Huawei nova 9 SE စမတ်ဖုန်းကို မြန်မာပြည်တွင်းတွင် ရောင်းချတော့မည်

Huawei Consumer Business Group (မြန်မာ)မှ လူငယ်များအကြား စိတ်ကျေနပ်ဖွယ် အတွေ့အကြုံကောင်းများယူလာပေးမည့် Light Flagship အမျိုးအစား Huawei nova 9 SE ကို တင်သွင်းရောင်းချတော့မှာ ဖြစ်ကြောင်း သိရသည်။
ထူးခြားသည့် ကိုယ်ပိုင်ဟန် ဒီဇိုင်းပိုင်းနှင့် သုံးစွဲသူများ၏ လိုအပ်ချက်များကို စိတ်ကျေနပ်ဖွယ် ဖြည့်စွမ်းပေးနိုင်သည့် Features များ စုံစုံလင်လင်ပါရှိသည့် Huawei nova 9 SE သည် ကောင်းမွန်သည့် ကင်မရာ အစုအဖွဲ့နှင့် ဗီဒီယိုရိုက်ကူးမှု အတွက် စုံလင်သည့် Features များနှင့်အတူ ခေတ်ရှေ့ပြေးနည်းပညာသစ်များနှင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များကို ယူဆောင်လာပေးဦးမှာ ဖြစ်သည်။
Huawei nova 9 SE တွင် 108 MP ကင်မရာ ပါဝင်သည့် ကောင်းမွန်သော High-Res ကင်မရာအစုအဖွဲ့ပါဝင်သည့်အတွက် လက်ရာမြောက်ပြီး အနုစိတ်လှသည့် ပုံရိပ်များကို ဖန်တီးပေးနိုင်ပြီး ရှုခင်းပုံ၊ အလှ Portrait၊ ဗိသုကာလက်ရာများနှင့် အခြားသောပုံရိပ်များကို နေ့ဘက်ရိုက်ရိုက်၊ ညဘက်ရိုက်ရိုက် ကောင်းမွန်သော ရိုက်ချက်များကို ဖန်တီးပေးနိုင်မှာဖြစ်သည်။ လုံလောက်စွာအသုံးပြုနိုင်မည့် ဘက်ထရီ ပမာဏ၊ အလွန်ကောင်းမွန်သော Cooling Technology၊ Multi-touch Technology နှင့် အချိန်တိုအတွင်း အလျင်အမြန်အားဖြည့်သွင်းနိုင်သည့် 66W HUAWEI SuperCharge[1] တို့ကြောင့် အဆင်ပြေကောင်းမွန်သည့် အတွေ့အကြုံသစ်များကို ခံစားရမှာဖြစ်သည်။ အသစ်ထွက်ရှိထားသော EMUI 12 Optimizer မှ performance ပိုမိုကောင်းမွန်စေပြီး ဖုန်းနှင့်အခြားသော Huawei ထုတ်ကုန်ပစ္စည်းများအကြား အဆင်ပြေ ချောမွေ့သော ပေါင်းစပ်မှု အတွေ့အကြုံများကို ခံစားရရှိစေမှာ ဖြစ်သည်။
64 MP ဆင်ဆာပါလေ့ရှိသည့် Mainstream စမတ်ဖုန်းများနှင့်မတူတာကတော့ Huawei nova 9 SE ကို 108 MP Main Camera၊ 8MP ultra-wide-angle lens၊ 2MP Bokeh lens နှင့် 2MP Macro lens စုစုပေါင်း ၄ လုံးပါဝင်သည့် 108MP AI Quad Camera System ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 108MP Main Camera (f/1.9 aperture) မှ မိုဘိုင်းဖုန်းအသုံးပြုသူများအား ပိုမိုအသေးစိတ်ကျပြီး ကြည်လင်သော ပုံရိပ်များကို ပေးစွမ်းနိုင်မှာ ဖြစ်သည်။

Photo Source https://www.facebook.com/huaweimobile/

Huawei nova 9 SE တွင် ပိုမိုကြီးမားသော ဆင်ဆာနှင့် ခေတ်မှီနည်းပညာများဖြင့် ပေါင်းစပ်ဖွဲ့စည်းထား သောကြောင့် High-Res mode ဖြင့် သုံးဆ[2] အကျယ်ချဲ့ကြည့်လျင်တောင်မှ ကြည်လင်ပြတ်သားသည့်ပုံရိပ်များ ရရှိစေမှာဖြစ်သည်။ Huawei nova 9 SE ၏ 9-in-1 pixel technology သည် pixels အတုံး‌သေးလေးများကို 2.1μm နှင့် ညီမျှသည့် ultra-large pixel levelအထိ ပေါင်းစပ်ပေးနိုင်သောကြောင့် HDR နှင့် low-light ရိုက်သည့်အခါမျိုးတွင် အလင်းဝင်ရောက်မှုအားကို မြှင့်တင်ပေးနိုင်မှာဖြစ်သည်။ Main Camera အား 1/1.52 လက်မရှိသည့် ဆင်ဆာဖြင့် ဖွဲ့စည်းထားသည့်အတွက် sensitivity လျော့ကျစေနိုင်ပြီး အကောင်းမွန်ဆုံး Resolution၊ low light performance နှင့် ကြည်လင်ပြတ်သားသည့် ပုံရိပ်များကို ခံစားရရှိမှာဖြစ်သည်။
Huawei nova 9 SE တွင် AI Beauty Feature ပါဝင်သည့် 2.0μm နှင့်ညီမျှသည့် f/2.2 aperture wide-angle အရှေ့ကင်မရာထည့်သွင်းပေးထားသည့်အတွက် ရိုက်ချက်တိုင်းမှာ ကြည့်ကောင်းနေမှာဖြစ်ပြီး ဖုန်းအား ‌‌ဒေါင်လိုက်အနေအထားမှ ကန့်လန့်အနေအထားသို့ပြောင်းလိုက်သည့်အခါတွင်လည်း wide-angle mode သို့ အလိုအလျောက်ပြောင်းလဲမှာဖြစ်သည့်အတွက် Group Selfies များကို လွယ်လွယ်ကူကူ ရိုက်နိုင်မှာဖြစ်သည်။
Vlogging ပိုင်းအတွက် ကောင်းမွန်သည့်အတွေ့အကြုံသစ်များရရှိစေရန် Huawei nova 9 SE တွင် အရှေ့ အနောက်တစ်ပြိုင်တည်းရိုက်ကူးနိုင်သည့် Feature ကိုထည့်သွင်းပေးထားသည်။ ဗီဒီယိုတစ်ခုတည်းမှာတွင် အရှေ့ကင်မရာ နှင့် အနောက်ကင်မရာကို လိုသလို ပြောင်းလဲရိုက်ကူးနိုင်ပြီး တစ်ချိန်တည်းမှာပဲ မြင်ကွင်းအပေါ် အမှတ်တရ ခံစားမှုတွေကို တစ်ပြိုင်နက် ရိုက်ကူးနိုင်မှာဖြစ်သည်။
Huawei nova 9 SE တွင် Hybrid Video၊ Image Search[3] နှင့် One-Click Video Creation စသည်တို့ကို ထည့်သွင်းပေးထားသည့်အတွက် Video Editing ပြုလုပ်ရာတွင်လွယ်ကူလျင်မြန်စေမှာဖြစ်သည်။ ထို့အပြင် Petal Clip app[4] မှလည်း အမျိုးအစားစုံလင်သည့် Video templates နှင့် Themes များအားအလွယ်တကူ ရွေးချယ်နိုင်သည့်အတွက် လူမှုကွန်ယက်ပေါ်တွင် အချိန်မရွေး Vlogs များ ကိုယ်တိုင်ဖန်တီးပြုလုပ် ပြသနိုင်မှာဖြစ်သည်။
Huawei nova 9 SE သည် သင့်လျော်သည့် Huawei Smartwatches များနှင့် တွဲဖက်အသုံးပြုရာတွင် Remote Shutter ကိုအထောက်အပံ့ပေးသည့်အတွက် Group Selfies များရိုက်ရာတွင် Tripod ပေါ်ဖုန်းတင်ကာ Remote Shutter ဖြင့်ရိုက်နိုင်မှာဖြစ်ပြီး အသုံးပြုရလွယ်ကူစေမှာဖြစ်သည်။
Huawei nova 9 SE တွင် အနုစိတ်ပုံရိပ်များ၊ vivid colors များနှင့် ကြည်လင်ညက်ညောသည့် visuals တို့ကိုခံစားရရှိနိုင်သည့် P3 color Gamut ကို အ‌ထောက်အပံ့ပေးသော 6.78 [5]လက်မအကျယ်ရှိသည့် Display မျက်နှာပြင်ပါရှိသည်။ Huawei nova 9 SE ၏ကိုယ်ထည်မှာ 7.94 mm အထူသာရှိပြီး 3D Glass ပေါ်တွင် dual-plating nano texture technology ကိုအသုံးပြုထားသည့်အတွက် crystal clear texture ကိုခံစားရမည် ဖြစ်သည်။ ကြယ်ပတ်လမ်းကြောင်းပုံစံရှိပြီး အလင်းဖြာထွက်သည့်ပုံစံ ကင်မရာဒီဇိုင်းကလည်း Huawei nova 9 SE ၏ တစ်မူထူးခြားသည့် ကိုယ်ပိုင်ဟန်ဖြစ်သည်။
HUAWEI nova 9 SE မှာ graphene heat dissipation စနစ်ပါဝင်သည့်အတွက် ဆန်းဒဝစ်ကဲ့သို့ ဖွဲ့စည်းတည်ဆောက်မှုပုံစံရှိသည့် ဖုန်းထဲတွင် အပူချိန်လွန်ကဲသည့် အခါမျိုး၌လည်း လျင်လျင်မြန်မြန် သိရှိပြီး ထိန်းချုပ်နိုင်သည့်အတွက် ရုပ်ရှင်ကြည့်သည့်အခါမျိုး တွင်လည်း အပူချိန်ကို ထိန်းညှိပေးနိုင်မှာဖြစ်သည်။
ထို့ပြင် nova 9 SE သည် Huawei ၏ 10-point Multi-touch technology နှင့် ၈ ဆ ပိုမိုကောင်းမွန်သည့် Ultra High Resolution Touch ကိုအထောက်အပံ့ပေးသည့်အတွက် Zoom ဆွဲကြည့်သည့်အချိန်တွင် multi-fingers အသုံးပြုသည့်အခါ၌ တုံ့ပြန်မှု မြန်ဆန်စေသည်။

Photo Source https://www.facebook.com/huaweimobile/

Huawei nova 9 SE ဘက်ထရီပိုင်းအတွက် 4,000 mAH battery ကို အသုံးပြုပေးထားပြီး 66W HUAWEI SuperCharge နည်းပညာဖြင့် ၁၅ မိနစ်အားသွင်းရုံဖြင့် ၆၀% အားပြည့်နိုင်ကာ ၃၆ မိနစ်[6] အားသွင်းရုံဖြင့် ၁၀၀ % အားအပြည့်သွင်းနိုင်မှာဖြစ်သည်။ ထို့ပြင် TÜV Rheinland Safe Fast Charge Certification ရရှိထားသည့်အတွက် အားသွင်းရာတွင်မြန်ဆန်ပြီး လုံခြုံစိတ်ချနိုင်မည်ဖြစ်သည်။
EMUI 12 ကိုအသုံးပြုထားသည့်အတွက် အချိန်အတော်ကြာအသုံးပြုလျင်တောင်မှ အထစ်အငေါ့မရှိဘဲ ချောမွေ့စွာ အသုံးပြုနိုင်မှာဖြစ်ပြီး ကလစ်တစ်ချက်နှိပ်ရုံဖြင့် HUAWEI Vison[7] နှင့် ကြိုးမဲ့ချိတ်ဆက်နိုင်ကာ ရုပ်ရှင်နှင့် ဂိမ်းကစားရာတွင် အကောင်းဆုံးအတွေ့အကြုံများကို ခံစားနိုင်မည်ဖြစ်သည်။ ထို့ပြင် Huawei nova 9 SE နှင့် Huawei Smart watch, Speaker[8] (သို့မဟုတ်) Huawei Vision တို့ဖြင့် ချိတ်ဆက်သည့်အခါ တွင်လည်း လွယ်ကူချောမွေ့အဆင်ပြေသည်ကို တွေ့ကြုံခံစားရမည် ဖြစ်သည်။
Huawei nova 9 SE တွင်ပါဝင်သည့် Distributed File System[9] မှတစ်ဆင့် PC ရှိ ဖိုင်များကို access လုပ်နိုင်မှာဖြစ်ပြီး Huawei Share မှတစ်ဆင့် စမတ်ဖုန်းနှင့် အခြား Huawei ထုတ်ကုန်များအကြားဖိုင်များအား လွဲပြောင်းနိုင်မည်ဖြစ်သည်။ ထို့အပြင် ပိုမိုကြီးသည့် ကင်မရာ၊ speakers[10]နှင့် Display တို့ရှိသည့် Huawei Vision[11] သို့ MeeTime call များအား လွဲပြောင်းခေါ်နိုင်ပြီး အသုံးပြုသူ ၁၁ ယောက်အထိ တစ်ပြိုင်နက် ချိတ်ဆက် ပြောဆိုနိုင်မည် ဖြစ်သည်။
Huawei ထုတ်ကုန်အသုံးပြုသူများအနေဖြင့် device ထဲရှိ official app market ဖြစ်သည့် AppGallery မှ ကြိုက်နှစ်သက်ရာ application များကို Download ဆွဲပြီးအသုံးပြုနိုင်ပါသည်။ AppGallery သည် ကမ္ဘာပေါ်ရှိ ထိပ်တန်း app stores ၃ ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံပေါင်း ၁၇၀ ကျော်တွင်အသုံးပြုနိုင်ကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ စစ်တမ်းများအရ ကမ္ဘာတစ်ဝန်း အသုံးပြုသူ သန်းပေါင်း ၅၈၀ ရှိပြီဖြစ်သည်။၂၀၂၁ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း download ဆွဲသူ ၄၃၂ ဘီလီယံကျော်ရှိပြီး တရုတ်ပြည်ပြင်ပတွင် သုံးစွဲသူ ၅၆ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။
အသုံးပြုသူများအနေဖြင့် နှစ်သက်ရာ mobile apps များကို Download ဆွဲနိုင်ပြီး ဂိမ်းများ၊ လူမှုကွန်ယက် application များ၊ ဈေးဝယ် application များ၊ ပညာရေး၊ lifestyle နှင့် ဖက်ရှင်ဆိုင်ရာ application များမှတစ်ဆင့် Exclusive Giveaways များ၊ ပြန်အမ်းငွေများ၊ ကူပွန်များနှင့် VIP အထူးခံစားခွင့်များကို ခံစားနိုင်မှာဖြစ်သည်။
Application တော်တော်များများအား AppGallery တွင်ရရှိနေပြီဖြစ်ပြီး မြန်မာပြည်တွင်လူသုံးများသည့် Mahar၊ KBZ Pay၊ KBZ Mobile Banking၊ My Telenor၊ AYA mBanking 2.0 စသည့် Applications များနှင့် အခြား Applications များအားလည်း Download ဆွဲကာ အသုံးပြုနိုင်ပြီဖြစ်သည်။ ထို့အပြင် မိုဘိုင်းဂိမ်းကစားသူများ အနေဖြင့်လည်း Break the bricks and go infinity၊ Learn Marth စသည့် ဂိမ်းများအား AppGallery တွင်Download ဆွဲကစားနိုင်ပြီး exclusive in-game promotion များရယူနိုင်သည်။
AppGallery အပြင် Huawei nova 9 SE အသုံးပြုသူများအနေဖြင့် ပိုမိုကောင်းမွန်သည့် ဒစ်ဂျစ်တယ် အတွေ့ အကြုံများကိုခံစားနိုင်ရန် Huawei ၏ ကိုယ်ပိုင် applications များဖြစ်သည့် Petal Maps navigation app နှင့် Petal Search (search engine) တို့ကိုအသုံးပြုနိုင်ပါသည်။ HUAWEI Video, Music, Book တို့မှလည်း အမျိုးမျိုး အစုံစုံသော အကြောင်းအရာများကို ခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။
Huawei nova 9 SE ကို RAM 8 GB + 128 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Crystal Blue (အပြာ‌ရောင်)၊ Pearl White (အဖြူရောင်) နှင့် Midnight Black (အနက်ရောင်)တို့အား မြန်မာနိုင်ငံတွင် ဝယ်ယူရရှိမှာ ဖြစ်ပါသည်။ တန်ဖိုးအားဖြင့် မြန်မာကျပ် ၅၉၉,၀၀၀ ကျပ်ဖြင့် မတ်လ (၂၀) ရက်နေ့မှစ၍ Pre-order တင်လို့ရနေပါပြီ။ အသေးစိတ်သိရှိလိုပါက Huawei Official Facebook Page (သို့မဟုတ်) Hot Line number (+959 689 000900) သို့ ဆက်သွယ်‌မေးမြန်းစုံစမ်းနိုင်ပါသည်။
ယခု Huawei nova 9 SE ကို ဝယ်ယူကြမည့် သုံးစွဲသူမိဘပြည်သူများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် Huawei nova 9 SE ကို စီတီဇင်ပေး (Citizens Pay) အက်ပလီကေးရှင်းမှတဆင့် Scan & Pay ပြုလုပ် ငွေရှင်းပြီး ဝယ်ယူပါက E-money Cashback ၄၀,၀၀၀ ကျပ်ကို ထပ်ဆောင်းရရှိမည်ဖြစ်ပါသည်။ ထို့ပြင် ဝယ်ယူသူအနေနှင့် MPU Card ဖြင့် စီတီဇင်ပေး အကောင့်ထဲသို့ ငွေသွင်းပြီး ဝယ်ယူပါကလည်း E-money ၁၀,၀၀၀ ကျပ်ကို ထပ်မံရရှိဦးမည်ဖြစ်ပါသည်။ အစီအစဉ် အသေးစိတ်ကို စီတီဇင်ပေး Facebook စာမျက်နှာတွင် ကြေငြာပေးသွားမည်ဖြစ်သည်။
ထို့ပြင် Huawei nova 9 SE ဝယ်ယူပါက MPT Data 1GB Free နှင့် လစဉ်ငွေကျပ် ၃၀၀၀ ဖြည့်ရုံဖြင့် MPT ၏ 1GB + 50 min (on-net) တို့အားအခမဲ့ ရယူနိုင်မည်ဖြစ်သည်။ Huawei ထုတ်ကုန်အသုံးပြုသူများအားအတွက် Huawei Service Carnival အနေဖြင့် အပိုပစ္စည်းများအတွက် ၂၀ ရာခိုင်နှုန်း အထိလျော့ဈေး၊ ရှေ့နောက်မှန်ကပ်အတွက် ၆၀ ရာခိုင်နှုန်း လျော့ဈေး၊ 50GB Cloud Storage အား ၃ လ အခမဲ့ပေးမည့်အပြင် အာမခံပြင်ပ ပြုပြင်လဲလှယ်သော အပိုပစ္စည်းများအတွက် ရက် ၉၀ အာမခံ စသည်တို့ကို မတ်လ (၂၁) ရက်မှ မေလ (၃၁) ရက်အထိ ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။