နာမည်ကြီး Streamer ကြယ်ပွင့်တွေနဲ့အတူ အုပ်စုဖွဲ့ယှဉ်ပြိုင်ကစားရင်း ဆုကြေးငွေကျပ် (၁၅) သိန်းအထိ ရယူနိုင်မယ့် Samsung ရဲ့ “#PlayGalaxy Cup” Stars Battle ပြိုင်ပွဲကြီး

Samsung Myanmar ကနေ ပရိတ်သတ်အားပေးမှုအများဆုံး ရရှိထားတဲ့ Streamer ကြယ်ပွင့်တွေဖြစ်တဲ့ ICE ICE၊ Shinelayz၊ Su Htat၊ Monica တို့နဲ့အတူ ယှဉ်ပြိုင်ကစားရင်း  ဆုကြေးငွေကျပ် (၁၅) သိန်းအထိ ရယူနိုင်မယ့် “#PlayGalaxy Cup” Stars Battle ပြိုင်ပွဲကြီးကို မကြာခင်ရက်ပိုင်းအတွင်း မှာ စတင်ကျင်းပသွားတော့မှာဖြစ်ပါတယ်။ ဇွန်လ (၂၂) ရက်၊ (၂၃) ရက် နဲ့ (၂၉) ရက်နေ့တို့မှာ ကျင်းပသွားမယ့် အဆိုပါပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်သူတွေအတွက် မိမိ idol နဲ့ ဂိမ်းဆော့ရမယ့်အိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရမယ့်အပြင် ကြည့်ရှုအားပေးသူ ပရိတ်သတ်များအတွက်လည်း Fun Match အစီအစဉ်များစွာနဲ့အတူ အနိုင်ရမယ့်အဖွဲ့ကို ခန့်မှန်းရင်း ဆုလက်ဆောင်တွေ ရနိုင်မယ့် အစီအစဉ်တွေမှာပါ​ ရင်ခုန်စိတ်လှုပ်ရှားစွာ ပါဝင်သွားနိုင်ဦးမှာပါ။

Image: Samsung

“#PlayGalaxy Cup” Stars Battle ပြိုင်ပွဲကြီး ကို Samsung Myanmar ရဲ့ တရားဝင် Facebook Page နဲ့ YouTube Channel များမှာ အောက်ပါအတိုင်း တိုက်ရိုက်ပြသသွားမှာဖြစ်ပါတယ်။

  • ဇွန်လ (၂၂) ရက်နေ့ ည (၇)  နာရီအချိန်မှာ Team ICE ICE နဲ့ Team Shinelayz တို့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊
  • ဇွန်လ (၂၃) ရက်နေ့ ည (၇) နာရီမှာတော့ Team Su Htat နဲ့ Team Monica တို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။
  • ဒီပွဲစဉ်များအပြီးမှာတော့ အသင်းနှစ်သင်းဆီက အကောင်းဆုံးကစားသမား ၃ ဦးဆီကို ရွေးချယ်ပြီးဇွန်လ (၂၉)  ရက်နေ့ မှာ ပြုလုပ်ပေးသွားမယ့်  Grand Final ပွဲစဉ်ကို Streamer Stars တွေနဲ့အတူ တက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။
  • ပွဲစဉ်များအပြီးမှာတော့ ချန်ပီယံဆု အတွက် အမြင့်ဆုံး ဆုကြေးငွေကျပ် (၁၅) သိန်း၊ 1st Runner Up ဆု အတွက် ‌ဆု‌ကြေးငွေကျပ် (၁၀) သိန်းနဲ့ ၊ 2nd Runner Up ဆု အတွက်   ဆုကြေးငွေကျပ် (၅) သိန်း စသဖြင့် အသီးသီးပေးအပ်သွားမှာပါ။

Image: Samsung

Streamer Stars တွေနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ကစားမယ့် အဖွဲ့ဝင်တွေကိုတော့ ဇွန်လ (၁၂) ရက်နေ့မှ စတင်ကာ Samsung Myanmar ရဲ့ တရားဝင် Facebook Page မှတဆင့် ဖိတ်ခေါ်ခဲ့ပြီးနောက် Streamer Stars များ ကိုယ်တိုင် ကျပန်းရွေးချယ်ကာ Team ICE ICE၊ Team Shinelayz၊ Team Su Htat၊ Team Monica စသဖြင့် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ရွေးချယ်ခံရသူများကို ဇွန်လ (၁၈) ရက်နေ့မှာ ကြေညာပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဖွဲ့ဝင်အဖြစ် မပါဝင်ဖြစ်ခဲ့သူတွေ အတွက်လည်း Streamer Stars တွေနဲ့အတူ ပျော်ပျော်ပါးပါး ကစားလို့ရမယ့် Fun Match အစီအစဉ်တွေပြုလုပ်ပေးသွားဦးမှာပါ။ Fun Match အစီအစဉ် မှာ ပါဝင်ဖို့အတွက် အသေးစိတ်အချက်အလက်တွေကို Samsung Myanmar Facebook ကတဆင့် ကြေညာပေးသွားမှာဖြစ်ပြီး ပါဝင်ခွင့်ရသူ ပရိတ်သတ် (၁၅) ယောက်ကို ဇွန်လ (၂၂) ရက်နေ့မှာ ကြေညာပေးသွားမှာပါ။ Fun Match ကို ဇွန်လ (၂၃) ရက်နေ့ ညနေ ၅ နာရီ မှာ (၃) ပွဲတိတိကစားသွားမှာပဲဖြစ်ပါတယ်။

Image: Samsung

ကြည့်ရှုအားပေးသူ ပရိတ်သတ်များ အတွက်လည်း “#PlayGalaxy Cup” Stars Battle ပြိုင်ပွဲကြီးမှာ ဘယ် Team က Champion Title ကို ရမလဲဆိုတာ ခန့်မှန်းပြီး Diamond (၁၀၀၀) ဆု ရယူနိုင်မယ့် အစီအစဉ်ကိုလည်း ပြုလုပ်ပေးသွားဦးမှာဖြစ်ပါတယ်။

အခုလို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပွဲစဉ်တွေ အားလုံးကို Samsung Myanmar ရဲ့ တရားဝင် Facebook Page (https://www.facebook.com/SamsungMyanmar/) နဲ့ YouTube Channel (https://www.youtube.com/@samsungmyanmar) ကနေတဆင့် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး ပွဲစဉ်တွေနဲ့ ပြုလုပ်ပေးသွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Samsung Myanmar Facebook Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။