အမေရိကန်စစ်သားများ ဦးနှောက်စွမ်းရည်ထူးကဲ့ဖွံ့ဖြိုးရေး အစိုးရနှင့်တက္ကသိုလ်ကြီးသုံးခု ပူးပေါင်းတီထွင်နေ

Image Source : https://www.flickr.com

သာမန်လူသားများ၏ ဦးနှောက်လုပ်ဆောင်နိုင်မှုစွမ်းရည်များထက် များစွာသာလွန်စေမည့် နည်းပညာများအား စစ်သားများအတွက်ရည်ရွယ်ကာ နာမည်ကြီးတက္ကသိုလ်(၃) ခုနှင့် အမေရီကန်အစိုးရတို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

အမေရိကန်စစ်တပ်၏ အဆင့်မြင့်နည်းပညားများ တီထွင်ရေးအဖွဲ့  DARPA သည် လူ့ခန္ဓာကိုယ်လှုပ်ရှားရေးနှင့် သက်ဆိုင်သည့် အာရုံကြောများအား လျှပ်စစ်ဖြင့်လှုံ့ဆော်ကာ ဦးနှောက်စွမ်းဆောင်ရည် တိုးတက်စေမည့် နည်းပညာများအား လေ့လာတီထွင်ထွင်လျက်ရှိပြီး၊ ထိုမှတဆင့် နာမည်ကြီးတက္ကသိုလ်များနှင့် ပူးပေါင်းကာ စစ်သားများ၏ တိုက်ခိုက်ရေးနှင့်သက်ဆိုင်သည့် စွမ်းရည်များ ဖွံ့ဖြိုးကောင်းမွန်လာရေး ဆောင်ရွက်လျက်ရှိသည်။

DARPA ၏အဆိုအရ အဆိုပါနည်းပညာများကြောင့် စစ်သားတစ်ဦးအနေဖြင့် ဘာသာစကားတစ်ခုအား တတ်မြောက်စေရန် နှစ်ချီသင်ယူစရာမလိုဘဲ လပိုင်းအတွင်း တတ်မြောက်နိုင်မည်ဖြစ်ကာ အခြားသောစစ်ရေးစွမ်းရည်များလည်း  များစွာပြောင်းလဲဖွံ့ဖြိုးသွားမည်ဟု သိရသည်။ အဆိုပါသတင်းနှင့်ပက်သက်ပြီး ဒီလင့်ခ် ထဲမှ အချက်အလက်အပြည့်အစုံအား အောက်တွင်ဆက်လက်ဖော်ပြပေးပါမည်။

အမေရိကန် စစ်တပ်ရဲ့ အဆင့်မြင့် နည်းပညာများကို တီထွင်နေတဲ့ DARPA က ဦးနှောက်ရဲ့ လေ့လာသင်ယူနိုင်စွမ်းကို တိုးတက်စေမယ့် နည်းပညာကို တီထွင်နေပါတယ်။ ဦးနှောက်၊ ကျောရိုးနဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဆက်စပ်နေတဲ့ အာရုံကြောများကို လျှပ်စစ်လှိုင်းဖြင့် လှုံ့ဆော်ခြင်းဖြင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေတဲ့ နည်းပညာကို သူတို့က အသုံးပြုထားပါတယ်။

DARPA က အမေရိကန် စစ်သားများကို လေ့ကျင့်ရာမှာ အဲဒီ နည်းပညာ ကို အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ ဥပမာအားဖြင့် စစ်သားတစ်ဦးဟာ ဘာသာစကား အသစ်တစ်ခုကို နှစ်နဲ့ချီ သင်စရာ မလိုဘဲ လပိုင်းအတွင်း မှာ တတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ စစ်ရေး စွမ်းရည်များကို သင်ကြားဖို့ အတွက်လည်း ဒီနည်းပညာက အသုံးဝင်မှာ ဖြစ်ပါတယ်။

DARPA က တက္ကသိုလ်များနဲ့ ပူးပေါင်း၍ ဒီနည်းပညာကို တီထွင်နေပါ တယ်။ Johns Hopkins တက္ကသိုလ်က အကြား အာရုံနဲ့ ဘာသာစကား သင်ကြားမှုကို တိုးတက်စေမယ့် နည်းပညာကို တီထွင်ရမှာ ဖြစ်ပါတယ်။ ဖလော်ရီဒါ တက္ကသိုလ်က ဆုံးဖြတ်ချက်ချခြင်း၊ လေ့လာသင်ယူခြင်း၊ လှုပ်ရှားသွားလာခြင်းတို့ကို တိုးတက်စေတဲ့ နည်းပညာကို ဖန်တီးရမှာ ဖြစ်ပါတယ်။ ထောက်လှမ်းခြင်း၊ လက်နက်ဖြင့် ပတ်ခတ်ခြင်း၊ စစ်ပွဲနဲ့ ပတ်သက်တဲ့ မဟာဗျူဟာများ ချမှတ်ခြင်းများအတွက် အရီဇိုးနား တက္ကသိုလ်က တာဝန်ယူရမှာ ဖြစ်ပါတယ်။ DARPA ဖန်တီးမယ့် နည်းပညာဟာ လူသားများအတွက် အလွန် အကျိုးရှိ စေပေမယ့် ဒီနည်းပညာကို မကောင်းတဲ့ နေရာမှာ အသုံးပြုလာနိုင်တဲ့ အတွက် စိုးရိမ်စရာများ ရှိနေပါတယ်။