အလုပ်အကိုင်ပိုင်းဆိုင်ရာ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်မယ့်အကောင်းဆုံးနေရာ MyWorld Careers Myanmar (MyWorld Careers Myanmar Company မှ (Myanmar and Cambodia) Country Director ဖြစ်သူ Simon Bruce နှင့်အင်တာဗျူး)

အလုပ်အကိုင်နဲ့ ပတ်သက်ပြီးပြောရရင် ခုနောက်ပိုင်း အလုပ်ရှာရတာ အင်မတန်ခက်ခဲလာပါတယ်။ ကိုယ်လိုချင်တဲ့ အလုပ် တစ်ခု အတွက် အချိန်အကြာကြီးပေးပြီး ရှာဖွေနေရတာကိုက စိတ်ပင်ပန်းစရာ ဒုက္ခတစ်ခုလို အလုပ်ရှာဖွေသူတွေ အနေနဲ့ ကြုံတွေ့လာကြရတာပါ။
လိုချင်တဲ့ အလုပ်အတစ်ခုကို အချိန်အကြာကြီးယူပြီး ဘယ်သူမှ မရှာချင်ပါဘူး။ မြန်မာပြည်တွင်း လက်ရှိအနေအထားတစ်ခု ကြောင့်လည်း ဘယ်သူမှ မိုးလင်းမိုးချုပ် အိမ်ပြင်ထွက်မရှာချင်ကြတာတော့အမှန်ပါ။ အဲဒါကြောင့်လည်း မြန်မြန် ဆန်ဆန် အလုပ်ရှာဖွေပေးတဲ့ ကုမ္ပဏီတွေနဲ့ချိတ်ဆက်ထားမှ အဆင်ပြေစေမှာပါ။
လတ်တလောမှာ အလုပ်အအကိုင်ရှာဖွေနေသူတွေအတွက် အထောက်အကူပြုနေရာတစ်ခုဖြစ်စေတဲ့ MyWorld Careers Myanmar Company မှ (Myanmar and Cambodia) Country Director ဖြစ်သူ Simon Bruce နှင့်အင်တာဗျူးကို Myanmar Tech Press အနေနဲ့ အင်တာဗျူးဆောင်းပါးရေးသားဖော်ပြပေးလိုက်ပါတယ်။

Photo Source https://www.facebook.com/MyWorld.com.mm

MyWorld ဟာ အခုချိန်အထိ ကုမ္ပဏီ စတင်ထူထောင်ခဲ့တာ ၇ နှစ်ကျော်ရှိနေပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်းကဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
“အစကတော့ ကျွန်တော်တို့ Job Board အနေနဲ့ပဲ စလုပ်ဖို့စဉ်းစားပြီး ထပ်တိုးအနေနဲ့ Recruitment လုပ်မယ်ပေါ့နော်။ ဒါပေမယ့် ကျွန်တော့်လုပ်ငန်းအတွေ့အကြုံတွေမှာကလည်း Recruitment ကိုပဲ အဓိကလုပ်ဖြစ်ခဲ့တာပါ။ မြန်မာပြည်ကို ရောက်တော့လည်း Job Board တွေက တော်တော်များပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ယှဉ်ရင် အရည်အသွေးပြည့်မှီတဲ့ Recruitment Company တွေကတော့နည်းတာကြောင့် နိုင်ငံတကာစံချိန်စံနှုန်းမီတဲ့ Recruitment Service တွေပေးနိုင်ဖို့ကိုပဲ အဓိကထားလုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကုမ္ပဏီနာမည်ကိုလည်း MyWorld လို့ပေးခဲ့တာက အကုန်လုံးပါဝင်တယ်၊ inclusive ဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုးရအောင်လို့ပါ။ အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ခံစားမိစေအောင်ရယ် ရည်ရွယ်ပြီးပေးဖြစ်ခဲ့တာပါ” ဟု MyWorld Careers Myanmar Company မှ (Myanmar and Cambodia) Country Director ဖြစ်သူ Simon Bruce ကပြောကြားပါတယ်။
တကယ်တော့ MyWorld Careers Myanmar က သူတို့ရဲ့ မိတ်ဖက် Company တွေအတွက် Candidate ရှာပေးတာ ဖြစ်တာကြောင့် အလုပ်ရရှိဖို့ ပိုမိုလွယ်ကူမြန်ဆန်တာဖြစ်ပါတယ်။ MyWorld Careers Myanmar အနေနဲ့ အလုပ်ဝင်မယ့်သူ အတွက် အင်တာဗျူးကိုအရင်ဆုံးလုပ်ပေးပြီးမှ အဆင်ပြေကိုက်ညီတဲ့ အလုပ်ကုမ္ပဏီတွေကို ချိတ်ဆက်ပေးတာကြောင့် အလုပ်ရရှိဖို့ မြန်ဆန်သလို အလုပ်အကိုင်နေရာကောင်းတစ်ခုကို ရရှိဖို့ အခွင့်အရေးတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
“ကျွန်တော်တို့အနေနဲ့က Client တွေကို Candidate တွေအများကြီး အင်တာဗျူးပြီး Shortlist လုပ်နေရတာနဲ့ အချိန်ကုန်မသွားစေချင်ဘူး။ အဲ့ဒါနဲ့ပတ်သက်တဲ့ အပိုင်းတွေကို ကျွန်တော်တို့ အဓိကထားပြီးလုပ်ပေးတယ်၊ ပြီးမှ Position အတွက် အကောင်းဆုံး အသင့်တော်ဆုံးဖြစ်မယ့် Candidate တွေကိုပဲ ပို့ပေးပြီး ရွေးချယ်စေတယ်။ Position အတွက် Candidate မိတ်ဆက်ပြီးတဲ့အခါမှာတော့ Client ဘက်က အင်တာဗျူးနေစဉ်နဲ့ Offer ပေးတဲ့အချိန်အထိ တလျှောက်လုံး Client နဲ့တွဲအလုပ်လုပ်ပြီး Probation ကာလတလျှောက်လုံးမှာပါ Client ဘက်မှာရော Candidate ဘက်မှာပါ အဆင်ပြေပြေဖြစ်နေစေဖို့ ပုံမှန် follow up လုပ်ပေးပါတယ်” ဟု MyWorld Careers Myanmar Company မှ (Myanmar and Cambodia) Country Director ဖြစ်သူ Simon Bruce က ပြောကြားပါတယ်။

Photo… MyWorld Careers Myanmar (MyWorld Careers Myanmar Company မှ (Myanmar and Cambodia) Country Director ဖြစ်သူ Simon Bruce

MyWorld Careers Myanmar အနေနဲ့ တစ်နှစ်ကို အလုပ်ရှာဖွေသူ အရေအတွက် ပျမ်းမျှအားဖြင့် ၄၀၀ ကနေ ၈၀၀ ကြားအထိ အလုပ်ရှာဖွေပေးနိုင်ပါတယ်။ ဒါဟာ အလုပ်ရှာဖွေပေးနေတဲ့ ကုမ္ပဏီတစ်ခုအတွက် များပြားလှတဲ့ အရေအတွက် တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒါ့အပြင် MyWorld Careers Myanmar အနေနဲ့ အလုပ်ရှာဖွေသူဆီမှ ဝန်ဆောင်ခ ကောက်ခံတာမျိုးမရှိတာကြောင့် အလုပ်ရှာဖွေသူအတွက် ပိုမိုအဆင်ပြေစေပါတယ်။
“ကျွန်တော်တို့ အခုလတ်တလောမှာ အများဆုံးပေးဖြစ်နေတဲ့ service ကတော့ Outplacement Service ပါ။ Outplacement Service ဆိုတာကတော့ ကုမ္ပဏီတွေက ဝန်ထမ်းလျှော့တဲ့အခါ ဒါမှမဟုတ် သူတို့လုပ်ငန်းပိတ် သိမ်းတဲ့အခါမှာ ဝန်ထမ်းတွေကို career coaching ပေးဖို့နဲ့ အလုပ်ရှာပေးဖို့အပ်တဲ့ service ဖြစ်ပါတယ်။ Outplacement Service အပ်တဲ့ ကုမ္ပဏီဘက်က ဒါနဲ့ပတ်သက်ပြီး Service Fees ကိုပေးတယ်၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူတို့ ကုမ္ပဏီက Candidate ကို ကျွန်တော်တို့ရဲ့ တခြား Client ကုမ္ပဏီတွေကို free introduction လုပ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ့ဝန်ထမ်းကို ခန့်မယ့်ကုမ္ပဏီဘက်မှာက Recruitment Fees အတွက် ကုန်ကျစရိတ် သပ်သပ်ရှိတော့မှာမဟုတ်ဘဲ တကယ်တော်တဲ့ ဝန်ထမ်းကိုခန့်ပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။ အခုလိုအခြေအနေမျိုးမှာ ကုမ္ပဏီတော်တော်များများက recruitment budget သပ်သပ်မထားကြပါဘူး။ ဒါပေမယ့် လူကောင်းတွေကိုတော့ လိုအပ်နေဆဲဖြစ်ပါတယ်” ဟု လက်ရှိဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး MyWorld Careers Myanmar Company မှ (Myanmar and Cambodia) Country Director ဖြစ်သူ Simon Bruce က ပြောကြားပါတယ်။
လက်ရှိမှာ အလုပ်ရှာနေသူတွေအနေနဲ့ မိမိတို့ရဲ့ skill set တွေ၊ လုပ်ငန်းအတွေ့အကြုံတွေနဲ့ ကိုက်ညီမှုရှိတဲ့ အလုပ်မျိုးတွေ့ခဲ့ရင် MyWorld ကို CV ပေးပို့ပြီးလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါ တယ်။

https://www.myworld.com.mm/
https://www.facebook.com/MyWorld.com.mm