Windows 11 သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့ ကွန်ပြူတာတွေမှာ ပါဝင်လာမယ့် Watermark

ကွန်ပြူတာအသုံးပြုသူတွေအတွက် Windows 11 ကိုစတင်အသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။ Windows 11 ကို Upgrade ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ Requirement တွေကိုလည်း အရင်ဆောင်းပါးမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

Windows 11 ထွက်ရှိပြီးကတည်းက အသုံးပြုသူများပြားပြီး လိုအပ်တဲ့ သတ်မှတ်ချက်တဲ့မကိုက်ညီတဲ့ ကွန်ပြူတာတွေမှာပါ အသုံးပြုမှုတွေရှိခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ Minimum Requirement နဲ့ကိုက်ညီမှုမရှိဘဲ အသုံးပြုကြတဲ့သူတွေလည်း ပေါ်ပေါက်လာပါတယ်။ 

Photo Source: The Verge

ဒါကြောင့် အသုံးပြုဖို့အထောက်ပံ့ထားတဲ့ စနစ်တွေ Hardware တွေမှာ Windows 11 ကိုသုံးပြုထားတာနဲ့ “System requirements not met. Go to Settings to learn more.” ဆိုတဲ့စာကို Watermark ပုံစံမျိုးနဲ့ ထည့်သွင်းပေးတော့မယ့်အကြောင်း Windows 11 ရဲ့ Update အသစ် မှာ ထည့်သွင်းဖော်ပြထားပါတယ်။ Setting ထဲမှာလည်း “System requirements not met.” ဆိုတဲ့ စာသားပေါ်နေမှာပါ။

Microsoft အနေနဲ့ ဒီလုပ်ဆောင်မှုကိုအရင်လကတည်းက စမ်းသပ်နေခဲ့ပြီး ရက်ပိုင်းအတွင်း သတ်မှတ်ချက် ကိုက်ညီမှုမရှိတဲ့ ကွန်ပြူတာတွေနဲ့၊ Windows 11 ကိုအသုံးပြုခွင့်မပေးထားတဲ့ ကွန်ပြူတာတွေမှာ ထည့်သွင်း ပေးတော့မှာ ဖြစ်ပါတယ်။ Watermark ပေါ်နေမယ့်ပုံစံကတော့ Beta Version ဒါမှမဟုတ် Activated Version မဟုတ်တဲ့ Windows တွေကိုအသုံးပြုတဲ့အခါ ပေါ်တဲ့ ပုံစံမျိုးနဲ့ ပေါ်နေမှာပါ။

Microsoft အနေနဲ့ inactivated Version တွေအသုံးပြုမှုအတွက်လည်း အရင်က သတ်ပေးချက်တွေ ပြုလုပ်ဖူးပါတယ်။ သတိပေးချက်အပြင် Dark Mode အသုံးပြုတာတွေ၊ Personalization Settings, နဲ့ Theme အသုံးပြုမှုတွေကို Activate မပြုလုပ်မချင်းလည်း ကန့်သတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကန့်သတ်မှုတွေ မပြုလုပ်တော့ဘဲ Desktop Watermark ကိုထည့်သွင်းမှာ ဖြစ်ပါတယ္။