စွမ်းဆောင်ရည် အမြင့်မားဆုံး Neo QLED 8K အပါအဝင် ပြည့်စုံသာလွန်မှုအရှိဆုံး နောက်ဆုံးပေါ် ၂၀၂၃ ခုနှစ် TV မော်ဒယ်သစ်များနှင့် အိမ်သုံး လျှပ်စစ်ပစ္စည်းများအား Samsung Myanmar မှ မြန်မာနိုင်ငံတွင် တရားဝင်စတင်မိတ်ဆက်

၁၇ နှစ်ဆက်တိုက် ကမ္ဘာ့နံပါတ်တစ် TV ထုတ်လုပ်ရောင်းချသူ အဖြစ် ဦးဆောင်နေသည့် Samsung Electronics ၏ နောက်ဆုံးပေါ် ၂၀၂၃ ခုနှစ်ထုတ် TV မော်ဒယ် အမျိုးအစားသစ်များနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ အား မြန်မာနိုင်ငံတွင် Unbox & Discover 2023 (More Wow Than Ever) အခမ်းအနားကြီးနှင့်အတူ ယနေ့စတင် မိတ်ဆက်ခဲ့သည်။

Image: Samsung

အဆိုပါ Unbox & Discover 2023 အခမ်းအနားကြီးတွင် စွမ်းဆောင်ရည် အမြင့်မားဆုံး Neo QLED 8K TV အပါအဝင် သူမတူသော ရုပ်သံကြည့်ရှုမှု အတွေ့အကြုံများအား ပေးအပ်သွားနိုင်မည့် ၂၀၂၃ ခုနှစ်ထွက် TV မော်ဒယ်သစ်များ၊ ဆန်းသစ်လှပသော BeSpoke ရေခဲသေတ္တာ၊ မြန်မာနိုင်ငံ အတွက် အထူးသီးသန့် ထုတ်လုပ်ပေးထားသော Built for Myanmar ရေခဲသေတ္တာများနှင့် အ၀တ်အထည်များကို မထိခိုက်စေသည့် EcoBubble အဆင့်မြင့် နည်းပညာပါဝင်သည့် Built for Myanmar အဝတ်လျှော်စက် အစရှိသည့် ထုတ်ကုန်များအား တက်ရောက်လာသူများ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်အသုံးပြုနိုင်ရန် မိတ်ဆက်ပြသခဲ့သည့်အပြင် စိတ်လှုပ်ရှားစရာ ဖျော်ဖြေရေးအစီအစဉ်များ၊ ဂိမ်းများနှင့် ကံစမ်းမဲအစီအစဉ်များကိုလည်း ပြုလုပ် တင်ဆက် ပေးခဲ့သည်။

Image: Samsung

Unbox & Discover 2023 (More Wow Than Ever) အခမ်းအနားကြီးတွင် မိတ်ဆက်ခဲ့သည့် Samsung ၏ ၂၀၂၃ ခုနှစ်ထုတ် အိမ်သုံးလျှပ်စစ်ပစ္စည်း မော်ဒယ်သစ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • အသေးငယ်ဆုံး အစက်အပြောက်များ အပါအဝင် ပုံရိပ်တိုင်းအား အသေးစိတ် ကြည်လင်ပြတ်သားစွာ ပြသပေး နိုင်သည့် Quantum Matrix Technology နည်းပညာနှင့် အခြားသူမတူသော စွမ်းဆောင်ရည် အမြင့်မား ဆုံး လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားသည့် အပါးလွှာဆုံး ဘေးဘောင်မဲ့ TV များ ဖြစ်ကြသည့် Neo QLED 8K နှင့် Neo QLED 4K
  • Quantum Dot နည်းပညာ၏ အကူအညီဖြင့် တောက်ပပြီး သဘာဝကျသည့် ရုပ်ထွက်အရည်အသွေးကို ရရှိစေမည့် အပြင် သာမာန်ရုပ်ထွက်နှင့် အသံအရည်အသွေးများကိုပင် အကောင်းဆုံး 4K အဆင့် ရရှိစေနိုင်ရန် AI ဖြင့် အဆင့် မြှင့်တင်ပေးနိုင်သည့် ထုထည်အလွန်ပါးလွှာသည့် OLED TV
  • Quantum Processor 4K လုပ်ဆောင်ချက်နှင့် အတူ ၁၀၀% အရောင်ထွက် အရည်အသွေး အပြည့်အဝရ ရှိနိုင်ပြီး Motion Xcelerator ပါဝင်၍ ဂိမ်းများကို လျှင်မြန်သွက်လက်စွာ စိတ်ကြိုက်ဆော့ကစားနိုင်သည့် QLED TV
  • Pur-color အသုံးပြုထားသောကြောင့် ကာလာအရောင်အသွေးကြွယ်ဝစွာဖြင့် သဘာဝနှင့် အနီးစပ်ဆုံး ထပ်တူ ကျသည့် ပုံရိပ်များကို ပြသပေးနိုင်သည့်အပြင် Crystal Processor 4K ကြောင့် ရုပ်ထွက်တိုင်းကို 4K Resolution အစစ်ဖြင့် ခံစားကြည့်ရှုနိုင်မည့် မြန်မာနိုင်ငံမှ အသုံးပြုသူများ အကြိုက်နှစ်သက်ဆုံး UHD TV
  • လှပဆန်းသစ်၍ သူမတူသော စမတ်ကျကျ လူနေထိုင်မှု စနစ် ရရှိစေရန် ကူညီပံ့ပိုးပေးနိုင်မည့် The Freestyle, The Frame, The Serif နှင့် The Sero စသည့် LIFESTYLE တီဗွီအမျိုးအစားများ
  • ထူးခြားဆန်းသစ်လှပခေတ်မှီသည့် ဒီဇိုင်းနှင့် AI နည်းပညာအသုံးပြု BeSpoke ရေခဲသေတ္တာများ
  • မီးအားပျက်တောင်သွားသော်လဲ အအေးခန်းရှိ အစားအသောက်များအား လတ်ဆတ်နေစေရန် ၁၂နာရီကြာ အအေးထိန်းပေးထားနိုင်မည့် Cool Pack ပါ၀င်သော မြန်မာနိုင်ငံအတွက် အထူးသီးသန့် ထုတ်လုပ်ပေးထားသော Built for Myanmar ရေခဲသေတ္တာများ
  • သာမန်ထက် ၅၀% ပိုမိုလျှင်မြန်စွာ လျှော်ဖွတ်နိုင်ပြီး အထူးသန့်ရှင်း စင်ကြယ်စေသည့် AI Control ပါဝင်သည့် Front Load အ၀တ်လျှော်စက်များ
  • လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို သာမာန်ထက် ၆၀% ရေသုံးစွဲမှုကို ၁၉ % လျှော့ချပေးရုံမက အဝတ်အထည်များကို မခိုက်စေသော  မော်တာ အာမခံနှစ် ၂၀အထိ ပေးထားသည့် Built for Myanmar အ၀တ်လျှော်စက်များ

Image: Samsung

“ကမ္ဘာ့နံပါတ်တစ် TV ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီအဖြစ်နဲ့ ၁၇ နှစ်ဆက်တိုက်ရပ်တည်နေနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် Samsung Electronics ရဲ့ TV တွေဟာ တစ်နှစ်ပြီးတစ်နှစ် ပိုမိုပြီးပြည့်စုံတဲ့ တီထွင်ဖန်တီးမှုတွေ၊ ခေတ်မီဆန်းသစ်မှု တွေနဲ့အတူ သုံးစွဲသူတွေရဲ့ ယုံကြည်မှုကို အပြည့်အဝ ရယူထားနိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။ အခု Unbox & Discover 2023 အခမ်းအနားကြီးမှာ မိတ်ဆက်ခဲ့တဲ့ ကျွန်မတို့ရဲ့ နောက်ဆုံးပေါ် Samsung TV တွေဟာဆိုရင်လည်း အကောင်းမွန်ဆုံး ရုပ်ထွက်အရည်အသွေးနဲ့ ကြည့်ရှုလိုတဲ့သူတွေ၊ Gaming experience ကောင်းကောင်း ကိုမှ ခံစားလိုတဲ့သူတွေ၊ စမတ်ကျတဲ့ လူနေမှုပုံစံအတွက် premium ဆန်တဲ့ အတွေ့အကြုံကို ခံစားလိုသူတွေ စသဖြင့် လိုအပ်ချက်မျိုးစုံရှိကြတဲ့ အသုံးပြုသူတွေ အတွက် အသင့်တော်ဆုံး ဖြစ်စေမှာ ဖြစ်ပြီး သူတို့ရဲ့ လူနေမှုအဆင့်အတန်းတွေ ကိုလည်း ပိုမိုမြင့်မားသွားစေနိုင်မယ်ဆိုတာ အသေအချာပါပဲ” ဟု Samsung Myanmar ၏ Head of Group (Consumer Electronics) ဖြစ်သူ မချမ်းမြေ့ဖြူ မှ ပြောကြားခဲ့ပါသည်။

ယခုမိတ်ဆက်ခဲ့သည့် Samsung ၏ နောက်ဆုံးပေါ်  TV မော်ဒယ်များအား ကြိုက်နှစ်သက်ရာ မျက်နှာပြင် အရွယ်အစား အလိုက် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကာ အဆိုပါ TV များအပါအဝင် BeSpoke ရေခဲသေတ္တာနှင့် အဝတ်လျှော်စက် စသည့် နောက်ဆုံးပေါ် ထုတ်ကုန်သစ်များအားလုံးကို Early Order ကာလဖြစ်သည့် ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၁ ရက်အတွင်း ဝယ်ယူသူများ အနေနှင့် ဝယ်ယူသည့် TV အလိုက် Samsung အမှတ်တံဆိပ် Sound Bar များအပါအဝင် အထူးဆု လက်ဆောင်များ၊ ဝယ်ယူသည့် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်များအလိုက် Samsung အမှတ်တံဆိပ် Microwave, Power Stick, Vacuum Cleaner, ငွေသားလက်ဆောင် အစရှိသည်တို့ကို ရရှိသွားမည်ဖြစ်သည်။

ထုတ်ကုန်အမျိုးအစား မော်ဒယ်နံပါတ် အရွယ်အစား  

ဈေးနှုန်း (မြန်မာကျပ်)

 

Neo QLED 8K TV

(2023)

QN900C 85”

75”

65”

20,099,000

17,579,000

12,520,000

Neo QLED 4K TV

(2023)

QN85C 85”

75”

65”

55”

10,343,000

7,364,000

5,534,000

4,076,000

QLED 4K TV

(2023)

Q65C 85”

75”

65”

55”

5,803,000

4,607,000

2,826,000

1,999,000

OLED TV

(2023)

S95C 77”

65”

55”

14,678,000

9,341,000

6,440,000

The Freestyle TV

(2023)

LSP3C 100” 2,588,000
BeSpoke Refrigerator RT42CB 415L 2,033,000
Front Load Washing Machine WW90T

WW12TP

WD12BB

WD16T

9kg

12kg

12kg

16kg

1,366,000

1,664,000

2,533,000

3,064,000

Washing Machine WA16CG 16kg 1,112,000
Built for Myanmar

Washing Machine

WA90CG

WA10CG

WA11CG

WA13CG

WA15CG

9kg

10kg

11kg

13kg

15kg

 

670,000

687,000

780,000

872,000

963,000

 

Refrigerator RT31CG

RT35CB

RT42CB

RT42CG

305L

348L

415L

415L

1,110,000

1,383,000

1,498,000

1,435,000

Built for Myanmar

Refrigerator

RT31CG

RT35CG

305L

348L

984,000

1,230,000

အဆိုပါအခမ်းအနား၌ နောက်ဆုံးပေါ်ထုတ်ကုန်သစ်များအပြင် မြန်မာနိုင်ငံနှင့် အထူးကိုက်ညီမှုရှိစေရန် ရည်ရွယ်ထုတ်လုပ် ပေးထားသည့် ဈေးနှုန်းသက်သာသည့် Built For Myanmar မော်ဒယ်များဖြစ်သော

  • လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို ၅၀% ပိုမိုလျှော့ချပေးနိုင်ပြီး လျှပ်စစ်မီးပြတ်တောက်ခဲ့လျှင်ပင် အအေးဓာတ်ကို ၁၂ နာရီကြာ ထိန်းပေးထားနိုင်မည့် Cool Pack ပါဝင်သည့် ရေခဲသေတ္တာ
  • လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို ၆၀% ရေသုံးစွဲမှုကို ၁၉ % အထိ ပိုမိုလျှော့ချပေးသည့်အပြင် အဝတ်အစားထိခိုက်မှုကို ၂၀% လျှော့ချ ကာကွယ်ပေးနိုင်သည့် Eco Bubble နည်းပညာ ပါဝင်သည့် အဝတ်လျှောစက်
  • အစရှိသည့် ထုတ်ကုန်များကိုလည်း ဧည့်သည်တော်များ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်ရှုနိုင်စေရန်အတွက် အခမ်းအနား တွင် ခင်းကျင်းပြသပေးထားခဲ့သည်။

Samsung ၏ နောက်ဆုံးထွက် ထုတ်ကုန်အမျိုးအစားများနှင့် ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပြီး အသေးစိတ် သိရှိလိုသော အကြောင်းအရာများအား Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် (https://www.facebook.com/SamsungMyanmar) တွင် အသေးစိတ် ကြည့်ရှု မေးမြန်း နိုင်မည် ဖြစ်သည်။