MyID App မှ Running MoMo Game ကိုဆော့ကစားကာ iphone နှင့် ငွေသားဆုမြောက်မြားစွာကို ရယူနိုင်

MyID Application မှ Running MoMo Game ကို နေ့စဉ်ဒေတာအခမဲ့ဖြင့်ဝင်ရောက်ကစားကာ iPhone 12 ဆုများ၊ E-money ဆုများကို ရယူနိုင်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ဂိမ်းတွင် iPhone 12 ၂၆ လုံး၊ မြန်မာကျပ်ငွေ သိန်း ၁၂၀၀ ငွေသားများ၊ Mytel FTTH ၊ ဒေတာနှင့် မိနစ်များကံထူးနိုင်မည်ဖြစ်ပြီး ဖုန်းငွေ တစ်ခါဖြည့်သွင်းတိုင်း လပ်ကီးကုဒ်နံပါတ်နှင့်ကစားခွင့်များကို ပိုမိုရရှိနိုင်မည် လည်းဖြစ် သည်။ အဆိုပါ လပ်ကီးကုဒ်နံပါတ်များ ကို Mytel Myanmar Facebook Page တွင် Live Stream ထုတ်လွှင့်ပြီး ကျပ်သိန်း ၂၀၀ ကံထူးရှင်များကို ထပ်မံရွေးချယ် သွားမည်လည်းဖြစ်သည်။
Running MoMo Game ကို နေ့စဉ် ၈ ကြိမ်အခမဲ့ဝင်ရောက်ဆော့ကစားနိုင်ပြီး MyID တွင် Package ဝယ်ယူသည့်အခါတွင် ဖြစ်စေ၊ MytelPay ဖြင့် ဖုန်းငွေဖြည့်သွင်းခြင်းဖြစ်စေ ကစားခွင့်အကြိမ်ရေများတိုးမြှင့်ရရှိစေမည်လည်းဖြစ်သည်။ ထို့ပြင် အထူးဆုအနေဖြင့်လည်း ရွှေဆင်းကတ် ၁၀ ခု ရယူနိုင်ပါက မြန်မာကျပ်ငွေ ၂၀၀၀၀၀၀၀ ကိုရရှိမည်လည်းဖြစ်သည်။
အဆိုပါဂိမ်းကိုနေ့စဉ်ဝင်ရောက်ဆော့ကစားသူများအနက်မှ အမှတ်အများဆုံးရရှိသူ ထိပ်တန်း ၁၀ ဦးကိုလည်း E-money ဖြင့် ဆုငွေ ၁၀၀၀၀ ကိုအပတ်စဉ်ချီးမြှင့်သွားမည်လည်းဖြစ်သည်။ Running MoMo Game ကို ၂၀၂၁ နှစ်သစ်အချိန်ကာ လအတောအတွင်းတွင် MyID သုံးစွဲသူများအတွက် ဖန်တီးပေးထားသော ဂိမ်းတစ်ခုလည်းဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel သည် နှစ်နှစ်အတွင်းတွင် မှတ်တိုင်များစွာကို စိုက်ထူကာ ရပ်တည်နေသည်။ Mytel သည် ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ ဖြစ်စေနိုင်မည့် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်ပြီး မြန်မာလူ မျိုးတို့၏ သုံးစွဲမှုအလေ့အထနှင့် ကိုက်ညီသည့် အရည်အသွေးပြည့်မီကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
Mytel ကုမ္ပဏီသည် နိုင်ငံတကာဆက်သွယ်ရေးဝန်ဆောင်မှုဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့ အကြုံရှိသော မိတ်ဖက်အဖွဲ့ဝင် တစ်ခုဖြစ်သည့် Viettel ၏ နည်းပညာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ Mytel သည် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအလေ့အထနှင့်ကိုက်ညီသည့် အရည်အသွေးပြည့်မီပြီး ကောင်းမွန်သော သုံးစွဲသူ အကြိုက် ဝန်ဆောင်မှုများကို ပြည်သူပြည်သားများအတွက် နောက်ဆုံးပေါ်နည်း ပညာများဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခေတ်အမီဆုံး ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်၍ အကျယ်ပြန့်ဆုံး 4.5G ကွန်ရက်ဖြန့်ကျက်မှုဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ် သည်။ Mytel သည် မြန်မာနိုင်ငံတွင် 5G ကွန်ရက်၊ e-SIM နှင့် VoLTE စနစ်တို့ကို ပထမဆုံးမိတ်ဆက်ပေးခဲ့သည့် အော်ပရေတာလည်းဖြစ်သည်။
Mytel သည် ၂၀၂၀ ခုနှစ်တွင် ယင်း၏ “Empower My Children” ဖောင်ဒေးရှင်းကို Mytel ၂ နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့သည်။ ယခုအချိန်အထိ Mytel သည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာများအနက် ပရဟိတဖောင်ဒေးရှင်း ထူထောင်ထားသည့် ပထမဆုံးအော်ပရေတာလည်း ဖြစ်သည်။ Mytel သည် COVID-19 ကပ်ရောဂါကျရောက်နေချိန်အတွင်းတွင် မြန်မာလူထုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကူညီပံ့ပိုး ရန် ရည်ရွယ်ကာ “Together We Fight COVID-19“ အစီအစဉ် ကို အကောင်အထည် ဖော်ခဲ့ရုံမျှမက ဆေးရုံများ၊ ကျောင်းများကို အလှူငွေများ၊ လိုအပ်သော ဆေးဝါးများ၊ Surgical Mask , PPE ဝတ်စုံများ၊ Hand-Gel အစရှိသော COVID-19 ရောဂါနှင့်ဆက်စပ်ပစ္စည်းများအပြင် Internet ဝန်ဆောင်မှုအခမဲ့နှင့် ဈေးများတွင် Beach Umbrella များ လှူဒါန်းခြင်း အစရှိသည်တို့ကိုလည်း လုပ်ဆောင်ခဲ့သည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/mytelmyanmar