Samsung ၏ မျိုးဆက်သစ် ခေါက်ချိုးစမတ်ဖုန်းများအား မြန်မာနိုင်ငံတွင် ကြိုတင်မှာယူနိုင်

Samsung မှ မိတ်ဆက်ခဲ့သည့် မျိုးဆက်သစ် ခေါက်ချိုးစမတ်ဖုန်း အသစ်များ ဖြစ်သည့် Galaxy Z Fold3 နှင့် Galaxy Z Flip3 စမတ်ဖုန်းများအား ကြိုတင်မှာယူလိုသူများအတွက် Samsung Myanmar သည် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) စာရင်းကောက်ခံပေးသွားမည် ဖြစ်သည်။
ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၃,၄၃၉,၀၀၀ ကျသင့်မည့် Galaxy Z Fold3 စမတ်ဖုန်းအား Black နှင့် Silver အရောင်များ အနက် ရွေးချယ်မှာယူနိုင်မည် ဖြစ်ပြီး Galaxy Z Flip3 စမတ်ဖုန်းကိုမူ ကြိုတင်မှာယူမှုဈေးနှူန်း မြန်မာငွေကျပ် ၂,၁၅၉,၀၀၀ ဖြင့် တမူထူးခြားသည့် အရောင်အသစ်အဆန်းများ ဖြစ်သည့် Cream နှင့် Lavender အရောင်များအနက် နှစ်သက်ရာ ရွေးချယ်မှာယူသွားနိုင်မည် ဖြစ်သည်။

Photo Source http://news.samsung.com

စမတ်ဖုန်း ၂ မျိုးလုံးအား အခြား‌သောနိုင်ငံတကာ ဈေးကွက်များနည်းတူ 5G version ဖြင့် ရရှိသွားနိုင်မည် ဖြစ်သည့်အပြင် သုံးစွဲသူများ ပိုမို အဆင်ပြေလွယ်ကူမှု ရှိစေရန်အတွက် Samsung Myanmar သည် ကြိုတင်မှာယူမှုများအား Mobile Banking မှတဆင့် အပြည့်အဝ လက်ခံပေးသွားရန်လည်း စီစဉ်ပေးထားသည်။
“ကျွန်တော်တို့ Samsung အနေနဲ့ မဖြစ်နိုင်ဘူးဆိုတာတွေကို ချိုးဖျက်ပြီး အသစ်မိတ်ဆက်လိုက်တဲ့ Galaxy Z Fold3၊ Z Flip3 စမတ်ဖုန်းတွေနဲ့အတူ နေ့စဉ်နေ့တိုင်း တိုးတက်ပြောင်းလဲနေတဲ့ အခုခေတ်မှာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး လူနေမှုပုံစံ အသစ်တစ်ခုကို အကောင်းဆုံး ဖန်တီးပေးနိုင်မယ့် ခေါက်ချိုး စမတ်ဖုန်းအသုံးပြုမှု အတွေ့အကြုံသစ်တွေကို ယူဆောင်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။
ကြိုတင်မှာယူသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ အားပေးသွင်းပြီးနောက် ၎င်းတို့၏ စမတ်ဖုန်းအသစ်များအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း မှာယူထားသော ဖုန်းအရောင်း ဆိုင်ကြီးများတွင် လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူထား သူများအနေနှင့် Samsung Myanmar မှပေးအပ်သော အောက်ပါ အပိုထပ်ဆောင်း လက်ဆောင်များကိုလည်း အသီးသီး ရရှိသွားမည် ဖြစ်သည်။
(၁) Galaxy Z Fold3 စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် S Pen၊ Flip Cover နှင့် Galaxy Buds Pro
(၂) Galaxy Z Flip3 စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် Clear Cover နှင့် Galaxy Buds Pro

Photo Source http://news.samsung.com

Samsung Galaxy S Series နှင့် Note Series စမတ်ဖုန်းများ (Samsung Galaxy S10, Note8 နှင့်အထက်) အား ကိုင်ဆောင်ထားသူများ အနေနှင့် လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ ၎င်းတို့၏ စမတ်ဖုန်းများအား အသစ် မိတ်ဆက်ခဲ့သည့် မျိုးဆက်သစ် ခေါက်ချိုး စမတ်ဖုန်းများနှင့် လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း (Galaxy Z Fold3 စမတ်ဖုန်း ပထမဆုံး ကြိုတင်မှာယူသူ အယောက် ၁၀၀ စီနှင့် Z Flip3 စမတ်ဖုန်း ပထမဆုံး ကြိုတင်မှာယူသူ အယောက် ၁၀၀ စီအတွက်သာ) Samsung Myanmar မှ စီစဉ်ပေးထားသည်။
ထို့အပြင် ထိုသို့လဲလှယ်ဝယ်ယူမှုများအတွက် Samsung Myanmar သည် Galaxy Z Fold3 အား လဲလှယ်ဝယ်ယူသူများအတွက် ထပ်ဆောင်း အပိုလက်ဆောင် မြန်မာငွေကျပ် ၃၀၀,၀၀၀ နှင့် Galaxy Z Flip3 အား လဲလှယ်ဝယ်ယူသူများအတွက် ထပ်ဆောင်း အပိုလက်ဆောင် မြန်မာငွေကျပ် ၂၀၀,၀၀၀ တို့ကိုလည်း ထပ်မံ၍ ‌ပေးအပ်သွားမည် ဖြစ်သည်။