တီဗီတစ်လုံးဝယ် တစ်လုံးလက်ဆောင်ရနိုင်မည့် အထူးအခွင့်အရေးနှင့် အခြားငွေသားလက်ဆောင်များပါဝင်မည့် Samsung Myanmar “နှစ်သစ်ကူးလက်ဆောင်” ပရိုမိုးရှင်းအစီအစဉ်

ကမ္ဘာတစ်ဝန်းတွင် အရည်အသွေး အမြင့်မားဆုံး အိမ်သုံး လျှပ်စစ်ပစ္စည်းများအား တီထွင်ထုတ်လုပ်ရောင်းချလျက်ရှိသည့် Samsung Electronics Co.Ltd သည် တီဗီတစ်လုံးဝယ် တစ်လုံးလက်ဆောင် ရရှိနိုင်မည့် အထူးအခွင့်အရေး အပါအဝင် အခြားသော ငွေသား လက်ဆောင်များလည်း ပြန်လည်ရရှိနိုင်မည့် “နှစ်ကူးလက်ဆောင်” ပရိုမိုးရှင်းအား မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကျင်းပလျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ နိုင်ငံတဝန်းရှိ Samsung Showroom များတွင် ကျင်းပပြုလုပ်လျက်ရှိသည့် အဆိုပါ “နှစ်ကူးလက်ဆောင်” ပရိုမိုးရှင်းအစီအစဉ် ကာလအတွင်း

  • ၅၅” မှ ၈၅” အထိ Neo QLED 4K Smart တီဗီများ၊
  • ၆၅” မှ ၈၅” အထိ QLED 4K Smart တီဗီများ၊
  • ၆၅” နှင့် ၇၅” UHD 4K Smart တီဗီများ အား

ဝယ်ယူအားပေးသူများ အနေနှင့် သတ်မှတ်ထားသော တီဗီအမျိုးအစား တစ်လုံးစီအား နှစ်ကူးလက်ဆောင် အဖြစ် ထပ်မံ ရရှိပိုင်ဆိုင်သွားနိုင်မည် ဖြစ်သည်။

အလားတူပင် အခြားသော တီဗီများ၊ လေ‌အေးပေးစက်များ အဝတ်လျှော်စက်များနှင့် ရေခဲသေတ္တာများအား ဝယ်ယူအားပေးသူတိုင်း အနေနှင့်လည်း ၎င်းတို့ ဝယ်ယူသည့် ထုတ်ကုန်မော်ဒယ်များအလိုက် ငွေသား လက်ဆောင် ၃၀,၀၀၀ ကျပ်မှ ၅၀၀,၀၀၀ ကျပ်အထိ ကိုလည်း ပြန်လည်ရရှိသွားနိုင်မည် ဖြစ်သည်။

“Samsung ရဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ပုံမှန် ဝယ်ယူအားပေးလေ့ရှိကြတဲ့ Samsung ချစ်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ အခုလို တီဗီတစ်လုံးဝယ် နောက်တစ်လုံး လက်ဆောင်ရရှိမယ့် အပြင် နောက်ထပ် အံ့အားသင့်စရာ အကျိုးခံစားခွင့် များစွာပါရှိတဲ့ နှစ်ကူးလက်ဆောင် ပရိုမိုးရှင်းအစီအစဉ်ကို စီစဉ်ပေးအပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ Samsung အနေနဲ့ မြန်မာနိုင်ငံနဲ့ ကိုက်ညီမှုအပြည့်ရှိတဲ့ နောက်ဆုံးပေါ် အရည်အသွေးမြင့် နည်းပညာတွေကို ထုတ်ကုန်တိုင်းမှာ ထည့်သွင်းတည်ဆောက်ပေးထားတဲ့အတွက် အသုံးပြုသူတွေရဲ့ နေ့စဉ်လူနေမှုဘဝတွေမှာ အကောင်းဆုံး အထောက်အကူဖြစ်စေမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်” ဟု Samsung Myanmar ၏ Managing Director ဖြစ်သူ Mr. Harrison Song ကပြောကြားခဲ့သည်။

Samsung Myanmar သည်

  • လျှပ်စစ်ဓာတ်အား သုံးစွဲမှုအား ရေခဲသေတ္တာများတွင် ၅၀% အထိ၊ အဝတ်လျှော်စက်များတွင် ၄၀% အထိ အသီးသီး လျှော့ချပေးနိုင်သော Digital Inverter လုပ်ဆောင်ချက် နှင့် ထုတ်ကုန် ၂ မျိုးစလုံး တွင် နှစ် ၂၀ အထိ အာမခံပေးသည့် Warranty စနစ်
  • ရေခဲသေတ္တာများတွင် ထောင့်ပေါင်းစုံအား အအေးဓာတ်ပေးစွမ်းနိုင်မည့် All Cooling စနစ်နှင့် မီးပျက်သွားသည့်တိုင်အောင် အအေးဓာတ်ကို ၁၂ နာရီ ကြာမြင့်သည်အထိ ထိန်းသိမ်းထားနိုင်သည့် Cool Pack လုပ်ဆောင်ချက်
  • အဝတ်အထည်များအား သန့်ရှင်းစင်ကြယ်မှု အရှိဆုံး လျှော်ဖွတ်ပေးနိုင်သည့် Wobble Technology နည်းပညာ နှင့် Intensive Wash လုပ်ဆောင်ချက်
  • ပိုမိုကြီးမားကျယ်ပြန့်၍ အဝတ်အထည်များများ တစ်ပြိုင်နက်တည်း လျှော်ဖွတ်နိုင်သော Twin Tab အဝတ်လျှော်စက် အမျိုးအစားများတွင် ပိုမိုစင်ကြယ်စွာ လျှော်ဖွတ်နိုင်မည့် Power Storm စနစ်နှင့် ပိုမိုအား‌ကောင်းသည့် Air Turbo အခြောက်ခံစနစ်

အစရှိသည့် မြန်မာနိုင်ငံ အတွက် ကိုက်ညီမှုအရှိဆုံး ထုတ်ကုန်များနှင့် နောက်ဆုံးပေါ်နည်းပညာများကိုလည်း “Built for Myanmar” ဟူသော ခေါင်းစဉ်အောက်မှ တဆင့် စဉ်ဆက်မပြတ် ဖန်တီးပေးအပ်လျက် ရှိသည်။

“နှစ်ကူးလက်ဆောင်” ပရိုမိုးရှင်း အစီအစဉ် အသေးစိတ်အား Samsung မြန်မာ၏ တရားဝင် Facebook စာမျက်နှာနှင့် နိုင်ငံတစ်ဝှမ်းရှိ နီးစပ်ရာ Samsung Showroom များတွင် သွားရောက် ကြည့်ရှုမေးမြန်း သွားနိုင်မည် ဖြစ်သည်။