Samsung Galaxy Z Fold3 နှင့် Galaxy Z Flip3 စမတ်ဖုန်းများ မြန်မာနိုင်ငံတွင် pre-order မှာယူမှု စံချိန်တင်မြင့်တက်

၂၀၂၁ ခုနှစ် သြဂုတ်လအတွင်း အသစ်မိတ်ဆက်ခဲ့သည့် Samsung ၏ မျိုးဆက်သစ်ခေါက်ချိုးစမတ်ဖုန်း Galaxy Z Fold3 နှင့် Galaxy Z Flip3 တို့အား မြန်မာနိုင်ငံတွင် ကြိုတင်မှာယူနိုင်မည့် အချိန်ကာလသည် (စက်တင်ဘာလ ၁၈ ရက်နေ့) တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးပေါ် အဆင့်မြင့်မိုဘိုင်းနည်းပညာများနှင့် လုပ်ဆောင်ချက်များအား ထည့်သွင်းပေးထားသည့် အဆိုပါ မျက်နှာပြင်ခေါက်ချိုး စမတ်ဖုန်းသစ်များသည် ကမ္ဘာတစ်ဝန်း၌ စံချိန်တင် ကြိုတင်မှာယူမှုများ ရရှိခဲ့သည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ယခင်မိတ်ဆက်ပြီး ခေါက်ချိုးဖုန်းများထက် ကြိုတင်မှာယူမှုပမာဏသည် သိသိသာသာ ပိုမိုများပြားခဲ့သည်။ မြန်မာနိုင်ငံတွင် Galaxy Z Fold3 အား ကြိုတင်မှာယူမှု အရေအတွက်သည် ယခင် Galaxy Z Fold2 နှင့်နှိုင်းယှဉ်ပါက ၃ ဒဿမ ၅ ဆ ပိုမိုများပြားခဲ့ပြီး Galaxy Z Flip3 အား ကြိုတင်မှာယူမှုသည်လည်း ယခင် Galaxy Z Flip နှင့် နှိုင်းယှဉ်ပါက ၄ ဒဿမ ၉ ဆ အထိပိုမိုများပြားခဲ့သည်။

Photo Source http://news.samsung.com

မြန်မာနိုင်ငံမှ သုံးစွဲသူများအနေနှင့် Black နှင့် Silver အရောင်များ ရရှိနိုင်မည့် Galaxy Z Fold3 စမတ်ဖုန်းအား ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၃,၄၃၉,၀၀၀ ဖြင့်လည်းကောင်း၊ အရောင်အသစ်အဆန်းများဖြစ်သည့် Cream နှင့် Lavender အရောင်များရရှိနိုင်မည့် Galaxy Z Flip3 ကိုမူ ကြိုတင်မှာယူမှု မြန်မာငွေကျပ် ၂,၁၅၉,၀၀၀ ဖြင့်လည်းကောင်း အသီးသီး ရွေးချယ်မှာယူနိုင်ခဲ့ကြသည်။ ထို့အပြင် ကြိုတင်မှာယူသူများ ပိုမိုအဆင်ပြေလွယ်ကူစေရန် အတွက်လည်း Samsung မြန်မာသည် ၁၀၀% မိုဘိုင်းဘဏ်ငွေပေးချေမှု၊ လက်ရှိကိုင်ဆောင်ထားသော Samsung စမတ်ဖုန်းများဖြင့် လဲလှယ်ခြင်းအစီအစဉ်များအပြင် အထူးလက်ဆောင်များအနေနှင့် Z Fold3 ဝယ်ယူသူများအား S Pen၊ Flip Cover၊ Galaxy Buds Pro နှင့် Z Flip3 ဝယ်ယူသူများအား Clear Cover၊ Galaxy Buds Pro တို့ကိုလည်း ပေးအပ်လိုက်သည်။
ပထမအသုတ် ကြိုတင်မှာယူထားသူများအနေဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အတွင်း လည်းကောင်း၊ ဒုတိယအသုတ်၌ ကြိုတင်မှာယူထားသူများသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ မှစတင်၍ မိမိတို့ ကြိုတင်မှာယူထားသည့် မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက် ထုတ်ယူနိုင်မည် ဖြစ်သည်။

အဆိုပါ နောက်ဆုံးပေါ် စွမ်းဆောင်ရည်မြင့် ခေါက်ချိုးစမတ်ဖုန်းများဖြစ်သည့် Galaxy Z Fold3 နှင့် Galaxy Z Flip3 များအား မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်ရောင်းချသွားမည့်နေ့ရက်ကိုလည်း Samsung Myanmar မှ တရားဝင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက်များကိုသိရှိနိုင်ရန် အတွက် http://news.samsung.com နှင့် https://www.samsung.com/mm/ တို့တွင် ဝင်ရောက်ကြည့်ရှု လေ့လာ နိုင်သည်။