ဖုန်းတစ်လုံးထက် သာလွန်ပြည့်စုံတဲ့ စွမ်းဆောင်ရည်များနဲ့ Samsung Galaxy S23 Ultra

စတင်မိတ်ဆက်ခဲ့ကတည်းက အသုံးပြုသူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ Galaxy S23 Series စမတ်ဖုန်းတွေဟာ ကမ္ဘာတစ်ဝန်း နယ်ပယ်အသီးသီးက ပညာရှင်များစွာရဲ့ စိတ်ဝင်စားမှုတွေကို ရရှိခဲ့ပြီး Galaxy S23 Ultra စမတ်ဖုန်းရဲ့ Epic Features တွေနဲ့အတူ ဖန်တီးမှုမျိုးစုံလည်း ထွက်ရှိလာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒါရိုက်တာကိုနေ့သစ်က Samsung Galaxy S23 series ရဲ့ ကြော်ငြာဖြစ်တဲ့ Live Epic video နဲ့ Behind the scene video တွေကို Samsung ဖုန်းနဲ့ပဲအစအဆုံးရိုက်ကူးသွားပါတယ်။ ပုံမှန် အဆင့်မြင့် ဗီဒီယိုကင်မရာတွေ အစား Galaxy S23 Ultra စမတ်ဖုန်းတစ်မျိုးတည်းကိုသာသုံးပြီး အရည်အသွေးမြင့်တဲ့ video တွေကိုရိုက်ကူးနိုင်တာဟာ ဖုန်းတစ်လုံးထက် သာလွန်တဲ့အဆင့်တစ်ခုအထိရောက်နေပြီဆိုတာ လက်ခံရမှာပါ။

”Samsung ဖုန်းကြော်ငြာကို Samsung ဖုန်းနဲ့ပဲရိုက်တာဆိုတော့ ဂေါ်တာပေါ့။ Galaxy S23 Ultra နဲ့ရိုက်တဲ့အချိန်မှာ တစ်ခြား ဘာ Third-party App မှမပါပဲ ဖုန်းမှာပါတဲ့ Built-in Camera နဲ့တင်ရိုက်ရတာ တော်တော်လေး အဆင်ပြေတယ်။ 24fps ကိုမှ 8K Resolution နဲ့ရိုက်လို့ရတာရယ်၊ နောက်ပြီး လှုပ်ရှားနေတဲ့ scenes တွေမှာတောင် Key Subject ပေါ်မှာ Focus ကိုကောင်းကောင်းထိန်းထားနိုင်တာရယ်၊ High-speed Camera တွေမှာပဲ ရနိုင်တဲ့ Slow Motion Shots တွေကို ရနိုင်တာရယ်တွေက တစ်ကယ့်ကို ကျွန်တော့်အတွက် အံ့အားသင့်စရာပါပဲ” ဆိုပြီး ဒါရိုက်တာ ကိုနေ့သစ်က Galaxy S23 Utra စမတ်ဖုန်းကို အသုံးပြုပြီး ရိုက်ကူးဖန်တီးတာနဲ့ပတ်သက်တဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို မျှဝေခဲ့ပါတယ်။

Epic အဖြစ်ဆုံး အနုပညာဖန်တီးမှုတွေအကောင်အထည်ဖော်ပေးနိုင်တဲ့ Galaxy S23 Ultra မှာ S Pen ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာလည်း အံ့မခန်းစရာပါပဲ။ Digital art တွေနဲ့ လူမှုကွန်ရက်မှာ နာမည်ကြီးတဲ့ ပုံရေးဆွဲသူ မသည်းဦးကလည်း သူ့အတွက် Epic ဖြစ်စေတဲ့သဘာဝတရားကြီးကို inspiration ရယူပြီး S Pen ပါတဲ့ Galaxy S23 Ultra ကနေတဆင့် ဖော်ထုတ်ခဲ့ပါသေးတယ်။ ဒါ့ထက်ဖော်ထုတ်ပြလိုက်နိုင်တာကတော့ မသည်းဦးရေးဆွဲထားတဲ့ Doodle Art က Samsung ကပြုလုပ်တဲ့ Pop Up store မှာ Decoration တစ်ခုအနေနဲ့ booth တစ်ခုအဖြစ် ထွက်ပေါ်လာတာပါပဲ။ ဖုန်းတစ်လုံးကနေ ဒီလောက်အထိ ဖြစ်ပေါ်လာတာက သာမန်ဖုန်းတွေမှာတော့ ရရှိနိုင်မှာမဟုတ်ပါဘူး။

”သည်းဦးအတွက်တော့ ဘဝကို Epic ဖြစ်ဖြစ်နေထိုင်တယ်ဆိုတာ လူသားတွေတောင် မရှိခင်ကတည်းက တည်ရှိနေတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေနေထိုင်ခြင်းပါပဲ” လို့ သူ့ရဲ့  S Pen ပါတဲ့ Galaxy S23 Ultra အကြောင်းကို ပြေပြသွားပါသေးတယ်။

ကိုယ့်ရဲ့ဖုန်း ရေထဲကျမှာ၊ ရေစိုပြီး ပျက်သွားမှာကို စိုးရိမ်ပူပန်ကြတာ လူတိုင်းလိုလိုပါပဲ။ ဖုန်းအတော်များများဟာလည်း ရေစိုခံအောင် ဖန်တီးထားကြတာ မဟုတ်ပါဘူး။ ရေအောက်မှာ ဓါတ်ပုံရိုက်နိုင်ဖို့ဆိုတာ ပိုလို့တောင် ခက်ခဲအလှမ်းဝေးတဲ့ စိတ်ကူးအိပ်မက်တစ်ခုပါ။ Samsung ရဲ့ Galaxy S23 Ultra ကတော့ IP 68 Water Resistance ဖြစ်တဲ့အတွက် ရေစိုခံရုံသာမက ရေအောက်မှာပါ အကောင်းဆုံး ရုပ်ထွက်အရည်အသွေးတွေနဲ့ ဓါတ်ပုံရိုက်လို့ရတယ်ဆိုတဲ့အကြောင်းကို နာမည်ကြီး ဓါတ်ပုံဆရာ ကိုထက်အောင်ကျော် (HAK Vlogs) က Team Galaxy အဖွဲ့ဝင် ပိုးမမှီသာနဲ့အတူ သက်သေပြထားပါသေးတယ်။

“Aperture ကို 1.7fp ထိဖွင့်ပြီးရိုက်လို့ရတော့ အလင်းများများ ဝင်နိုင်တဲ့အတွက် အလင်းပိုနည်းတဲ့ ရေအောက်မှာတောင် ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတွေကို ရိုက်လို့ရပါတယ်။  AI Focus ပါတဲ့အတွက် ရေအောက်ငုပ်နေရလို့ focus မဝင်မှာလည်း စိတ်မပူရဘူး။  တချို့ပုံတွေဆိုရင်လည်း 4K video နဲ့ရိုက်ပြီးမှ screen capture နဲ့ ပြန်ရိုက်ထားတာပါ” လို့ ကိုထက်အောင်ကျော်က ဆိုပါတယ်။ Galaxy S23 Ultra ကိုသုံးပြီး ရေသူမလေးတစ်ယောက်လို အလှဆုံးရိုက်ကူးထားတဲ့ ပိုးမမှီသာရဲ့ မှင်သက်ဖွယ် ရေအောက်ဓါတ်ပုံတွေဟာ လူမှုကွန်ယက်မှာ ဟိုးလေးတကျော် လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။

ဘောင်ဘင်ခတ်မထားတဲ့  စိတ်ကူးတွေ၊ အဆုံးမရှိတဲ့ တီထွင်ကြံဆမှုတွေနဲ့ ဖန်တီးဖို့ မဖြစ်နိုင်ဘူးလို့ အရင်က ယူဆထားခဲ့တဲ့အရာတွေကို အခုချိန်မှာ ကိုယ့်ရဲ့လက်တစ်ဖဝါးအတွင်းမှာတင် လွယ်လင့်တကူ အကောင်အထည်ဖော် ဖန်တီးလို့ရအောင် စွမ်းဆောင်နိုင်တဲ့ Galaxy S23 Ultra ဟာ ဖုန်းတစ်လုံးထက် အဆပေါင်းများစွာပိုတဲ့ စမတ်ဖုန်းတစ်လုံးဆိုတာ ငြင်းလို့မရနိုင်အောင်ပါပဲ။