အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရှာဖွေနေတဲ့သူတွေအတွက် Manulife Myanmar မှ Career Opportunity Program ကျင်းပမည်

အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရှာဖွေနေတဲ့သူတွေအတွက် Manulife Myanmar မှ အလုပ်အကိုင် အခွင့်အလမ်းကောင်းများနဲ့ မိတ်ဆက်ပေးမယ့် Powering the Future ဆိုတဲ့ Career Opportunity Program ကို ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အာမခံ အကြံပေးပုဂ္ဂိုလ်အကြောင်းတွေအပြင် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို Manulife က ဖန်တီးပေးသွားမှာဖြစ်တဲ့အတွက် လက်လွတ်မခံသင့်တဲ့ဆွေးနွေးပွဲတစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Photo Source https://www.facebook.com/Manulife.Myanmar

Manulife ဟာ အာရှတိုက်နဲ့ မြောက်အမေရိကတိုက်က ပြည်သူသန်းပေါင်းများစွာအတွက် ပိုမိုကောင်းမွန်တဲ့ဘဝတွေကို ဒီနေ့အတွက်သာမက နောင်အနာဂါတ်အတွက်ပါ အာမခံချက်ရှိအောင် ကူညီလာခဲ့တာ နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပါပြီဖြစ်ပါ တယ်။
Manulife ဟာ အာရှမှာ ၁၈၉၇က စတင်ပြီး ဈေးကွက်ဖြန့်ကျက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် ပထမဆုံး ပေါ်လစီကို ၁၉၀၃ ခုနှစ်မှာ ရောင်းချပြီး စတင်ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်က မြန်မာမိသားစုတွေကို သူတို့ရဲ့ ရေရှည် ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်အောင် ကူညီခဲ့ပြီးတော့ ဒုတိယကမ္ဘာစစ်ကြီးကြောင့် လုပ်ငန်းတွေကို ရပ်နားခဲ့ရပါတယ်။
Manulife ဟာ ကမ္ဘာတစ်ဝန်းက မိသားစုတွေကို ငွေကြေးလုံခြုံမှု ရရှိနိုင်အောင် မမှိတ်မသုန် စဉ်ဆက်မပြတ် ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အောက်ပါ Link မှာ စာရင်ပေးတက်ရောက်နိုင်မှာဖြစ်ပါတယ်။
https://bit.ly/3MSIR7s