Side-Mounted Fingerprint နှင့် အရည်အသွေးမြင့် vivo Y12A စမတ်ဖုန်းအကြောင်း

Y12A တွင် 6.51 လက်မ Halo Fullview TM Display နှင့် HD+ အရည်အသွေးရှိ (1600×720) resolution တို့ပါဝင်သည်။ ဗီဒီယိုများနှင့် ဂိမ်းများအတွက် ကျယ်ကျယ်ပြန့်ပြန့် မြင်ကွင်းနဲ့ ခံစားနိုင်မည်ဖြစ်သည်။ ၎င်း မျက်နှာပြင်သည် မျက်စိကို အန္တရာယ်ရှိသော အပြာရောင်မီးများကို စစ်ထုတ်ပေးနိုင်စွမ်းရှိသည်။
Glacier အပြာရောင်သည် မှော်ဆန်သော ရေခဲမြစ်တစ်ခုကဲ့သို့ အပြာဖျော့ရောင် မျက်နှာပြင်ပေါ်တွင် ဖြာကျနေသော သက်တံ့ရောင်များကို အသုံးပြုဖော်ကြူးထားသည်။ ဒါဟာ လန်းဆန်းတက်ကြွမှုအငွေ့အသက်တစ်ခုဖြစ်သလို ရိုမန်တစ် လည်း ဆန်သည်ဟု ဆိုနိုင်သည်။
vivo ၏ Side-Mounted Fingerprint ဒီဇိုင်းသည် ပါဝါအဖွင့်ခလုတ်နှင့် လက်ဗွေစနစ်ကို ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။ ယင်းဒီဇိုင်းသည် Y12A ကို ပိုမိုစတိုင်ကျလှပပြီး သပ်ရပ်သားနားစေတဲ့အပြင် ထပ်မံအားစိုက်ထုတ်စရာမလိုအောင် သုံးစွဲသူအတွေ့အကြုံကို ကောင်းမွန်စေသည်။

Photo Source https://www.vivo.com/mm/products

Y12A တွင် 5000mAh (TYP) ဘက်ထရီပါရှိပြီး AI စွမ်းအင်ချွေတာသောနည်းပညာဖြင့်ထောက်ပံ့ပေးထားလို့ နေ့ရက်တိုင်းမှာ အားအမြဲပြည့်နေစေမှာဖြစ်သည်။ တစ်ကြိမ် အားအပြည့်သွင်းထားပါက ၁၇.၄ နာရီ အွန်လိုင်း HD ရုပ်ရှင်လွှင့်ခြင်း (သို့) ၁၀.၂ နာရီ စွမ်းအင်သုံးများသော ဂိမ်းများကို ကစားနိုင်သည်။ ၎င်းကို 5V / 1A Reverse Charging ဖြင့်လည်းအင်ဂျင်နီယာလုပ်ထားခြင်းကြောင့် Y12A များကို ပါဝါဘဏ် ကဲ့သို့ အခြားကိရိယာများကို အားသွင်းရန် အသုံးပြုနိုင်ပါသေးသည်။
AI Dual Camera ကို Face Beauty နှင့် Filters များအပါအဝင် နေ့စဉ်ရိုက်ကူးရေးတွေအတွက် ဒီဇိုင်းထုတ် ထားသည့်အင်္ဂါရပ်များဖြင့် ထောက်ပံ့ပေးထားသည်။ 13MP အနောက်ဘက်ကင်မရာနှင့် f / 2.2 ကြီးမားသော aperture တို့ဖြင့် အသေးစိတ်ကျမှုတွေအားလုံးဟာ တောက်ပနေမှာ အမှန်ပင်ဖြစ်သည်။ 2MP Bokeh ကင်မရာသည် တိကျမှန်ကန်သောရလဒ်များကို ရရှိစေသည်။ အဆင့်မြှင့်တင်ထားသော bokeh algorithm ပါဝင်သည်။
vivo ၏ Face Wake က ဖုန်းကို အသုံးပြုသူ၏မျက်နှာကိုမှတ်မိသည် နှင့်တပြိုင်နက်တည်း ဖွင့်ပေးနိုင်သည်။ Side Fingerprint နှင့်တွဲဖက်ပါက အဆင်ပြေလွယ်ကူပြီး စမတ်ကျမှုများရရှိစေမှာဖြစ်သည်။

Photo Source https://www.vivo.com/mm/products

vivo Y12 A တွင် ထူးကဲသော Multi-Turbo 3.0 သည် ဂိမ်းတွင်ထစ်ငေါ့ခြင်းနှင့် နောက်ကျခြင်းတို့ကို လျှော့ချရန် အဓိကမြင်ကွင်းများကို အကောင်းဆုံးအာရုံစိုက်နိုင်စေသည်။ ၎င်းသည် CPU နှင့် internal သိုလှောင်မှုအရင်းအမြစ်များကို လည်ပတ်နေသည့်အချိန်တွင်လည်း ခွဲဝေသတ်မှတ်ခြင်းပြုလုပ်ရန်အတွက် အင်ဂျင်နီယာတစ်ဦးကဲ့သို့ဖြစ်သည်။
အသေးစိတ် အာရုံစိုက်သော iManager သည် vivo အသုံးပြုသူများကို ပျင်းစရာကောင်းသော နေ့စဉ်အလုပ်များမှ လွတ်မြောက်စေသည်။ ဖုန်းကိုသန့်ရှင်းရေးလုပ်ခြင်း (သို့မဟုတ်) ပြဿနာများကို စစ်ဆေးခြင်းစသည့် လုပ်ငန်းများကို ညအချိန်မှာ ဂရုစိုက်ရန် ပြင်ဆင်ပေးသည်။ ညအိပ်အနားယူချိန်၌ iManager သည် ဖုန်းကို ကောင်းမွန်တဲ့ ပုံစံအတိုင်း ဖြစ်အောင် ထိန်းသိမ်းပေးထားမည်ဖြစ်သည်။