ဖိုင်အရွယ်အစား သေးသေးလေးနဲ့ ကစားလို့ကောင်းတဲ့ Offline ဂိမ်းများ

Graphic ကောင်းတဲ့ Online ဂိမ်းတွေကို ကစားနေကြပေမယ့် အင်တာနက်မရတဲ့အချိန်မျိုးမှာ ကစားလို့ကောင်းတဲ့ Offline ဂိမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

Photo source https://bit.ly/3tN6jtd

Mini Metro

Mini Metro ဆိုတာကတော့ တိုးတက်နေတဲ့ မြို့တော်တစ်ခုအတွက် မြေအောက်ရထားလမ်း ရေးဆွဲပေးရတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ရထားဘူတာ တစ်ခုနဲ့တစ်ခု လမ်းကြောင်းတွေရေးဆွဲပေးပြီးတော့ ရထားစတင်မောင်းခိုင်းရမှာ ဖြစ်ပါတယ်။ ဘူတာသစ်တစ်ခု ဖွင့်လိုက်ပြီဆိုတာနဲ့ ရထားလမ်းကြောင်းတွေကို သေသေချာချာ ပြန်ဆွဲပေးရမှာပါ။ တစ်ကယ့် မြို့ပေါင်း ၁၂ မြို့ကိုရေးဆွဲပေးရမှာ ဖြစ်ပြီးတော့ ကစားသူရဲ့အရည်အချင်းတွေကို ထုတ်ပြရမယ့်အပြင် အရင်းအမြစ်တွေကိုလည်း အကျိုးရှိရှိအသုံးချရမှာပါ။

ဆော့ကစားနေရင်း မြို့သစ်တွေထွက်ပေါ်လာဦးမယ် အပြင် ဒါတွေကလည်း ဂိမ်းရဲ့ တစ်ခြားဂိမ်းတွေနဲ့ မတူညီတဲ့အနှစ်သာရတွေကို ပေးစွမ်းနိုင်မှာပါ။ မြန်မြန်ဆန်ဆန် ကစားဖို့အတွက် Normal Mode ကိုရွေးနိုင်သလို၊ အနားယူအပန်းဖြေဖို့အတွက် Endless Mode ကိုရွေးချယ်နိုင်ပါတယ်။ Extreme Mode မှာတော့ စိန်ခေါ်မှုတွေအများကြီးကို ရင်ဆိုင်နိုင်ပါသေးတယ်။ ဒါ့အပြင် Colorblind နဲ့ Night Modes လိုမျိုးလုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။

အောက်ပါလင့်ခ်ကနေ Mini Metro ကိုဝင်ရောက်ဒေါင်းလုတ်ဆွဲနိုင်ပါတယ်။

https://bit.ly/3tN6jtd 

Photo source https://bit.ly/3vL0Gxf

Monument Valley 2

ဉာဏ်စမ်းဂိမ်းတစ်ခုဖြစ်တဲ့ Monument Valley 2 ကတော့ လျှို့ဝှက်ခမ်းနားတဲ့ တောင်ကြားဒေသလေးမှာ အံ့ဩစရာပတ်ဝန်ကျင်သစ်တွေရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ကစားပုံလေးကတော့ ဂိမ်းကစားသူက အမေနဲ့ သူ့သမီးလေးကို မှော်ဆန်တဲ့နေရာတွေ၊ ထင်ယောင်ထင်မှားဖြစ်စရာလမ်းကြောင်းတွေကနေ သူတို့ရဲ့ခရီးလမ်းတစ်လျှောက် လမ်းပြပေးရမှာပါ။ 60MB ပဲရှိပေမယ့် Graphic ကောင်းကောင်းနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

အောက်ပါလင့်ခ်ကနေ Monument Valley 2 ကိုဒေါင်းလုတ်ရယူနိုင်ပါတယ်။

https://bit.ly/3vL0Gxf 

Photo source https://bit.ly/3cWSDVG

Fishing Life

Fishing Life ဆိုတဲ့ ဂိမ်းနာမည်လေးလိုပဲ ငါးဖမ်းရမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။ Graphic ကောင်းကောင်းနဲ့ နောက်ခံတီးလုံးကောင်းကောင်းလေးကို နားဆင်ရမှာ ဖြစ်ပါတယ်။ တစ်နေ့တာဘဝမှာ ပင်ပန်းလာသူတွေ အသင့်တော်တဲ့ တိတ်တိတ်ဆိတ်ဆိတ်ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။

အဓိကဇာတ်ကောင်ကတော့ ရိုးရိုးလေးပါပဲ ဘယ်သူမဆို ဘယ်နေရာကမဆိုဖြစ်နိုင်ပြီးတော့ ပင်ပန်းလာတဲ့တစ်နေ့တာကို ဖြေဖျောက်ဖို့ ပင်လယ်ပြင်မှာ ငှားမျှားနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ရိုးရှင်းပြီးတော့ ငါးလှလှလေးတွေ၊ ကြောက်စရာ ငါးမန်းကြီးတွေနဲ့ ဝေလငါးအကြီးကြီးတွေကို ဖမ်းနိုင်မှာ ဖြစ်ပါတယ်။ လှေစုတ်လေးတစ်စီးနဲ့ ငါးမြှားတံတစ်ချောင်းပဲရှိတဲ့ ကောင်လေးဖြစ်ပေမယ့် နေဝင်တာလည်းကြည့်နိုင်မယ် ညအချိန်ကြယ်ကြွေတာလည်းကြည့်နိုင်ပြီးတော့ မီးပြတိုက်နဘေးက လှပတဲ့ပင်လယ်ပြင်ကြီးမှာ အေးအေးချမ်းချမ်းငါးမြှားနေမှာ ဖြစ်ပါတယ်။

အောက်ပါလင့်ခ်ကနေ ဝင်ရောက်ဒေါင်းလုတ်ရယူနိုင်ပါတယ်။

https://bit.ly/3cWSDVG 

Photo source https://bit.ly/3c9lIy4

Hidden Folks

Hidden Folks က Casual Game အမျိုးအစားဖြစ်ပြီးတော့ ပန်းချီကားအသေးလေးမှာ ပျောက်ဆုံးနေတဲ့ ရိုးရာဇာတ်လမ်းတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။ ထိလိုက်သမျှတိုင်းက ခြုံဘုတ်တွေခုတ်တာ၊ တံခါးကိုအရှိန်နဲ့ပိတ်တာ၊ ပြတင်းပေါင်းဖွင့်လိုက်တာ၊ ငှက်လေးတွေကောင်းကင်ပေါ်ပျံသွားတာလိုမျိုး ချစ်စရာလှုပ်ရှားမှုလေးတွေ ပြပေးမှာဖြစ်ပါတယ်။ ဂိမ်းရဲ့ အရွယ်အစားက 70MB ပဲရှိပေမယ့် ရှာဖွေစရာအရာပေါင်း ၃၀၀ ကျော်၊ အသံပေါင်း ၂၀၀၀ ကျော်၊ လုပ်ရမယ့်ပုံစံပေါင်း ၅၀၀ ကျော်၊ ပုံမှန်၊ အညိုရောင်နဲ့ night modes ဆိုပြိး အရောင်သုံးရောင် ပါဝင်မယ့်အပြင် ဘာသာစကား ၂၂ မျိုးအသုံးပြုလို့ရမှာပါ။

Hidden Folks ကိုဝင်ရောက်ရယူနိုင်ပါတယ်။

https://bit.ly/3c9lIy4 

Photo source https://bit.ly/393WjDK

80 Days

Role Playing ဂိမ်းအမျိုးအစားဖြစ်ပြီးတော့ ကမ္ဘာပတ်ဖို့အတွက် လေသင်္ဘော၊ ရေငုတ်သင်္ဘော၊ စက်သုံးကုလားအုတ်၊ ရေနွေးငွေ့ရထားနဲ့ တစ်ခြားစီးစရာတွေကို ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။ တစ်ခြားသူတွေနဲ့လည်း ရက် ၈၀ အတွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ၂၀၁၄ တစ်နှစ်တာအကောင်းဆုံး ဂိမ်းဆုကိုလည်း ရရှိထားပါသေးတယ်။

ကစားသူအနေနဲ့ မြို့တစ်မြို့ကနေ တစ်မြို့ သွားမယ့်လမ်းကြောင်းပေါ်လိုက်ပြီး ဆရာရဲ့ ကျန်းမာရေးနဲ့ လက်ထဲကဝင်ငွေကိုပါ သေချာစီစစ်ရပါတယ်။ အကျိုးအမြတ်ရဖို့ ပစ္စည်းတွေလဲလှယ်နိုင်ပေမယ့် အထုပ်အပိုးတွေများလာတာကလဲ ခရီးသွားလာရတာကို နှောင့်နှေးစေပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ 80 Days ဂိမ်းလေးကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ရယူကစားနိုင်ပါတယ်။

https://bit.ly/393WjDK