၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထွက်ရှိမည့် vivo Y53s စမတ်ဖုန်းကို PRE-ORDER ကြိုတင်မှာယူနိုင်

vivo သည် မြန်မာနိုင်ငံရှိ လူငယ်များအတွက် ရည်ရွယ်ပြီး နောက်ဆုံးပေါ် Y series စမတ်ဖုန်း vivo Y53s ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ၅၃၉,၈၀၀ ကျပ်ဖြင့် Pre-order ဖြင့် ကြိုတင်မှာယူနိုင်ပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ထူးခြားသော စွမ်းဆောင်ရည်နှင့် လှပသော 3D ဒီဇိုင်းတို့ဖြင့် လူငယ်တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားသော vivo Y53s ကို Deep Sea Blue နှင့် Fantastic Rainbow အရောင်နှစ်ရောင်ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် ၅၃၉,၈၀၀ ကျပ် ဖြင့် vivo showroom များနှင့် vivo counters ရှိသော Mobile Phone အရောင်းဆိုင်များတွင် ကြိုတင်မှာယူနိုင်ပြီ ဖြစ်သည်။
vivo ၏ Y series စမတ်ဖုန်းများ အားလုံးသည် လူငယ်များအတွက် ရည်ရွယ်၍ ကြည်လင်ပြတ်သားသည့် ဓာတ်ပုံအတွေ့အကြုံ၊ အချိန်ကြာကြာနှင့် ချောမွေ့သည့် Entertainment အတွေ့အကြုံများအတွက် Top-notch processors များ ထည့်သွင်းပေးထားပြီး ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.vivo.com/en/about-vivo/news

ယခု vivo Y53s ဖုန်းအသစ်တွင် အခြေအနေအားလုံးနှင့် အဆင်ပြေသည့် 2MP Bokeh Camera ၊ 2MP Macro Camera တို့ပါဝင်သော 64MP Rear Cameraတပ်ဆင်ထားသည်။ vivo အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် Rear Camera တွင် ၎င်း၏ Eye Autofocus နည်းပညာကို ထည့်သွင်းပေးထားသောကြောင့် ဓာတ်ပုံရိုက်နေစဉ် Focus ကို အမြဲချိန်ညှိ နေရခြင်းမှ သက်သာစေမည်ဖြစ်သည်။ အလင်းရောင်မှိန်၊ အလင်းအားနည်းသည့် အခြေအနေများတွင် ဓာတ်ပုံရိုက်ရန် အလွန်အသုံးဝင်စေမည်ဖြစ်သည်။ Super Night Mode သည် Indoor နှင့် Outdoor နှစ်ခုစလုံးတွင် အလင်းရောင်မှိန်၊ အလင်းအားနည်းသည့် အခြေအနေ၌ ရိုက်ကူးထားသော ပုံများ၏ အလင်းရောင်အားကို တိုးမြှင့် ပေးမည်ဖြစ်သည်။ Ultra-Stable Video သည် EIS (Electronic Image Stabilization) နည်းပညာကို အသုံးပြု ထားသောကြောင့် လက်ဖြင့် ရိုက်ကူးနေစဉ် ကင်မရာတုန်ခါမှုကြောင့်ဖြစ်သည့် မှုန်ဝါးခြင်းများကို လျော့ချပေးပြီး အရည်အသွေးကောင်းမွန်သော ဗီဒီယိုများ ရိုက်ကူးစေနိုင်သည်။ Selfie ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးရာတွင် အသုံးပြုသူများသည် Super Night Selfie နှင့် လွန်စွာအဆင်ပြေသည့် Aura screen light ကို ဖွင့်၍ ရိုက်ကူးမည် ဆိုပါက ပရော်ဖက်ရှင်နယ်ကျသည့် အလင်းရောင် အတိုင်း ရရှိစေနိုင်သည်။

Photo Source https://www.vivo.com/en/about-vivo/news

vivo Y53s တွင် 128GB ROM + 1TB Memory Expansion နှင့် အတူ 8GB RAM+4GB RAM အထိ ထည့်သွင်းပေးထား သည့်အတွက် အသုံးပြုသူများအနေဖြင့် အက်ပလီကေးရှင်းများစွာကို နှောင့်နှေးခြင်း မရှိဘဲ အဆင်ပြေပြေနှင့် လွယ်လွယ် ကူကူ အသုံးပြုနိုင်မည် ဖြစ်သည်။ Y53s စမတ်ဖုန်းတွင် 5000mAh ရှိသည့် စွမ်းဆောင်ရည်မြင့် ဘက်ထရီကိုလည်း ထည့်သွင်းပေးထားသည်။ ထို့ပြင် 33W Flash Charge ပါဝင်သည့်အတွက် စမတ်ဖုန်း အသုံးပြုသူများအတွက် ပြီးပြည့်စုံသော Entertainment အတွေ့အကြုံများ ပေးစွမ်းနိုင်မည်ဖြစ်သည်။
“vivo မှာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို နောက်ဆုံးပေါ် နည်းပညာတွေ ပေးစွမ်းနိုင်ဖို့ ဆန်းသစ်တီထွင်မှုတွေကို အဆက်မပြတ် ပြုလုပ်လျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ လူသိများပြီး လူငယ်ဆန်သော Y Series ထဲကနေ ထပ်မံပြီး ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံး အဖော်အဖြစ် Y53s ကို ယူဆောင်လာဖို့ အလွန်စိတ်လှုပ်ရှားမိပါတယ်။ Y53s ဟာ ထူးခြားတဲ့ ကင်မရာအရည်အသွေး၊ မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ သေသပ်လှပတဲ့ ဒီဇိုင်းတို့ ပါဝင်တဲ့ All-in-one ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒီ စမတ်ဖုန်းကို လူငယ်ဆန်ပြီး ခေတ်မီတဲ့ လူငယ်တွေအတွက် သူတို့ရဲ့ နေ့စဉ်လူနေမှုဘဝကို ဘက်စုံဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး ဖန်တီးထားတာဖြစ်ပါတယ်။ Y Series ကတော့ နည်းပညာပိုင်းမှာ သေသေချာချာ ပြုလုပ်ဖန်တီးထားတာဖြစ်လို့ အကောင်းဆုံး သုံးစွဲသူအတွေ့အကြုံတွေကို ပေးစွမ်းနိုင်တဲ့အပြင် လူအများတတ်နိုင်တဲ့ Series ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ယခုလာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ Y53s ကို စတင်မိတ်ဆက်ဖို့ စိတ်လှုပ်ရှားလျက်ပြီး ယခုအချိန်မှ စ၍ Pre-order များကိုလည်း လက်ခံနေပြီ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်” ဟု vivo Mobile Myanmar ၏ CEO ဖြစ်သူ Mr.Nelson Ni က ပြောကြားခဲ့သည်။