Sensor ကနေတိုက်ရိုက်အလုပ်လုပ်ပေးသည့် ပုံရိပ်ချဲ့ နည်းပညာကို တပ်ဆင်အသုံးပြုပေးထားသော realme 8 Pro ၏ စွမ်းရည်များ

အသစ်ထွက်ရှိပြီးသားဖြစ်သော realme 8 Pro စမတ်ဖုန်းကလည်း ယနေ့ဈေးကွက်တွင် လူကြိုက်များလှသော စမတ်ဖုန်း တစ်လုံးလည်းဖြစ်သည်။
realme အနေဖြင့် အလင်းစူးရှမှုကိုကာကွယ်ပေးသော မှန်သားပြုပြင်မှုလုပ်ဆောင်ချက် နည်းလမ်း အသစ်မှတစ်ဆင့် တလက်လက်တောက်ပနေသော ကြယ်စင်စုအသွင်ဖန်တီးချက်ကို ဖော်ထုတ်ရယူထားနိုင်ခဲ့ပြီဖြစ်သည်။ အေးခဲပြုပြင်ထားသော အလင်းစူးရှမှုကိုကာကွယ်ပေးသည့် အမှုံလေးများကို အကြီးချဲ့ကာ အလင်းအားဖြည့်ပေးထားခြင်း ဖြစ်ပြီး လေးနက်သည့်ရှုထောင့်အသွင်ခံစားချက်မျိုးကို ပေးစွမ်းစေသော အနုစိပ်ထိတွေ့မှုကို ဖန်တီးစေခြင်းဖြစ်သည်။ နောက်ဆုံးရလဒ်အနေဖြင့် ကြမ်းရှမှုနှင့် နူးညံ့မှု၊တောက်ပ မှုနှင့် မှိန်ပြမှုတို့ကိုပေါင်းစပ်ပေးသောသဘာဝကြည်လင်သည့် အသွင်ကို ရရှိစေခြင်းဖြစ်သည်။
realme 8 Pro ၏အထူမှာ 8.1 မီလီမီတာနှင့် အလေးချိန်မှာ 176 ဂရမ်သာရှိသည့်အပြင် အလင်းစူးရှမှုကို ကာကွယ် ပေးသောဖန်သားပြုပြင်လုပ်ဆောင်မှုက သင့်လက်ထဲတွင် ပိုမိုသက်သောင့်သက်သာရှိသော ထိတွေ့မှုကိုပါ ရရှိစေဦး မည်ဖြစ်သည်။

Photo Source https://www.realme.com/mm/realme

108MP ကင်မရာတွင် Samsung ၏ ISOCELL HM2 အမျိုးအစား ကြီးမားသော 1/1.52 လက်မ sensor ကို ပေါင်းစပ်အသုံးပြုထားပြီး ISOCELL Plus pixel သီးသန့်ခွဲထုတ်လုပ်ဆောင်မှုစနစ် နှင့် အမြင့်ဆုံးရုပ်ထွက်အရည်အသွေး 12000×9000 အထိရရှိစေမည်ဖြစ်သည်။ ထို့အပြင် 9-in-1 Pixel ပေါင်စပ်ပေးသည့် နည်းပညာက 0.7μm pixesl ချိန်ညှိမှု (၉) မျိုးအထိလုပ်ဆောင်ပေးကာ ပိုမိုကြီးမားသည့် 2.1 μm pixels ဖြစ်ပေါ်စေရန် ပေါင်းစပ်ပေးစေခြင်းဖြစ်ပြီး ရုပ်ထွက်အလင်းအားကိုပိုမိုကောင်းမွန်စေခြင်းဖြစ်သည်။ နေ့အချိန်ပဲဖြစ်ဖြစ်၊ ညအချိန်ပဲဖြစ်ဖြစ် ကြည်လင်ထင် ရှားတောက် ပပြီး အသက်ဝင်သော ပုံရိပ်များကို အလွယ်တကူ ရိုက်ယူနိုင်စေမည်ဖြစ်သည်။
Sensor ကနေတိုက်ရိုက်အလုပ်လုပ်ပေးသည့် ပုံရိပ်ချဲ့ နည်းပညာကို တပ်ဆင်အသုံးပြုပေးထားသော realme 8 Pro တွင် 3X Optical Zoom ဖြင့်ရိုက်ယူသောပုံများထက်အရည်အသွေးကျဆင်းမှုမရှိသော ပုံများရိုက်ယူနိုင်စေမည့် 3X Ultra Zoom စနစ်ကို အသုံးပြုထားခြင်းဖြစ်သည်။ တစ်ချိန်တည်းဖြင့် ပုံ (၈) ပုံကို တစ်ပြိုင်တည်းရိုက်ယူကာ ပြန်လည်ပေါင်းစပ်ပးပြီး ပြတ်သားမှုအပိုင်း ကောင်းမွန်စေသောရုပ်ထွက်မျိုးကိုလုပ်ဆောင်ပေးခြင်းဖြစ်သည်။
9-in-1 pixel ပေါင်းစပ်ပေးသည့်စနစ်၊ Smart-ISO နည်းပညာတို့ပေါင်းစပ်ပေးမှုနှင့် အဆင့်မြှင့်တင်ပေးထားသည့် Super Nightscape Mode တို့နှင့်အတူ ပြည့်ဝစိုပြေသောအနုစိပ်ကျသည့် ညမြင်ကွင်းကို ဖမ်းယူရရှိနိုင်မည်ဖြစ်သည်။ Pure Raw Nightcsape တိုင်းတာတွက်ချက်ပေးသည့်စနစ်က ဉာဏ်ရည်တု (AI) အခြေခံ ပုံရိပ်အတွင်း Noise (အစက်အပျောက် ဝေဝါးခြင်း) လျှော့ချပးသည့်စနစ်နှင့် pixel အသေများ အလိုအလျောက်ဖယ်ရှားမှုစနစ်တို့ကို အသုံးပြုကာ Nightscape ဖြင့်ရိုက်ယူထားသောပုံများမှာ ထင်ရှားပြတ်သားမှုရှိနေစေမည်ဖြစ်သည်။
Tilt-shift Time-lapse Video နှင့် Tilt-shift Mode တို့က သင့်ဝန်းကျင်းတစ်ခုလုံးကို ဆန်းသစ်အနုပညာဆန်းသော အသွင်းအဖြစ် ပေးစွမ်းနိုင်စေမည်ဖြစ်ပြီး အဆောက်အအုံဦးပုံရိပ်နှင့် လူပုံရိပ်များမှာ သင့်ဖန်တီးမှုထဲတွင် ပုံစံငယ်လေး များအဖြစ် မြင်ရစေမည်ဖြစ်သည်။
Starry Time-lapse Video နှင့် Starry Mode တို့ကို အသုံးပြုကာ သင့်အနေဖြင့် တစ်ချက်တို့ထိလိုက်ရုံဖြင့် ဂလက်ဆီထဲမှ ထူးခြားဆန်းကြယ်သော ကြယ်စင်များနှင့် ကြယ်စင်တန်းတို့၏ အံ့ချီးဖွယ်ရာတို့ကို ဖမ်းယူရိုက်ကူးနိုင်စေမည်ဖြစ်သည်။

Photo Source https://www.realme.com/mm/realme

ရိုက်ချက်ပေါင်းစုံကို အဆင့်မြှင့်တင်ပေးသွားမည့် portrait (အလှပုံရိုက်ကူးမှု) လုပ်ဆောင်ချက်အသစ်များစွာဖြင့် နေ့စဉ်လှုပ်ရှားမှုပုံရိပ်ဖန်တီးမှုဓာတ်ပုံပညာကို နောက်တစ်ဆင့်ဆီတိုးမြှင့်ပေးသွားစေမည်ဖြစ်သည်။
Neon Portrait Mode က နီယွန်ညအလှလို လှပတဲ့အငွေ့အသက်တွေဖန်တီးနိုင်စေဖို့ နောက်ခံအလင်းကနေတစ်ဆင့် လုပ်ဆောင်ပေးစေခြင်းဖြစ်သည်။ Dynamic Bokeh ကိုအသုံးပြုကာ ရွှေ့လျားနေသော နောက်ခံပုံရိပ်များကို ဆန့်ကျင်ကာ အလေးပေးပုံရိပ်ကို အသားပေးပုံဖော်စေနိုင်သော ခံစားချက်ကို ဖန်တီးပေးစွမ်းနိုင်မည်ဖြစ်သည်။
အထူးပြုလုပ်ချက်များကို အသုံးပြုစရာမလိုဘဲနှင့် သဘာဝဆန်ပြီး ထင်ရှားပြတ်သားသော အလှ portrait များ ကိုဖမ်းယူနိုင် စေမည်ဖြစ်သည်။ realme ၏ AI Portrait Algorithm တွက်ချက်မှုစနစ်က မတူညီသည့်ပတ် ဝန်းကျင်အခြေအနေ အမျိုးမျိုးတွင် အလှပုံများကိုအလိုအလျောက် မှတ်သားသိရှိစေကာ အမြင့်ဆုံးလိုက်ဖက်မှုကို ပြန်လည်ပေးစွမ်းစေခြင်းဖြစ် သည်။
အရှေ့နှင့်အနောက် ကင်မရာတို့ကိုအသုံးပြုပြီး video ရိုက်ကူးခြင်းကို တစ်ပြိုင်တည်းလုပ်ဆောင်စေကာ မတူညီသည့်မြင် ကွင်းနှစ်ခုမှ တူညီသည့်အံ့အားသင့်စရာအခိုက်အတန့်ကို ဖမ်းယူနိုင်စေမည်ဖြစ်သည်။ လှပသည့်ညမြင်ကွင်း video များရိုက်ကူးမှုမှာ အမြဲတမ်းလွယ်ကူနေခြင်းတော့မဟုတ်ပါဘူး။ Ultra Nightscape Video စနစ်မှာ ယခုအခါတွင် အလို အလျောက်အလင်းဖမ်းယူပေးသောစနစ်ပံ့ပိုးထားသည့် AI အဆင့်မြှင့်တင်တွက်ချက်ပေးမှုစနစ်ကိုထည့်သွင်းပေးထားပြီး အလင်းအားပမာဏနှင့် ရှင်းလင်းပြတ်သားမှုကို တိုးမြင့်ပေးစေခြင်းဖြစ်သည်။
Snapdragon 720G မှာ အဆင့်မြှင့်တင်ထားသော CPU နှင့် GPU တည်ဆောက်မှုစနစ်ကို အသုံးပြုပေးထားပြီး ပိုမိုကောင်းမွန်သော အချက်အလက်လုပ်ဆောင်မှုနှင့် ပုံရိပ်လုပ်ဆောင်မှုစွမ်းဆောင်ရည်တို့ကို ရရှိစေခြင်းဖြစ်သည်။ ယခုအသုံးပြုထားသော chip မှာ ဖုန်း၏လည်ပတ်လုပ်ဆောင်မှုကို ချော့မွေ့စေရုံသာမက ဂိမ်းပိုင်းဆိုင်ရာ တောင်းဆိုမှု များကိုပါ အလွယ်တကူ လုပ်ဆောင်ပေးနိုင်စေခြင်းဖြစ်သည်။
180Hz touch sampling rate (မျက်နှာပြင်ထိတွေ့မှုကိုမှတ်သားမှုစနစ်) က ထိတွေ့မှုထိန်းချုပ်စနစ်ကို ပိုမိုမှတ်သားနိုင် စေကာ ပိုမိုမြန်ဆန်သောတုံ့ပြန်မှုကို ပြန်လည်ပေးစွမ်းစေနိုင်မည်ဖြစ်ပြီး ပိုမိုကောင်းမွန်သော ဂိမ်းပိုင်းအတွေ့ အကြုံကောင်များကို ယူဆောင်ပေးစေမည်ဖြစ်သည်။
realme 8 Pro တွင် လက်ဗွေဖတ်စနစ်ကို မျက်နှာပြင်ထဲတွင်မြှုပ်နှံပေးထားပြီး ပုံမှန်သမားရိုးကျ ခလုပ်နှိပ်လက်ဗွေ ဖတ်စနစ် ထက် သဘာဝခံစားချက်ပိုကောင်း၊ တုံ့ပြန်လုပ်ဆောင်မှုမြန်ဆန်သော ဖုန်းဖွင့်မှုစနစ်ကို ရရှိစေမည်ဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.realme.com/mm/realme