါင်း ၁ သန်းကျော်၏ ကိုယ်ပိုင်အချက်အလက်များအား အပြည့်အဝ ကာကွယ် ပေးထားသည့် Samsung Knox လုံခြုံရေးစနစ်သည် Galaxy A12 သုံးစွဲသူများအား ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဒေတာချိုးဖောက်ရယူမှုများနှင့် အခြားသော လုံခြုံရေးပိုင်း ဆိုင်ရာ ခြိမ်းခြောက်မှုများမှ ၂၄ / ၇ အပြည့်အဝ ကာကွယ် ပေးသွားမည် ဖြစ်သည်။
Galaxy A12 နှင့် Galaxy A02s စမတ်ဖုန်း ၂ မျိုးလုံးအား ပြေပြစ်သေသပ်သည့် haze နှင့် matte ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့်အတွက် သုံးစွဲသူများ အနေနှင့် ကိုင်တွယ်အသုံးပြုရာတွင် စတိုင်ကျနလှပမှု အပြည့်အဝရှိစေမည် ဖြစ်သည်။ ထို့အပြင် ချေမွေ့တောက်ပသော ဘေးဘောင်များအား ထည့်သွင်းပေးထားပြီး စမတ်ဖုန်း၏ အထူအနေနှင့် Galaxy A12 အား ၈.၉ မီလီမီတာခန့်နှင့် Galaxy A02s အား ၉.၁ မီလီမီတာခန့် ပမာဏမျှသာ ရှိစေရန် တည်ဆောက်ထားသည့်အတွက် သုံးစွဲသူများ ကိုင်တွယ်အသုံးပြုရာတွင် အဆင်ပြေလွယ်ကူမှုနှင့် သက်တောင့် သက်သာရှိမှု အပြည့်အဝ ရရှိစေမည် ဖြစ်သည်။
Galaxy A12 စမတ်ဖုန်းအား မြန်မာနိုင်ငံဈေးကွက်တွင် ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်၍ 4/128 GB အမျိုးအစားအား မြန်မာငွေကျပ် ၂၄၉,၀၀၀ ကျပ်နှင့် 6/128 GB အမျိုးအစားအား မြန်မာငွေကျပ် ၂၇၉,၀၀၀ ကျပ်များဖြင့် အသီးသီး ရောင်းချပေး လျက်ရှိပြီး အရောင်အားဖြင့် အပြာရောင်၊ အဖြူရောင် နှင့် အနက်ရောင် အရောင် ၃ မျိုးအနက် ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။