အသစ်ထွက်ရှိလာသော realme C25s စမတ်ဖုန်း၏ အရည်အသွေးများအကြောင်း

Realme C25s စမတ်ဖုန်းတွင် အသစ်စက်စက် အဆင့်မြှင့်တင်ပေးထားသော Helio G85 Processor တွင် မြင့်မားစိတ်ချရသော စွမ်းဆောင်မှုမျိုး ထောက်ပံ့ပေးထားသည့် 12nm Octa-Core CPU အမျိုးအစားကို ထည့်သွင်းအသုံးပြုပေးထားသည်။ ၎င်း Processor နှင့်အတူ တွဲဖက်ပါဝင်သည့် MediaTek Gaming နည်းပညာက ဂိမ်းကစား နေစဉ်အတွင်း တည်ငြိမ်ပြီးအထစ်အငေါ့မရှိသော မြင့်မားသည့်စွမ်းဆောင်ရည်ကို ရရှိစေမည်ဖြစ်သည်။
ရုပ်ထွက်အရည်အသွေးမြင့်မားသော AI Triple Camera နှင့်အတူ အခိုက်အတန့်တိုင်းကို အကောင်းဆုံး ရိုက်ယူနိုင်စေမည့် 48MP ပင်မကင်မရာဖြင့် နေ့စဉ်ဘဝ၏ အရောင်အသွေးစုံလင်မှုများကို အလွယ်တကူ ရယူနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် 2MP macro lens ကို အသုံးပြုကာ ထင်ရှားပြတ်သားသော အသေးစိတ် ပုံရိပ်များကိုပါ ဖန်တီးဖော်ထုတ်နိုင်စေမည် ဖြစ်သည်။ အဖြူ အမည်းသီးသန့် B&W lens ကလည်း အနုပညာဆန်သည့် ဓာတ်ပုံများကို ပိုမိုဖန်တီးစေရန် ပံ့ပိုးပေးထားသည်။

Photo Source https://www.realme.com/mm/realme-c25-s

ကြီးမားများပြားသော ဘက်ထရီအားပမာဏ ပါဝင်မှုကြောင့် အားကုန်သွားမှာ စိုးရိမ်စရာရှိစေမည် မဟုတ်သည့်အပြင် ဂိမ်းတွေ ၊ ဗီဒီယိုတွေကို တစ်နေ့ တာလုံး စိတ် ကြိုက်အသုံးပြုနိုင်ဖြစ်သည်။ App Quick Freeze လုပ်ဆောင်ချက်က မကြာခဏ အသုံးပြုခြင်းမရှိသော App များကိုပိတ်ထားပေးမည်ဖြစ်ပြီး ဘက်ထရီအားအသုံး ပြုမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးမည်ဖြစ်သည့်အပြင် Screen Battery Optimization စနစ်ကလည်း သင့်ဘက်ထရီအားပိုမိုခံစေရန် အချို့သောမြင်ကွင်းအထူးပြုလုပ်ချက်များကို လျှော့ချပေးစေမည်ဖြစ်သည်။
realme C25s တွင် အချိန်တခဏ အတွင်း ဖုန်းကို အလျင်အမြန်အားပြန်လည်ဖြည့်သွင်းပေးနိုင်သည့် 9V/2A အားသွင်းခေါင်းကို တပ်ဆင်ပေးထားသည်။
realme C25s တွင် TÜV Rheinland Smartphone High Reliability Certification ထောက်ခံချက်ကို ရရှိစေရန်အတွက် အထူးအရည်အသွေးစစ်ဆေးမှုပေါင်း (၂၃)ဆင့်ကို ဖြတ်သန်းစစ်ဆေးခံထားပြီး သုံးစွဲသူများအတွက် စိတ်ချယုံကြည်ရသော အရည်အသွေးနှင့် ပိုမိုကြာရှည်ခံသည့် အသုံးပြုမှုအတွေ့အကြုံတို့ ပေးစွမ်းစေမည်ဖြစ်ပါသည်။
လက်ဗွေအာရုံခံစနစ်မှာ လုံခြုံမှုနှင့် ထိရောက်မှုအတွက် ညီညွှတ်မျှတစွာလုပ် ဆောင်ပေးထားပါသည်။ တစ်ချက်တို့ထိ လိုက်ရုံဖြင့် ဖုန်းကို လုံခြုံလျင်မြန်စွာ ဖွင့်ပေးစေမည်ဖြစ်သည်။
realme C25s တွင် SIM ကတ် ၂ကတ် နှင့် သီးသန့် microSD ကတ် realme C25s တွင် SIM ကတ် ၂ကတ် နှင့် သီးသန့် microSD ကတ် တို့ကို တစ်ပြိုင်နက်တည်း ထည့်သွင်းအသုံးစွဲနိုင်ခြင်းကြောင့် ပိုမိုအားသာသည့် ကွန်ယက် နှင့် သိမ်းဆည်းမှု အတွေ့အကြုံကောင်းများကို ရရှိစေမည်ဖြစ်ပါသည်။ ပိုမိုကြီးမားသည့် သိမ်းဆည်းမှု ပမာဏ 256GB အထိ ထပ်တိုးတပ်ဆင် အသုံးပြုနိုင်သည်။