ဓာတ်ပုံနှစ်ပုံကို တစ်ပြိုင်တည်းရိုက်နိုင်ပြီး အသွင်သစ်နဲ့ဖြင့် ထွက်ပေါ်လာခဲ့သော vivo v23e စမတ်ဖုန်းအကြောင်း

Vivo ရဲ့ ရေပန်းစား စမတ်ဖုန်းတွေထဲမှာ vivo v23e စမတ်ဖုန်းကလည်း ဝယ်ယူအားပေးသူတွေ အကြိုက်တွေ့စေတဲ့ စမတ်ဖုန်းတစ်လုံးဆိုရင်လည်း မမှားပါဘူး။ အကောင်းဆုံးဆိုတဲ့ စမတ်ဖုန်းတစ်လုံးရဲ့ စံချိန်စံညွှန်းတွေ စုစည်းထားတဲ့ စမတ် ဖုန်းတစ်လုံးလို့လဲ ဆိုနိုင်သည်။
Vivo v23e စမတ်ဖုန်းသည် ဘယ်လောက်ဝေးပါစေ၊ ဘယ်လိုလှုပ်ရှားပါစေ အလင်းရောင်အနေအထား ဘယ်လိုဖြစ်နေပါစေ အရှေ့ကင်မရာ ရဲ့ autofocus ဟာ အလှဆုံးဓာတ်ပုံကို ဖန်တီးပေးစွမ်းနိုင်သည်။ အရှေ့ကင်မရာသည် မိမိမျက်လုံး အနီးနားတစ်ဝိုက်တွင် အလိုအလျောက် ဆုံချက်ချိန်ပေးနိုင်သည့်အတွက် အမြဲတမ်း ဗဟိုဆုံချက်ကျကျတွင် ရှိနိုင်မည်ဖြစ်သည်။
အ‌ကောင်းဆုံး Portrait ကို Multi-Style Portrait နဲ့ ထူးခြားစွာ စတိုင်မျိုုးစုံ၊ ဓာတ်ပုံမျိုးစုံ ရိုက်ကူးနိုင်သည်။ ဗီဒီယိုရိုက်ရာတွင် တစ်ချိန်ထဲတွင် အရှေ့နှင့်အနောက်ကင်မရာကို တပြိုင်တည်းအသုံးပြု၍ ရိုက်ကူးနိုင်မည်လည်းဖြစ်သည်။ Double Exposure သည် ဓာတ်ပုံနှစ်ပုံကို တစ်ပြိုင်တည်းရိုက်ပြီး တစ်ပုံထဲမှာပဲ အသွင်သစ်နဲ့ အနုပညာဆန်ဆန် ပုံမျိုးကိုရရှိနိုင်မည်ဖြစ်သည်။

Photo Source https://bit.ly/3IV9iaM

Front Camera AI Extreme Night နှင့် အလင်းရောင်အားနည်းပြီး မှောင်နေသော ညပတ်ဝန်းကျင်တွင် ပိုမိုကောင်းမွန်ပြီး ရှင်းလင်းပြတ်သားသည့် အရည်အသွေးမြင့် ဓာတ်ပုံများ ရိုက်ကူးနိုင်သည်။ Multi-frame ပါဝင်တဲ့အတွက် ဆူညံသံကို လျော့ချနိုင်ခြင်း၊ ပြင်ပလက်တွေ့အတိုင်း မြင်တွေ့ရမယ့် Night Mode အပါအဝင် Steadiface Selfie Video ကလည်း တည်ငြိမ်ပြီး ပြတ်သားသည့် အသွင်ပြင်ကို ပေါ်လွင်စေမည်ဖြစ်သည်။
၇.၃၆ မီလီမီတာနှင့် အလွန်ပါးလွှာသော ဖုန်းကိုယ်ထည်ဖြင့် ရိုးရှင်းပြီးနှစ်လိုဖွယ်ရာပုံစံ တစ်ခုဖြစ်အောင်ထုတ်လုပ်ထား သည်။ Innovative slim plating သည် အရောင်စိုပြေပြီး ပါးလွှာဆန်းသစ်နေမည်ဖြစ်သည်။ အရောင်လေးများကို ဖန်တီးပုံဖော်ထားခြင်းသည် အမြင်အာရုံကို စိတ်ကျေနပ်ဖွယ်ဖြစ်စေပြီး အထိအတွေ့ဟာလည်း သက်တောင့်သက်သာ ဖြစ်စေမှာ အမှန်ပင်ဖြစ်သည်။ ဒါ့အပြင် Moonlight Shadow နှင့် Sunshine Coast အရောင်တွေဟာ သဘာဝမှရရှိပြီး တောက်ပတဲ့အသွင်ပြင်ကို ခံစားရစေမည်ဖြစ်သည်။
စံချိန်မှီ ဖုန်းများကဲ့သို့ အားသွင်းလျင်မြန်ခြင်းက ၁၅ မိနစ် အတွင်း ၄၀ ရာခိုင်နှုန်း အားဝင်ပြီး၊ လျင်မြန်စွာ အားသွင်းပေးနိုင် မည်ဖြစ်သည်။ အဆိုပါစမတ်ဖုန်းသည် RAM နည်းပညာ တိုးမြှင့်လိုက်ပြီး ဖုန်းကို လျင်မြန်စွာနဲ့ ချောမွေ့စွာ အပြည့်အဝ အသုံးပြုနိုင်မည် ဖြစ်သည်။ Memory စီမံခန့်ခွဲမှုကို နည်းစနစ်အသစ်ဖြင့် မွန်းမံထားပြီး idle ROM အား RAM အဖြစ် ကောင်းမွန်စွာ အသုံးပြုနိုင်သည်။
Multi-turbo စနစ်သည်လည်း ဖုန်းကို ထစ်ငေါ့ခြင်းမရှိဘဲ ပိုမိုလုပ်ဆောင်နိုင်အောင် ပြုလုပ်ပေးသည်။ ဒါ့အပြင် များပြားလှသော Widget များကို လိုအပ်သလို စိတ်ကြိုက် ရွေးချယ်နိုင်သည်။ 64 MP ကင်မရာကလည်း ခလုတ်လေး နိုပ်ရုံဖြင့် ပိုမိုကောင်းမွန်သော ဓာတ်ပုံများကို ဖန်တီး ရိုက်ကူးနိုင်သည်။
AI Portrait Restore သည်လည်း ပိုမို တောက်ပပြီး ရှင်းလင်းသော အရိပ်ရောင်ဖော်ပြသည့် ညဘက်ဓာတ်ပုံများ ရိုက်ကူးနိုင်ပါသည်။ Bokeh effects လုပ်ဆောင်ချက် (၅) ခုထဲက ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီး ပိုမိုကောင်းမွန်တဲ့ portrait ဓာတ်ပုံတွေကို တစ်ဆင့်မြှင့် ရိုက်ယူလိုက်နိုင်သည်။ နောက်ကင်မရာကလည်း စတိုင်မျိုးစုံပါဝင်ပေါင်းစပ်ထုတ်လုပ်ထားသော စမတ်ဖုန်းတစ်လုံးဖြစ်သည်။