Steam ပေါ်တွင် ဆော့ကစားမှုအများဆုံး Game များ

Steam ဆိုတာကတော့ ကွန်ပြူတာဂိမ်းတော်တော်များများကို Download ရယူကစားနိုင်တဲ့ Platform တစ်ခု ဖြစ်ပါတယ်။ အခမဲ့ဆော့ကစားနိုင်တဲ့ဂိမ်းတွေအပြင် အခကြေးငွေနဲ့ ဝယ်ယူဆော့ကစားနိုင်တဲ့ ဂိမ်းအမျိုးအစား များစွာကို ဆော့ကစားနိုင်ပါတယ်။ Steam စတင်ပေါ်ပေါက်လာတဲ့အချိန်ကနေ အခုအချိန်ထိ ဆော့ကစားသူအများဆုံး ဂိမ်း ၆ မျိုးကိုဖော်ပြေပေးသွားမှာ ဖြစ်ပါတယ်။ 

(၁) Dota 2

Dota လို့ပြောလိုက်တာနဲ့ မသိတဲ့သူဆိုတာတော်တော်ရှားပါတယ်။ မဆော့ဖူးတဲ့သူသာရှိမယ် မသိတဲ့သူ မရှိလောက်အောင် အောင်မြင်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ Multiplayer Online Battle Arena (MOBA) ဂိမ်း အမျိုးအစား ဖြစ်တဲ့ Defense of the Ancients (Dota) ဂိမ်းဟာ Action, Free to Play, Strategy ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Steam ရဲ့ All-time most played game တစ်ခုဖြစ်ပါတယ်။ 

(၂) Counter-Strike: Global Offensive (CS: GO)

CS: GO ဟာလည်း Game လောကမှာမသိတဲ့သူမူရှိအောင် နာမည်ကြီးအောင်မြင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Action, Free to Play ဆော့ကစားရမယ့် Shooting ဂိမ်းအမျိုးအစားဖြစ်ပြီးတော့ လက်ရှိ Steam ရဲ့ ဒုတိယမြောက် All-time most played game တစ်ခု ဖြစ်ပါတယ်။ 

(၃) Player Unknown’s Battlegrounds (PUBG)

စစ်မြေပြင်မှာ လက်နက်ပေါင်းစုံနဲ့ တိုက်ခိုက်ရတာသဘောကျတဲ့သူတွေအကြိုက်တွေ့စေမယ့် ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ Action, Adventure, Free to Play နဲ့ Massively Multiplayer ဆော့ကစားရမယ့် Battle Royal ဂိမ်း အမျိုးအစားဖြစ်ပါတယ်။ PC, Consoles နဲ့ Mobile Device တွေအတွက်ပါ ဆော့ကစားနိုင်အောင် ထွက်ရှိ ပေးထားပါတယ်။ PUBG ဟာ Steam ရဲ့ တတိယမြောက် All-time most played game တစ်ခု အပါအဝင်ဖြစ်ပါတယ်။ 

(၄) Grand Theft Auto V (GTAV)

Grand Theft Auto ဟာ P2 ဂိမ်းစက်တွေမှာဆော့ကစားရင်း တော်တော်လေးနာမည်ကြီးခဲ့တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Update အသစ်တွေနဲ့အတူ Steam မှာ GTAV ကို Download ရယူဆော့ကစားနေကြပါပြီ။ တခြားဂိမ်းတွေလို Free to Play ဂိမ်းတော့မဟုတ်ပါဘူး။ Action, Adventure ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ အရင်ကတည်းက လူကြိုက်များအောင်မြင်ခဲ့တဲ့ ဂိမ်းက အခုအချိန်မှာလည်း Steam ရဲ့ စတုတ္ထမြောက် All-time most played game တစ်ခုဖြစ်နေပါတယ်။ 

(၅) Lost Ark

Lost Ark ဆိုတာကတော့ Massive Multiplayer Online Role-Playing Game (MMORPG) ဂိမ်းတစ်ခုဖြစ်ပါတယ်။ ရွေးချယ်စရာ Character အများအပြားပါဝင်ပြီး Graphic နဲ့ Sound Effect တွေလည်း တော်တော် ကောင်းမွန်တဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Lost Ark ဟာ Steam နဲ့ ပဥ္စမမြောက် All-time most played game တစ်ခုဖြစ်ပါတယ်။ 

(၆) Elden Ring

Elden Ring ကတော့ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၂၀၂၂ ခုနှစ်ကမှထွက်ရှိလာခဲ့တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Free to Play ဂိမ်းအမျိုးအစားတစ်ခုမဟုတ်ဘဲ $59.99 နဲ့ဝယ်ယူဆော့ကစားရမှာ ဖြစ်ပါတယ်။ Action, RPG ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ထွက်ရှိထားတာမကြာသေးပေမယ့် အခုအချိန်မှာ Steam ရဲ့ ဆော့ကစားမှုအများဆုံး နံပါတ် ၆ နေရာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။