vivo သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံခဲ့သည်မှာ ၇ နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ပြီး 5G စမတ်ဖုန်းများ ကိုဆက်လက်ထုတ်လုပ်သွားမည်ဟု ထုတ်ပြန်

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် vivo သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်လာခဲ့သည်မှာ ယခုဆိုလျှင် ၇ နှစ်မြောက် နှစ်ပတ်လည်ကို ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာထားသည်။ ယခုလို vivo ကို ၇ နှစ်တိုင်တိုင် အောင်မြင်မှုများ ရရှိလာစေရန် စဉ်ဆက်မပြတ်အားပေးခဲ့ကြသည့် မိတ်ဖက်များ၊ ဝန်ထမ်းများ၊ Suppliers များ၊ ဖြန့်ဖြူးရောင်းချသူများနှင့် သုံးစွဲသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း vivo မှ ဆက်လက် ကြေညာခဲ့သည်။
၂၀၁၄ ခုနှစ်တွင် vivo သည် တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမဟာဗျူဟာနှင့် ပြည်ပသို့ ဈေးကွက်တိုးချဲ့ရန်အတွက် တောင်အာရှဈေးကွက်အတွင်း ပထမဦးဆုံးဝင်ရောက်ရင်းနှီးမြုပ်နှံခဲ့ပြီး ဌာနခွဲဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ နှစ်၏ ဇူလိုင်လတွင် vivo သည် မြန်မာ့ဈေးကွက်သို့ စတင် ဝင်ရောက်ခဲ့ပြီး ထိုအချိန်မှစ၍ vivo သည် မြန်မာလူမျိုးများ၏ နေ့စဉ်ဘဝတွင် တစ်စိတ်တစ်ပိုင်းအဖြစ် နေရာယူလာခဲ့ပြီး သုံးစွဲသူများ လိုလားသည့် စမတ်ဖုန်းများကို စဉ်ဆက်မပြတ် တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။
ဈေးကွက်ရှာဖွေရေး သုတေသနပြုချက်များအရ vivo ၏ V စီးရီး၊ Y စီးရီးနှင့် S စီးရီးစမတ်ဖုန်းများသည် မြန်မာနိုင်ငံအတွင်း လူကြိုက်များသည့် ဖုန်းများဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ vivo ၏ ကင်မရာ ဆန်းသစ်မှု၊ ဒီဇိုင်းပိုင်း အသားပေးထားမှုနှင့် အသုံးပြုသူများကို ဦးစားပေးထားခြင်းသည်လူငယ်များအကြား vivo စမတ်ဖုန်းများကို လူကြိုက်များစေသည့် အဓိကအကြောင်းရင်းများ ဖြစ်သည်။ vivo မှ သုံးစွဲသူများအတွက် ပြီးပြည့်စုံသည့် ဆန်းသစ်တီထွင်မှုများပေးနိုင်ရန် အမြဲကြိုးပမ်းလျက်ရှိသည်။ vivo V စီးရီးများတွင် ကင်မရာ features များစွာ ထည့်သွင်းပေးထားခြင်း၊ ရှေ့ကင်မရာစနစ်တွင် OIS ပါဝင်ခြင်း၊ V21 စီးရီးအတွက် Selfie Spotlight များ ထည့်သွင်းပေးထားခြင်းဖြင့် vivo မှ Mobile Photography နှင့် Night Photography တို့၏ စံနှုန်းကို အကောင်းဆုံး ပြန်လည်မြှင့်တင်နိုင်ခဲ့သည်။ vivo Y31, Y12s နှင့် Y51 ကဲ့သို့သော Y စီးရီး စမတ်ဖုန်းများ၏ အောင်မြင်မှုသည် လူငယ်များအကြိုက် စွမ်းဆောင်ရည်မြင့်သည့် စမတ်ဖုန်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်သည်ကို သက်သေပြနိုင်ခဲ့သည်။ထို့ကြောင့် vivo သည် စမတ်ဖုန်းများ၏ ဒီဇိုင်းများကို စတင်ဖန်တီးနေစဉ်အတွင်း လူငယ်များ၏ အကြိုက်ကို ထည့်သွင်းစဉ်းစားလုပ်ဆောင်ထားသည်။

Photo Source https://www.vivo.com/en/about-vivo/news

မြန်မာနိုင်ငံအတွင်း ၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် vivo Mobile Myanmar ၏ CEO ဖြစ်သူ Mr.Nelson Ni က “ကျွန်တော်တို့ vivo အနေနဲ့ မြန်မာနိုင်ငံမှာ ခုနစ်နှစ်ပြည့်သွားပါပြီ။ ပထမဦးဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ vivo မိသားစုဝင်တွေ ဒီနှစ်တွေတစ်လျှောက်လုံး သူတို့ရဲ့ မနားမနေ ကြိုးစားအားထုတ်မှုတွေနဲ့ ပံ့ပိုးမှုတွေအတွက် ချီးကျူးလိုပါတယ်။ ဒုတိယအချက်ကတော့ vivo နဲ့ ဆက်နွယ်နေတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတို့ အားလုံးဟာ vivo ရဲ့ ဖန်တီးမှုတွေအတွက် အကောင်းဆုံး လုပ်ဆောင်ခဲ့တဲ့အတွက် ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ နောက်ဆုံးနဲ့ အရေးအပါဆုံးအချက်ကတော့ သုံးစွဲသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ စမတ်ဖုန်းနဲ့ အမှတ်တံဆိပ်အပေါ် အမြဲမပြတ်ယုံကြည်ခဲ့တာကြောင့် vivo လည်း ရပ်တည်နိုင်တာဖြစ်ပါတယ်။ vivo ဟာ မြန်မာနိုင်ငံမှာ ရှေ့ဆက်ပြီးတော့ Customer တွေအတွက် ဝန်ဆောင်မှုပေးဖို့၊ တိုးတက်စေဖို့နဲ့ ဖြန့်ချိနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
တစ်ကမ္ဘာလုံး အတိုင်းအတာမှာလည်း vivo သည် အောင်မြင်မှု ကြီးကြီးမားမားရရှိခဲ့သည်။ Canalys မှ ထုတ်ပြန်သော ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်းဈေးကွက် အချက်အလက်များအရ vivo သည် ဈေးကွက်ဝေစု ၁၀ ရာခိုင်နှုန်းဖြင့် အဆင့် ၅ တွင် ရောက်ရှိခဲ့သည်။ Counterpoint ၏ ဒေတာအချက်အလက်များအရ တောင်အာရှဈေးကွက်တွင်လည်း ၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင် vivo ၏ ဈေးကွက်ဝေစုသည် ၁၆ ရာခိုင်နှုန်း ရှိပြီး vivo အမှတ်တံဆိပ်သည် တတိယနေရာတွင် ရှိနေသည်။ IDC Report အရ ၂၀၂၀ ၏ စတုတ္ထသုံးလပတ်တွင် vivo သည် အာရှရှိ တင်ပို့မှု၏ ထိပ်ဆုံးတွင်ရှိခဲ့သည်။ Strategy Analytics အချက်အလက်များအရ vivo အမှတ်တံဆိပ်သည် ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်း ကမ္ဘာပေါ်တွင် ဒုတိယအလျင်မြန်ဆုံး တိုးတက်လာသည့် 5G စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်လာသည်။

Photo Source https://www.vivo.com/en/about-vivo/news

COVID-19 ကူးစက်ရောဂါကြောင့် လူတိုင်းတွင် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။ ဤအကျပ်အတည်း ကာလအတွင်း ဝန်ထမ်းများ၏ လုံခြုံရေးသည် vivo အတွက် အဓိက ဦးစားပေးဖြစ်ခဲ့သည်။ vivo မှ မြန်မာနိုင်ငံအတွင်းရှိ ဝန်ထမ်းများအတွက် အလုပ်နှင့်ဘဝ မျှတမှုရှိစေရန် အလုပ်ပိတ်ခြင်းနှင့် အလုပ်အကိုင်သင်တန်းများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် နည်းလမ်းများစွာဖြင့် စီစဉ်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ကူးစက်ရောဂါသည် ဒစ်ဂျစ်တယ် လူနေမှုပုံစံသစ်တစ်ခုကို အစပျိုးပေးခဲ့သည်။ စမတ်ဖုန်း အမှတ်တံဆိပ်အနေဖြင့် vivo သည် သုံးစွဲသူများအတွက် စမတ်ဖုန်းများအသုံးပြုရာ၌ လွယ်ကူသော အတွေ့အကြုံများရရှိစေရန်အတွက် အရည်အသွေး မြင့်မားသည့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို ပေးစွမ်းနိုင်ရန် ရည်မှန်းထားသည်။
vivo သည် Benfen အတွေးအခေါ်ကို ယုံကြည်သည့် အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး vivo မှ ထုတ်ကုန်အသစ်များ မိတ်ဆက်ခြင်းဖြင့် စမတ်ဖုန်း နည်းပညာကို ပိုမိုတိုးတက်စေရန် မျှော်လင့်သည်။ မြန်မာနိုင်ငံတွင် 5G အသုံးပြုနိုင်ခြင်းသည် နိုင်ငံအတွင်း နည်းပညာတိုးတက်လာမှု၏ သင်္ကေတသစ်တစ်ခု ဖြစ်လိမ့်မည်ဖြစ်ရာ vivo မှလည်း အနာဂတ်တွင် မြန်မာနိုင်ငံအတွက် 5G စမတ်ဖုန်းများ ထုတ်လုပ်ရန် ရည်ရွယ်ထားသည်။ vivo သည် ကင်မရာ ဆန်းသစ်တီထွင်မှု လုပ်ငန်းစဉ်တွင် အပြောင်းအလဲများ ပြုလုပ်ပေးနိုင်ခဲ့ပြီးဖြစ်သော်လည်း ဆက်လက်၍ Customer များအတွက် Mobile Photography အတွေ့အကြုံများ မြှင့်တင်ပေးရန် ပိုမိုတိုးတက်လာသည့် နည်းပညာများကိုဖော်ထုတ်ရန် မျှော်လင့်ကြောင်း vivo မှ ထုတ်ပြန်ထားသည်။