“Lavender” အရောင် Samsung Galaxy S23 Ultra အသစ် နှင့် 8GB + 128GB Memory ပါဝင်သည့် Galaxy S22 Ultra အသစ်တို့ကို မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီ

Samsung အနေနှင့် Samsung Galaxy S23 Series စမတ်ဖုန်းတစ်လုံးဖြစ်သော စွမ်းဆောင်ရည် အမြင့်မားဆုံး Galaxy S23 Ultra [12/512GB] စမတ်ဖုန်းကို စွဲမက်ဖွယ် Lavender အရောင်အသစ်ကို မြန်မာငွေကျပ် ၄,၄၆၅,၀၀၀၊ [8/256GB] အတွက် မြန်မာကျပ်ငွေ ၃,၉၁၅,၀၀၀ ဖြင့် မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။

ပထမဆုံးဝယ်ယူသူ Samsung ချစ်သူအယောက် ၅၀ အားလည်း [12/512GB] Version ဝယ်ယူမှုအတွက် Buds 2 Pro + Silicone Grip Case + Travel adapter နှင့် [8/256GB] Version ဝယ်ယူမှု အတွက် Silicone Grip Case + Travel adaptor တို့ကို အထူးလက်ဆောင်အနေနှင့် ပေးအပ်သွားမည် ဖြစ်သည်။

Image: Samsung

ထို့အပြင်ယမန်နှစ်ကထွက်ရှိခဲ့သည့် Galaxy S22 Ultra စမတ်ဖုန်းကို Epic Memory အသစ် [8/128GB] နှင့်အတူ ပြန်လည်မိတ်ဆက်ပေးလိုက်ပြီး မြန်မာငွေကျပ် ၃,၄၄၅,၀၀၀ ဖြင့် စတင်ဝယ်ယူနိုင်ပြီဖြစ်သည်။ ပြန်လည်မိတ်ဆက်လိုက်သည့် Galaxy S22 Ultra စမတ်ဖုန်းကို ဝယ်ယူအားပေးသူ ပထမဆုံး အယောက် ၁၀၀ အတွက်လည်း Buds 2 Pro + Travel adaptor ကို ပေးအပ်သွားဦးမယ့် အထူးအစီအစဉ်လည်း ရှိဦးမည် ဖြစ်သည်။

Samsung ၏ Galaxy S23 Series ဖုန်းများသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းပါးဆုံး ဖြစ်စေရန် အတွက် ပြန်လည်အသုံးပြုနိုင်သည့် polyethylene terephthalate (PET) ကိုစမတ်ဖုန်း အစိတ်အပိုင်း များတွင် ပြန်လည်အသုံးပြုပေးထားသည့် ပထမဆုံး Galaxy ထုတ်ကုန်ပစ္စည်းဖြစ်ပြီး ယခုအချိန်ထိ ထွက်ရှိထားခဲ့ပြီး Samsung Galaxy စမတ်ဖုနမ်းများထက် Recycle ပြုလုပ်ထားသည့် အစိတ်အပိုင်းများ ပိုမိုပါဝင်သည်။

Image: Samsung

အသစ်မိတ်ဆက်လိုက်သည့် စွမ်းဆောင်ရည်မြင့် Samsung Galaxy စမတ်ဖုန်းများကို CB credit card နှင့် AYA Pay တို့ကို အသုံးပြုပြီး အတိုးမဲ့အရစ်ကျ ဝယ်ယူနိုင်မည့်အပြင် မတော်တဆမှုများကြောင့် ဖုန်းထိခိုက်မှုများအတွက်လည်း စိတ်ပူစရာမလိုသည့် Samsung Care+ အထူးဝန်ဆောင်မှုကိုလည်း စမတ်ဖုန်းဝယ်ယူသူ Samsung ချစ်သူများအနေနှင့် ရရှိသွားဦးမည် ဖြစ်သည်။