OPPO A11k စမတ်ဖုန်းအား မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO မှ လူကြိုက်များသည့် OPPO A series ၏ နောက်ဆက်တွဲအဖြစ် စိတ်တိုင်းကျဖွယ် ဖုန်းသုံးစွဲမှုအတွေ့အကြုံများကို ချိုသာသောဈေးနှုန်းနှင့် ရရှိနိုင်မည့် OPPO A11k ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
OPPO A11k တွင် ကြီးမားကျယ်ပြန့်သည့် 6.22 ” Water Drop Screen ပါရှိကာလွင့်မျောစီးဆင်းနေသော အလင်းတန်းပုံစံပါဝင်သည့် 3D Flowing Blaze ဒီဇိုင်းနှင့်အတူ Deep Blue (နက်ပြာရောင်) နှင့် Flowing Silver (ငွေရောင်) ဟူ၍ လှပသောအရောင် (၂)ရောင်ကိုရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ OPPO A11k ကိုဇူလိုင်လ ၃ ရက်နေ့မှ စတင်၍ မြန်မာကျပ်ငွေ ၁၅၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံအမြို့မြို့အနယ်နယ်ရှိဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/shop/oppo) တို့တွင် ပို့ဆောင်ခအခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

ထို့အပြင် OPPO A11k နှင့်အတူ Mytel Sim card အသစ်ကိုတွဲဖက်ဝယ်ယူသူများအနေဖြင့် ဝယ်ယူပြီးတစ်လအတွင်း Data 4GB နှင့် မိနစ် ၄၀၀ အခမဲ့ ဖုန်းပြောဆိုနိုင်ခွင့်တို့ကိုလက်ဆောင်အဖြစ် ရရှိနိုင်မည်ဖြစ်ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ပေးအပ်သွားမည်ဖြစ်သည်။

အလေးချိန် 165g နှင့် အထူ 8.3 mm သာရှိသော OPPO A11k သည် သွယ်လျပေါ့ပါးသောဒီဇိုင်းနှင့်အတူလက်တွင် ကိုင်တွယ်အသုံးပြုသည့်အခါ အထူးအဆင်ပြေစေမည်ဖြစ်သည်။ ထို့ပြင် 1520 x 720 Resolution ပါဝင်သည့် ကြည့်ရှုမှုအားရစေမည့် 6.22 ” Water Drop Screen တွင် ဖုန်းမှ ထွက်သောအန္တရာယ်ရှိအလင်းတန်းများကို ကာကွယ်ပေးသော Eye Protection Screen နှင့် Blue Light Shield လည်းပါဝင်သောကြောင့် ဖုန်းကိုစိတ်ကြိုက် ကြာရှည်စွာအသုံးပြုနိုင်မည် ဖြစ်သည်။ Screen to Body Ratio 89% နှင့်အတူ Corning Gorilla® Glass 3 ကိုလည်းအသုံးပြုထားသည်။ ထို့အပြင် ဖုန်းဖွင့်ရာတွင် OPPO ၏ အဆင့်မြင့် Facial Recognition နည်းပညာကိုအသုံးပြုထားသောကြောင့် မျက်နှာကိုတိကျသေချာစွာဖတ်ပြီး 0.08s အတွင်းဖုန်းကို Unlock ပေးနိုင်သော AI Facial Unlock နှင့် လက်တင်လိုက်ရုံနှင့် Lock ဖွင့်ပေးနိုင်သော Fingerprint Unlock ဟူ၍ Unlock စနစ်(၂) မျိုးပါရှိသည်။

Photo Source https://www.facebook.com/oppomyanmar/

ဖုန်းနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရသည်ကိုနှစ်သက်သူများအတွက် OPPO A11k တွင် ကျောဘက်တွင် 13MP နှင့် 2MP AI Camera နှစ်လုံးကိုထည့်သွင်းပေးထားသည်။ ကြည်လင်ပြတ်သား၍ အရောင်အသွေးစိုပြည်သောပုံရိပ်များကို 13MP Main Camera နှင့် ဖမ်းယူရိုက်ကူးနိုင်မည်ဖြစ်ပြီး 2MP Depth Camera ကလည်းအရည်အသွေးမြင့် Bokeh Effect နှင့် ရှေ့ကြည်နောက်ဝါးပုံလှလှလေးများကိုပေးစွမ်းနိုင်မည်ဖြစ်သည်။ OPPO ၏ 5MP Front Camera ကလည်း AI Beautification Algorithm ကိုအသုံးပြုပြီးတစ်ဦးစီအတွက် သဘာဝကျကျ လှပသော Selfie ပုံများရရှိစေရန် ကူညီပေး မည်ဖြစ်သည်။ စိတ်ဝင်စားဖွယ် အရည်အသွေးကောင်းမွန်သောဗီဒီယိုလေးများကိုရိုက်ကူးပြီး Material များ၊ Template များ အစုံအလင်ဖြင့် အလွယ်တကူတည်းဖြတ်နိုင်သောSoloop Editor ကိုလည်းထည့်သွင်းပေးထားသည်။
OPPO A11k တွင် Processor speed 2.3GHz အထိရှိသောMediaTek Helio P35 octa-core Processor ကိုထည့်သွင်းထားကာကြီးမားသော 4230 mAh Battery နှင့်အတူ Storage အဖြစ် 2GB RAM + 32GB ROM အပြင် 256GB အထိထည့်သွင်းအသုံးပြုနိုင်သော 3-card Slot ပါဝင်သောကြောင့် ကောင်းမွန်ကြည်လင်စွာဖြင့် ဗီဒီယိုကြည့် ရှုခံစားနိုင်မှု၊ ဂိမ်းကစားရာတွင် ထစ်ခြင်း၊ ဟန်းခြင်းမရှိဘဲကစားနိုင်ခြင်းနှင့် ဖုန်းကိုအချိန်ကြာမြင့်စွာချောချောမွေ့မွေ့ အသုံးပြုနိုင်ခြင်းစသည့် ကောင်းကျိုးများကိုရရှိနိုင်သည်။ Android 9 ကိုအခြေခံထားသောColorOS 6.1 သည် ပိုမိုကောင်းမွန်ဆန်းသစ်ကာသုံးစွဲမှုအဆင်ပြေအောင် စွမ်းဆောင်ပေးမည်ဖြစ်ပြီးစက်ဘီး၊ ဆိုက်ကယ် စီးသူများအတွက် အထူးအဆင်ပြေစေသော Riding Mode ၊ ကွဲပြားခြားနားသောဝန်ဆောင်မှုများကိုတစ်နေရာထဲတွင် ဝင်ရောက်နိုင်ရန် ချိတ်ဆက်ပေးသည့် Smart Assistant ၊ သုံးစွဲလက်စApp မှ ထွက်စရာမလိုဘဲအခြားFile များသို့ အလွယ်တကူကြည့်ရှုခြင်း၊ Screenshotရိုက်ကူးခြင်းစသည်ဖြင့် ဖုန်းသုံးစွဲမှုကိုပိုမိုအဆင်ပြေစေမည့် Smart Sidebar စသည့် အသစ် သစ်သောလုပ်ဆောင်မှုများကိုလည်းထည့်သွင်းပေးထားသည်။ ထို့ပြင် ဂိမ်းကစားခြင်း၊ သီချင်းနားထောင်ခြင်း၊ ဗီဒီယိုကြည့်ခြင်းစသည်တို့ပေါ်တွင် မူတည်၍ အကောင်းဆုံးအသံအရည်အသွေးရရှိအောင် Smart Audio Mode များနှင့် စွမ်းဆောင်ပေးနိုင်သော Dirac Smart Sound Effect လည်းပါဝင်သောကြောင့် OPPO A11k နှင့် ပိုမိုအဆင်မြင့် သက်ဝင်ကောင်းမွန်သောအသံပိုင်းစွမ်းရည်များကိုခံစားနားဆင်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

ရှင်းလင်းလှပသောအသွင်အပြင်၊ သွယ်လျပေါ့ပါးသောကိုယ်ထည်နှင့် ကောင်းမွန်သောစွမ်းဆောင်ရည်များပါဝင်သော OPPO A11k နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါကOPPO A11k Website Page (https://bit.ly/2NWZ8eN) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/oppomyanmar/) တို့တွင် ဝင်ရောက်လေ့လာနိုင်သည်။
OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သောနည်းပညာများ၏ ပေါင်းစပ်မှုကိုရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစားစုံလင်သည့် smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။
သတင်းအချက်အလက်များပိုမိုသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
OPPO Myanmar Facebook_ https://www.facebook.com/oppomyanmar/
OPPO A11k – https://bit.ly/2NWZ8eN