၂၀၂၀ခုနှစ် နိုင်င်ငံတကာအမှတ်တံဆိပ်များစာရင်းတွင် အာရှထိပ်တန်းနံပါတ် ၅ နေရာတွင် Samsung ရပ်တည်

ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သော Samsung သည် Boston Consulting Group (BCG) မှ ထုတ်ပြန်ခဲ့ သည့် ၂၀၂၀ ခုနှစ်အတွက် ဆန်းသစ်တီထွင်မှုအရှိဆုံးကုမ္ပဏီစာရင်းနှင့် Brand Finance မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ခုနှစ် အတွက် ဈေးကွက်တန်ဖိုးအမြင့်မားဆုံးအမှတ်တံဆိပ်များစာရင်း နှစ်ခုလုံးတွင် နံပါတ် ၅ နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်းသိရ သည်။ ထို့အပြင် Samsung သည် ဤကဲ့သို့ ဂုဏ်သိက္ခာကြီးမားသော နိုင်င်ငံတကာ အတိုင်ပင်ခံအဖွဲ့အစည်းများမှ ထုတ် ပြန်ကြေညာသည့် စာရင်း ၂ နှစ်လုံး၏ ထိပ်ဆုံး ၅ နေရာတွင် ရပ်တည်နိုင်ခဲ့သည့် အာရှအမှတ်တံဆိပ်တစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သော၁၄ နှစ်အတွင်း BCG ၏ ဆန်းသစ်တီထွင်မှု အရှိဆုံး ထိပ်ဆုံးကုမ္ပဏီ ၅၀ စာရင်းတွင် ကုမ္ပဏီအရေအတွက် စုစု ပေါင်း ၁၆၂ ခုအထိ ပါဝင်ရပ်တည်နိုင်ခဲ့ရာ ၎င်းတို့အနက် ၃၀ ရာခိုင်နှုန်းသည် ထိပ်ဆုံး ၅၀ စာရင်းတွင် တစ်ကြိမ်တည်းသာ ရပ်တည်နိုင်ခဲ့ကြပြီး ၇၅ ရာခိုင်နှုန်းသည် သုံးကြိမ်(သို့မဟုတ်) သုံးကြိမ်အောက်သာ ပါဝင်နိုင်ခဲ့ချိန်တွင် Samsung သည် ၁၄ နှစ်ဆက်တိုက် နှစ်စဉ်နှစ်တိုင်း ထိပ်ဆုံးကုမ္ပဏီ ၅၀ စာရင်းတွင် ပါဝင်ရပ်တည်နိုင်ခဲ့သည့် ကုမ္ပဏီ ၈ ခုအနက် တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။ BCG ၏ ဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီများအား အဆင့်သတ်မှတ်သည့်နေရာတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှ အောက်တိုဘာလအတွင်း ကမ္ဘာတစ်ဝန်းမှ ဆန်းသစ်တီထွင်မှုပိုင်းဆိုင်ရာ နယ်ပယ်များမှ အကြီးတန်းအရာရှိ ပေါင်း ၂၅၀၀ (အမှုဆောင်အရာရှိအဆင့်မှ ၆၃ ရာခိုင်နှုန်းနှင့် အကြီးတန်း ဒု-ဥက္ကဋ္ဌ (သို့) ဒု-ဥက္ကဋ္ဌအဆင့်မှ ၃၇ ရာခိုင်နှုန်း) အား စစ်တမ်းကောက်ယူမှုများအပေါ်တွင် မူတည်၍ သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ BCG သည် ကုမ္ပဏီများ၏ စွမ်းဆောင် ရည်များအား ရှုထောင့်လေးခုဖြင့် အမှတ်ပေးအကဲဖြတ်ခဲ့ပြီး အဆိုပါ အမှတ်များအား ပျမ်းမျှပြန်လည် တွက်ချက်ကာ နောက် ဆုံးအဆင့် ခြုံငုံသတ်မှတ်ချက်အဆင့်အား တွက်ချက်ပေးခြင်းဖြစ်သည်။

Photo Source https://brandfinance.com/knowledge-centre/reports/brand-finance-global-500-2020/

ကုန်အမှတ်တံဆိပ်များ၏ ဈေးကွက်တန်ဖိုးများနှင့် ပတ်သက်၍ အတိုင်ပင်ခံဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည့် Brand Finance ၏ Global 500 index စစ်တမ်းအရ Samsung သည် ပဉ္ဓမမြောက် ဈေးကွက်တန်ဖိုးအမြင့်မားဆုံး အမှတ် တံဆိပ်အဖြစ် နှစ်နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည့်အပြင် အာရှိတိုက်၏ ဈေးကွက်တန်ဖိုး အမြင့်မားဆုံးသော B2C အမှတ် တံဆိပ်အဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။ Samsung သည် ပြီးခဲ့သည့်နှစ်တွင် အမြတ်ငွေ ၄ ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၉၄ ဒဿမ ၅ ဘီလီယံပိုမိုရရှိခဲ့ပြီး နိုင်ငံတကာ နည်းပညာကဏ္ဍ၏ ဦးဆောင်အင်အားကြီး ကုမ္ပဏီတစ်ခုအဖြစ် ဆက်လက် သက်သေပြနိုင်ခဲ့သည်။
Samsung သည် ယခုနှစ်အတွက် ခန့်မှန်းထားသည့် ဝင်ငွေရရှိမှုအား ကျော်လွန်ခဲ့ပြီး (၎င်း၏ 5G စမတ်ဖုန်းများ ရောင်းချရ မှုသည်လည်း တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့) နိုင်ငံတကာ 5G စမတ်ဖုန်းဈေးကွက်၏ ၅၄ ရာခိုင်နှုန်းအထိအား ရရှိပိုင်ဆိုင်ထားနိုင် ခဲ့သည်။ ထို့အပြင် Samsung သည် နှစ်စဉ်နှစ်တိုင်း Flagship အဆင့် စမတ်ဖုန်း ၂ လုံးခန့်အား တီထွင်ထုတ်လုပ်ပေးနေ လျက်ရှိပြီး အဆင့်မြင့်မားသော နောက်ဆုံးပေါ်နည်းပညာများနှင့်အတူ ဈေးကွက်အား နှစ်စဉ်ဦးဆောင်အဆင့်မြှင့်တင်ပေးနိုင် ခဲ့သည်။ ယခုနှစ်တွင်လည်း Samsung သည် သူမတူသော ဒီဇိုင်းနှင့်နည်းပညာများပါဝင်သည့် Samsung Z Flip စမတ်ဖုန်း အား မိတ်ဆက်ခဲ့ပြီး အနာဂတ်တွင်ငလည်း ပိုမိုကောင်းမွန်ပြီး အဆင့်မြင့်မားသော အလားတူ စမတ်ဖုန်းများအား ထုတ်လုပ် နိုင်သည့် စွမ်းဆောင်ရည်အား ပိုင်ဆိုင်ထားသည့်အတွက်လည်း ၎င်း၏ပြိုင်ဖက်စမတ်ဖုန်းကုမ္ပဏီများအား ထုတ်လုပ်နိုင်သည့် စွမ်းဆောင်ရည်အား ပိုင်ဆိုင်ထားသည့်အတွက်လည်း ၎င်း၏ပြိုင်ဘက်စမတ်ဖုန်း ကုမ္ပဏီများအား သိသိသာသာ အသာစီးရ ယူထားနိုင်ခဲ့သည်။

Photo Source https://web.facebook.com/SamsungMyanmar/

Brand Finance သည် ယခုကဲ့သို့ ကုန်အမှတ်တံဆိပ်များ၏ စုစုပေါင်း ဈေးကွက်တန်ဖိုးအား တိုင်းတာရာတွင် ဈေးကွက်အ တွင်းရင်းနှီးမြှုပ်နှံမှုပမာဏ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှုနှင့် စီးပွားရေးပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များအပါအဝင် ဘက် ပေါင်းစုံမှ အချက်အလက်များအား ထည့်သွင်းတိုင်းတာခဲ့ရာ Samsung သည် AAA-အဆင့်ရရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။ Samsung သည် မတူညီသောသ လုပ်ငန်းကဏ္ဍအသီးသီး တွင် နှစ်စဉ်နှစ်တိုင်း အရည်အသွေးမြင့်ထုတ်ကုန်များအား ဆက်တိုက်ထုတ်လုပ်နိုင်ခဲ့သည့်အတွက်လည်း ယခုကဲ့သို့ ကမ္ဘာ တစ်ဝန်း တန်ဖိုးအမြင့်မားဆုံးနှင့် ဆန်းသစ်တီထွင်မှုအရှိဆုံး ထိပ်ဆုံးကုမ္ပဏီ ၅ ခုစာရင်းတွင် အမေရိကန်နိုင်ငံပြင်ပမှ တစ်ခု တည်းသော ကုန်အမှတ်တံဆိပ်အဖြစ် ပါဝင်နိုင်ခဲ့ခြင်းဖြစ်သည်။
BCG ၏ ၂၀၂၀ ခုနှစ်အတွက် ဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီများအကြောင်းရေးသားထားသည့် အစီရင်ခံစာ အပြည့်အစုံ အားအောက်ပါ Link မှတဆင့် ဝင်ရောက် ဖတ်ရှုနိုင်မည်ဖြစ်သည်။
https://brandfinance.com/knowledge-centre/reports/brand-finance-global-500-2020/