ဓာတ်ပုံအတွေ့အကြုံနှင့် Entertainment အတွေ့အကြုံများအတွက် အကောင်းဆုံးဖြစ်သော Y53s စမတ်ဖုန်းကို မြန်မာဈေးကွက်တွင် စတင်မိတ်ဆက်

vivo မှ မြန်မာနိုင်ငံရှိ လူငယ်များအတွက် ရည်ရွယ်သည့် နောက်ဆုံးပေါ် Y series စမတ်ဖုန်း vivo Y53s ကို မြန်မာနိုင်ငံတွင် စတင်ဝယ်ယူနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။ 64MP Rear Camera နှင့်အတူ အခြားဆွဲဆောင်မှု ရှိသည့် Features များ ထည့်သွင်းထားသည့် vivo Y series ၏ နောက်ဆုံးထွက်ရှိသော Y53s ကို စက်တင်ဘာလ ၂၆ ရက်နေ့ မှစ၍ စတင်ရောင်းချနေပြီဖြစ်သည်။ အဆိုပါ Y53s ကို တောက်ပသည့် 3D color များဖြစ်သည့် Deep Sea Blue နှင့် Fantastic Rainbow တို့ဖြင့် vivo Myanmar Showroom၊ လက်လီအရောင်းဆိုင်များနှင့် e-commerce ဝက်ဘ်ဆိုက် (https://bit.ly/3miNxI7) တို့တွင် ၅၃၉,၈၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
vivo Y53s ဖုန်းတွင် ကြည်လင်ပြတ်သားသည့် ဓာတ်ပုံအတွေ့အကြုံများ ရရှိနိုင်ရန်အတွက် 64MP Rear Camera တပ်ဆင်ပေးထားပြီး Eye Autofocus Feature ပါဝင်သည့် ပထမဦးဆုံး Y series ဖုန်းဖြစ်သည်။ ထို့ပြင် များစွာသော အက်ပလီကေးရှင်းများ အသုံးပြုရာတွင် ချောမွေ့နေစေရန် အဆင့်မြင့်ထားသည့် 8GB + 4GB Extended RAM နှင့် 33W FlashCharge စနစ်တို့ဖြင့် အားဖြည့်ပေးထားပြီး အသုံးပြုသူများအတွက် ပြီးပြည့်စုံသော ဖုန်းတစ်လုံးဖြစ်စေမည်ဖြစ်သည်။

Photo Source https://www.vivo.com/en/about-vivo/news

vivo Y53s တွင် 33W FlashCharge နည်းပညာဖြင့် ဖြည့်စွက်ထားသည့် 5000mAh ဘက်ထရီပါဝင်သည့်အတွက် ကင်မရာနှင့် အက်ပလီ ကေးရှင်းများကို အချိန်ကြာအသုံးပြုနိုင်မည်ဖြစ်ပြီး Content Creators များနှင့် Professionals များအတွက် တစ်နေ့လုံး အလုပ်လုပ်နိုင်ရန် စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။ vivo Y53s တွင် လှပသော Rear Camera Module ကို တပ်ဆင် ထားသောကြောင့် သုံးစွဲသူများအတွက် လှပကြော့ရှင်းသည့် 3D ဒီဇိုင်း ဖုန်းအသွင်အပြင်ဖြစ်စေမည်ဖြစ်ပြီး ကြည်လင် ပြတ်သားသော ရိုက်ချက်များပေးစွမ်းနိုင်ကာ နေရာမရွေး လျင်မြန်စွာ အသုံးပြုနိုင်သည့် ခေတ်မီ Device တစ်ခု ဖြစ်စေမည်ဖြစ်သည်။
vivo Y53s ၏ Main Camera ကို တြိဂံပုံစံ ကင်မရာစနစ်သုံးခုဖြစ်သည့် 64MP Rear Camera၊ 2MP Bokeh Camera၊ 2MP Macro Camera တို့ဖြင့် ဖွဲ့စည်းထားသည်။ ကင်မရာစနစ်တွင် Eye Autofocus နည်းပညာနှင့် ပေါင်းစပ်ပေးထားခြင်းကြောင့် Software-hardware နှစ်ခုတို့၏ လုပ်ဆောင်ချက်များကို ဟန်ချက်ညီစေပြီး ကြည်လင်ပြတ်သားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများကို ဖန်တီးပေးနိုင်သည်။ Phase Detection Auto Focus (PDAF) နည်းပညာကို ထည့်သွင်းထားသည့်အတွက် ရုပ်ပုံပေါ်ရှိ Focus များကို စဉ်ဆက်မပြတ် ထိန်းထားပေးနိုင်ပြီး ရှင်းလင်းပြတ်သားသော ဓာတ်ပုံများနှင့် လှုပ်ရှားမှုပုံရိပ်များ ရရှိနိုင်မည်ဖြစ်သည်။ Y53s ၏ Super Night Mode သည် အလင်းရောင် မှိန်/နည်းသည့် အခြေအနေများတွင် အလင်းရောင်အားကို အလိုအလျောက်ထိန်းညှိပေးပြီး ရုပ်ပုံအတွင်းရှိ Noise များကို အတတ်နိုင်ဆုံးဖယ်ရှားပေးသည်။ Super Night Selfie ကလည်း များစွာသော ရုပ်ပုံအပိုင်းအစများကို ဖမ်းယူပေါင်းစပ်ပေးပြီး ကြည်လင်ပြတ်သားမှုရှိသည့် Night Selfie များကို ရရှိစေနိုင်သည်။ ထို့ပြင် အလင်းရောင်ကို ပိုမိုကောင်းမွန်စေရန်နှင့် ပတ်ဝန်းကျင် အလင်းရောင်နှင့် လိုက်လျောညီထွေဖြစ်အောင် အလိုအလျောက်ညှိပေးပြီး မျက်နှာကို ပိုမိုတောက်စေရန်အတွက် Aura Screen Light ကိုလည်း အသုံးပြုနိုင်သည်။

Photo Source https://www.vivo.com/en/about-vivo/news

vivo Y53s ဖုန်းတွင် EIS (Electronic Image Stabilization) နည်းပညာကို အသုံးပြုထားသည့် Ultra-Stable Video Feature ပါဝင်သည်။ အဆိုပါ နည်းပညာသည် တည်ငြိမ်ချောမွေ့သော ဗီဒီယိုများ ရိုက်ကူးနိုင်ရန်အတွက် ကူညီပေးကာ လက်ဖြင့် ရိုက်ကူးနေစဉ် ကင်မရာတုန်ခါမှုရှိသည့် အပိုင်းအစများကို ဖယ်ရှားရန် အီလက်ထရောနစ်နည်းဖြင့် ညှိပေးသည့် စနစ်ဖြစ်သည်။ ထို့ပြင် ရုပ်ပုံအသေးစိတ်များကို ပိုမိုတက်ကြွစေရန်၊ မှားယွင်းသော အရောင်များကို အနည်းဆုံးဖြစ်စေရန်နှင့် ထူးခြားကောင်းမွန်သည့် ဓာတ်ပုံအတွေ့အကြုံများ ပေးစွမ်းနိုင်ရန်အတွက် Y53s တွင် Bokeh effects၊ AI Face Beauty နှင့် အရောင်ညှိပေးသည့် အဆင့်မြင့် Multi-Style Portrait feature ကို ထည့်သွင်းထားသည်။
vivo Y53s တွင် 128GB ROM နှင့် 1TB Memory Expansion နှင့်အတူ 8GB RAM+4GB RAM အထိ ထည့်သွင်းပေးထားသည့်အတွက် အသုံးပြုသူများအနေဖြင့် အက်ပလီကေးရှင်းများစွာကို နှောင့်နှေးခြင်း မရှိဘဲ အဆင်ပြေပြေနှင့် လွယ်လွယ်ကူကူ အသုံးပြုနိုင်မည်ဖြစ်သည်။ Y53s စမတ်ဖုန်းတွင် အက်ပလီကေးရှင်းများအကြား အလွယ်တကူ ကူးပြောင်း နိုင်ပြီး မှတ်ဉာဏ်အသုံးပြုမှုစွမ်းရည်ကို တိုးမြှင့်နိုင်ရန်အတွက် RAM နှင့် ROM တို့ကို ထိရောက်စွာ ပေါင်းစပ်ပေးသည့် Optimization Algorithm ကို အသုံးပြုထားသည်။ ထို့ပြင် Multi-tasking ကို ကောင်းစွာ ပြုလုပ်နိုင်ရန်အတွက် 33W FlashCharge နှင့် 5,000mAh ရှိသည့် စွမ်းဆောင်ရည်မြင့် ဘက်ထရီကိုလည်း ထည့်သွင်းပေးထားသည်။
vivo Y53s တွင် စနစ်တကျ နေရာချထားသည့် R3 Camera Layout နှင့်အတူ Y53s ကို ပါးလွှာရိုးရှင်းပြီး ကျစ်လျစ်သည့် ဒီဇိုင်းပုံစံဖြင့် ဖန်တီးထားသည်။ vivo ၏ ကိုယ်ပိုင် အမှတ်အသားတစ်ခုဖြစ်သည့် Dual-color Lens ဒီဇိုင်းသည် Y53s ၏ 3D ကိုယ်ထည်ကို အရောင်များဖြင့် ပိုမိုအသက်ဝင်စေပြီး ခေတ်မီသည့် ဖွဲ့စည်းမှုပုံစံကို ရရှိနိုင်သည်။ Y53s စမတ်ဖုန်းကို ခေတ်ဆန်သည့် သဘာဝအရောင် နှစ်မျိုးဖြစ်သည့် Deep Sea Blue နှင့် Fantastic Rainbow တို့ဖြင့် ဝယ်ယူရရှိနိုင်သည်။ ထို့ပြင် ကျစ်လျစ်သပ်ရပ်သည့် ဒီဇိုင်းနှင့် လိုက်ဖက်နေသည့် Side Fingerprint သည်လည်း Y53s စမတ်ဖုန်းပုံစံကို ပိုမို လှပစေသည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.vivo.com/en/about-vivo/news