ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းအမှတ်တံဆိပ်များစာရင်းတွင် Samsung Electronics မှ လေးနှစ်ဆက်တိုက် နံပါတ် ၅ နေရာ၌ ရပ်တည် 

ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီ Samsung Electronics သည် ဂုဏ်သိက္ခာကြီးမားလှသော ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် အတိုင်ပင်ခံ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Interbrand ၏ ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းအမှတ်တံဆိပ်များစာရင်းတွင် နံပါတ် ၅ နေရာ၌ လေးနှစ်ဆက်တိုက် ရပ်တည်နေနိုင်ခဲ့သည်။ အဆိုပါ သတ်မှတ်ချက်စာရင်းအား ကမ္ဘာပေါ်ရှိ ကုန်ပစ္စည်း အမှတ်တံဆိပ်များ၏ တီထွင်နိုင်မှု၊ လွှမ်းမိုးနိုင်မှု၊ ငွေကြေးအရ အောင်မြင်မှုစသည့် နယ်ပယ်အသီးသီး အပေါ် မူတည်၍ Interbrand မှ အကဲဖြတ်အမှတ်ပေးကာ နှစ်စဥ်ထုတ်ပြန်လေ့ရှိပြီး ယခုနှစ် ထုတ်ပြန်မှု စာရင်း၌ Samsung သည် ယမန်နှစ် (၂၀၂၂ ခုနှစ်) ကထက် ကုန်အမှတ်တံဆိပ်တန်ဖိုး ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ ၉၁.၄ ဘီလီယံအထိ ရရှိခဲ့ကြောင်းကိုလည်း ဖော်ပြခဲ့သည်။
Image: Samsung

၂၀၂၃ ခုနှစ် ကမ္ဘာ့နည်းပညာနယ်ပယ်တွင် ဝယ်လိုအား လျော့နည်းလာမှုများ ရှိနေခဲ့သော်လည်း Samsung အနေဖြင့် စီးပွားရေးကဏ္ဍ အသီးသီးတွင် အရှိန်အဟုန်မလျော့သွားဘဲ ယခုကဲ့သို့ ထိုးဖောက်အောင်မြင်နိုင် ခဲ့ခြင်းလည်း ဖြစ်သည်။ Interbrand ၏ ထုတ်ပြန်ချက်ထဲတွင် ယခုကဲ့သို့ အောင်မြင်မှုရရှိစေရန် Samsung အား အဓိကတွန်းအားဖြစ်စေခဲ့သော အရာများကိုလည်း အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

  • သုံးစွဲသူအတွေ့အကြုံကောင်းများ အမြဲမြှင့်တင်ပေးအပ်နိုင်မှု
  • ထုတ်ကုန်တစ်ခုနှင့်တစ်ခု ပိုမိုအဆင်ပြေချောမွေ့စွာ ချိတ်ဆက်နိုင်စေရန်နှင့် ဂိမ်းကစားမှု အတွေ့အကြုံ များကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မှု
  • 6G, ဉာဏ်ရည်တု (AI)၊ AR နှင့် VR အစရှိသည့် အနာဂတ်ဦးဆောင် နည်းပညာသစ်များအား ရှေ့ပြေးအနေဖြင့် ဦးဆောင်ထည့်သွင်းပြသပေးနိုင်မှု
  • သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်သည့် လုပ်ထုံးလုပ်နည်းများကို ထုတ်ကုန်ပစ္စည်း အမျိုးအစားများ အားလုံးအတွက် လက်တွေ့အသုံးချနိုင်မှု

Image: Samsung

“စီးပွားရေးနယ်ပယ်တွင်းမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ များစွာရှိခဲ့ပေမယ့် ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူတွေရဲ့  စဥ်ဆက်မပြတ်အားပေးမှုကြောင့် ကျွန်တော်တို့ Samsung Electronics အနေနဲ့ အခုလို ကုန်အမှတ်တံဆိပ်တန်ဖိုး မြင့်တက်လာခဲ့တာ ဖြစ်တာကြောင့် အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိ ကြောင်း ပြောကြားလိုပါတယ်။ Samsung အနေနဲ့ ခေတ်ရှေ့ပြေးနည်းပညာသစ်တွေကို ဆက်လက် ဦးဆောင် ဖန်တီးသွားနိုင်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့နိုင်စေဖို့ အတွက် တစ်စိုက်မတ်မတ် အလေးပေး ဆောင်ရွက်သွားမှာဖြစ်ပြီး အသုံးပြုသူတွေအတွက် အမှန်တကယ် ထိရောက်အကျိုးရှိစေမယ့်၊ ပိုမိုပြည့်စုံတဲ့ သုံးစွဲမှု အတွေ့အကြုံကောင်းတွေ ပေးအပ်သွားနိုင်ဖို့ အမြဲမပြတ် ကြိုးစားလုပ်ဆောင်သွားမှာပါ။” ဟု Samsung Electronics ၏  Global Marketing Office ဥက္ကဌ ဖြစ်သူ YH Lee မှ ပြောကြားခဲ့သည်။

Image: Samsung

Samsung အနေနှင့် Mobile ဖုန်းကဏ္ဍ၊ ကွန်ယက်ချိတ်ဆက်မှု Networks ကဏ္ဍ၊ ထုတ်ကုန်ဖန်သားပြင် Visual Display ကဏ္ဍ၊ အိမ်သုံးထုတ်ကုန်များ Home Appliances ကဏ္ဍ စသဖြင့် ကဏ္ဍတစ်ခုချင်းစီအလိုက် ကြိုးစားအားထုတ်မှုများ အတွက်လည်းအသိအမှတ်ပြုခြင်းခံခဲ့ရပြီး Mobile ဖုန်းကဏ္ဍအောက်တွင် Galaxy S23 စီးရီး၏ ကင်မရာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်ဖန်တီးနိုင်မှု၊ Join The Flip Side ကမ်ပိန်းနှင့်အတူ မျက်နှာပြင် ခေါက်ချိုးဖုန်း နယ်ပယ်တွင် ဆက်လက်ဦးဆောင်နေနိုင်မှု၊ Gaming ပိုင်းဆိုင်ရာ ထိပ်တန်းလုပ်ငန်းများနှင့် မိတ်ဖက်ပူးပေါင်း၍ Galaxy ထုတ်ကုန်များတွင် ဂိမ်းဆော့ကစားမှုအတွေ့အကြုံကို ပိုမိုအားကောင်းလာအောင် ဆောင်ရွက်နိုင်မှုစသည်တို့ကို ဖော်ပြခြင်းခံခဲ့ရသည်ကို တွေ့ရှိရသည်။ အခြားသောကဏ္ဍများအတွက် အသိအမှတ်ပြု ဖော်ပြခြင်းခံရသော ကြိုးစားအားထုတ်မှုများနှင့် ၂၀၂၃ ခုနှစ်အတွင်း Samsung ၏ အောင်မြင်မှုများအကြောင်းနှင့် ပတ်သက်၍ Interbrand ၏ထုတ်ပြန်ချက်အကြောင်းအသေးစိတ် ထပ်မံသိရှိ လိုပါက Samsung Newsroom – https://news.samsung.com/global/ တွင် အသေးစိတ် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။