vivo y31 စမတ်ဖုန်းကို လူကြိုက်များစေသောအကြောင်းအရင်းများ

Vivo Y31 စမတ်ဖုန်းဟာ မြန်မာပြည်တွင်း စမတ်ဖုန်းဈေးကွက်မှာ လူကြိုက်များစေသည်။ လူကြိုက်များရတဲ့ အဓိက အကြောင်းအရင်းကလည်း အရည်အသွေးမြင့်နည်းပညာများနဲ့ ဆွဲဆောင်ချင်စရာကောင်းစေလို့ပင်ဖြစ်သည်။ ကျယ်ပြန့်သော ဖုန်းမျက်နှာပြင်သည် မျက်လုံးကိုထိခိုက်စေသည့် အန္တရာယ်ရှိသော အပြာရောင် အလင်းတန်းများကို ကာကွယ်ပေးပြီး ဗီဒီယိုကြည့်ရှုရန်နှင့် ဂိမ်းတွေကစားရန်အတွက် စွဲမက်ဖွယ်ကောင်းသော ခံစားချက်ကိုပေးစွမ်းပါသည်။
Racing Black ကစွဲမက်ဖွယ်အနက်ရောင်၏ နက်ရှိုင်းသောခွန်အားကို ခံစားနိုင်မည်ဖြစ်သည်။ Ocean Blue အရောင်က အပူပိုင်းဒေသ သမုဒ္ဒရာအရောင်ကနေရရှိလာသော စိတ်ကူးဖြစ်ပြီး ငယ်ရွယ်နုပျိုတက်ကြွမှုကို ခံစားနိုင်မည်ဖြစ်သည်။ ဖုန်း screen lock ဖွင့်ရန် ကြာချိန်မှာ အံ့ဩဖွယ်ကောင်းလောက်အောင် ဝ.၃ စက္ကန့်သာ ရှိသည်။ နောက်တစ်နည်းမှာ တစက္ကန့်တောင်မကြာပဲ ဖုန်းကိုကောက်ကိုင်ကြည့်ရင်း Face wake ဖြင့်ဖုန်း lock ကို ဖြည်နိုင်ပါသည်။
vivo Y31 သည် Application များကို အခက်အခဲမရှိပဲ အသုံးပြုနိုင်သည်။ ပိုမိုထူးခြားသည်မှာ ကတ်သုံးကတ်ထည့်နိုင်သော ဒီဇိုင်းသည် Menory ပမာဏကို 1TB အထိ တိုးချဲ့ အသုံးပြုနိုင်သော အချက်ပါဝင်ခြင်းဖြစ်သည်။ ၆၄ မိနစ်အတွင်း ဖုန်းအားကို ၇၀ ရာခိုင်နှုန်းအထိ သွင်းနိုင်သည်။ AI စွမ်းအင် ချွေတာသည့်နည်းပညာဖြင့် တစ်ကြိမ်အပြည့်အဝအားသွင်းမှုသည် အွန်လိုင်းတွင် ၁၇.၉ နာရီကြာ video ကြည့်ရှုနိုင်ပြီး ဂိမ်းများကိုလဲ ၉.၉ နာရီကြာ ကစားနိုင်သည်။

Photo Source https://www.facebook.com/vivomobileMM/

Y31 ၏ Reverse Charging Power ဖြင့် သင်၏အခြား အီလက်ထရောနစ်ပစ္စည်းများကို အားသွင်းနိုင်သည်။ Shooting Modes များစွာ ထည့်သွင်းထားသောကြောင့် AI Triple Camera သည် နေ့ညမရွေး ဓာတ်ပုံများကို ကြည်လင်ပြတ်သားစွာ မြင်နိုင်မည်ဖြစ်သည်။
48MP Main camera ဖြင့် အဖိုးမဖြတ်နိုင်သော အခိုက်အတန့်များကို မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။ Bokeh Camera က လည်း ဓာတ်ပုံများအသက်ဝင်ရုံသာမက သာမာန်ဓာတ်ပုံများထက်ပိုမိုကြည်လင်မှုကို ရရှိစေသည်။Super Camera က ၄ စင်တီမီတာအထိ နီးကပ်စွာ Focus ကိုရှာဖွေနိုင်သည်။ Super Night Mode က အလင်းရောင်အာားနည်းသောအချိန်များတွင် လှပသော ပုံရိပ်များကို ဖမ်းယူနိုင်သည်။
Electronic Image Stabilization (EIS) သည် ပြေးနေစဉ် စက်ဘီးစီးနေစဉ် အဝေးမှလူ အများနှင့် ရှုခင်းများကို video ရိုက်ကူးနိုင်သည်။Audio Boosterသည် သီချင်း၊ ဖုန်းသံများမှစပြီး ဗီဒီယို၊ ရုပ်ရှင်တွေအထိ သင်နားသောတဆင်လိုတဲ့ အရာတွေကို ပိုမိုကောင်းမွန်စေသည်။
Vivo Y31 စမတ်ဖုန်းသည် Multi-Turbo 4.0 သည် ဂိမ်းဆော့ရာတွင် ထစ်ငေါ့ခြင်းနှင့်နှောင့်နှေးခြင်းများကို လျှော့ချရန် အဓိကမြင်ကွင်းများကို အကောင်းဆုံးအာရုံစိုက်နိုင်သည်။ ၎င်းသည် CPU နှင့် internal သိုလှောင်မှုအရင်းအမြစ်များကို အထူးသဖြင့်နောက်ခံတွင်တစ်ပြိုင်နက်တည်း လည်ပတ်နေသည့်အချိန်တွင်လည်း ခွဲဝေသတ်မှတ်ခြင်းနှင့် ဦးစားပေးခြင်းပြု လုပ်ရန်အတွက် စီမံထားသည်။

Photo Source https://www.facebook.com/vivomobileMM/

Custom Watermark ကလည်း ဓာတ်ပုံပေါ်တွင် watermark ကို စိတ်ကြိုက် ဖန်တီးပြုလုပ်နိုင်ပါတယ်။ AI Editorသည် သင့်အားစတိုင်ကျသော ဗီဒီယိုများဖန်တီးရန်နှင့် လူမှုမီဒီယာတွင် အလွယ်တကူ မျှဝေနိုင်သည်။ Memories က ဓတ်ပုံများကို အချိန်၊ တည်နေရာနှင့်အဖြစ်အပျက်များအရ စုစည်းပေးသည်။ စိတ်ဝင်စားဖို့ကောင်းသော iManager သည် vivo အသုံးပြုသူများကို ပျင်းစရာကောင်းသော နေ့စဉ်အလုပ်များမှလွတ်မြောက်စေသည်။
ဖုန်းကိုသန့်ရှင်းရေးလုပ်ခြင်း သို့မဟုတ် ညအချိန်တွင်ပြဿနာများကို စစ်ဆေးခြင်းစသည့်လုပ်ငန်းများကို ဂရုစိုက်ရန်အတွက် အသုံးပြုနိုင်သည်။ညအိပ်အနားယူချိန်၌ iManager သည်သင်၏ဖုန်းတွင်းလုပ်ဆောင်ချက်တို့ကို ကောင်းမွန်စေသည်။ ဈေးနှုန်းကတော့ မြန်မာကျပ်ငွေ 379000 ကျပ်နီးပါးရှိပါတယ်။