Public Reels တွေကို User တိုင်း Download ပြုလုပ်နိုင်အောင် Instagram ပြုလုပ်ပေး

Instagram အနေနဲ့ Public ကြည့်ရှုနိုင်တဲ့ Reels တွေကို Download ပြုလုပ်ခွင့် ဂျွန်လက စတင်ပေးခဲ့ပေမယ့် US မှာရှိတဲ့ Mobile Instagram User တွေအတွက်ပဲ သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် Head of Instagram ဖြစ်တဲ့ Adam Mosseri ရဲ့ Broadcast Channel မှာ ဒီလုပ်ဆောင်ချက်ကို တစ်ကမ္ဘာလုံးက Instagram အသုံးပြုသူတွေဆီကို ဝန်ဆောင်မှုပေးသွားတော့မယ်လို့ ကြေငြာခဲ့ပါတယ်။

Instagram အသုံးပြုသူတွေအနေနဲ့ ဒီလုပ်ဆောင်ချက်နဲ့သာဆိုရင် ကိုယ်သဘောကျတဲ့ Reels တွေကို နောက်တစ်ခေါက်ပြန်ကြည့်ဖို့ “Save” ထားတာမဟုတ်ဘဲ ကိုယ့်ရဲ့ Device ထဲမှာ Download ပြုလုပ်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။ ‌Download ပြုလုပ်ဖို့အတွက် “Share” ခလုတ်လေးကိုနှိပ်ပြီး ရိုးရိုးရှင်းရှင်း Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် TikTok Video တွေကို Download ပြုလုပ်သလိုပဲ Download ပြုလုပ်လိုက်တဲ့ Reels တွေမှာ Instagram Watermark နဲ့ အကောင့်ရဲ့ Username တွေပါဝင်လာမယ်လို့ Adam Mosseri ရဲ့ Broadcast မှာ ရှင်းပြထားပါသေးတယ်။ ဒါ့အပြင် Reels တွေဟာ မူရင်းနောက်ခံသီချင်းတွေကို အသုံးပြုထားမယ်ဆိုရင် Music တွေပဲ ပါဝင်လာမှာ ဖြစ်သလို Instagram အနေနဲ့ Licensed Music တွေကို နောက်ခံအဖြစ်အသုံးပြုတာကို တားမြစ်ထားပါတယ်။

Reels တွေ Upload ပြုလုပ်တဲ့ User တွေအနေနဲ့လည်း ကိုယ့် Reels တွေကို Download မပြုလုပ်အောင်လည်း ပိတ်ပင်ထားနိုင်ပါသေးတယ်။ Download Options ကို ပြောင်းလဲဖို့အတွက် Settings ထဲက Privacy ကိုဝင်ပြီး “Reels and Remix” ကိုရွေးချယ်ရမှာပါ။ ဒီအဆင့်မှာ “Allow People to download your Reels” ဆိုတာကို ကိုယ်လိုသလို အဖွင့်အပိတ်ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။