ရှားပါး Digital Second Hand များဝယ်နိုင်တဲ့ Sec Plaza App အကြောင်း (Sec Plaza E-Commerce App ၏ Accountant ဖြစ်သူ မအေးယုခိုင်နှင့်အင်တာဗျူးဆောင်းပါး)

Sec Plaza ဆိုတာ Original Second Hand ပစ္စည်းတွေကို အာမခံဖြင့် သက်သာစွာရောင်းချပေးနေသော E-Commerce App တစ်ခုဖြစ်ပါတယ်။ ပစ္စည်းအသစ်တစ်ခုနီးပါးအတိုင်း ကောင်းမွန်တဲ့ပစ္စည်းတွေကို ရောင်းချပေးနေတာမို့ Sec Plaza App ဟာ အသုံးပြုနေသူတွေကြားထဲမှာ ထိုက်သင့်သလောက် ရေပန်းစားနေတာလည်းဖြစ်ပါတယ်။
သက်သာပြီး ယုံကြည်စိတ်ချရတဲ့ Second Hand ဖုန်းတစ်လုံးဝယ်ချင်ပေမဲ့ ဘယ်မှာဝယ်ရမလဲမသိဖြစ်နေသူတွေအတွက် Sec Plaza Application က ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပစ္စည်းတစ်ခုကို ဝယ်ယူဖို့ ငွေကြေးအပြည့်အဝ မတတ် နိုင်တဲ့သူတွေအတွက်တော့ အားထားစရာနေရာတစ်ခုပါပဲ။

Photo….Sec Plaza E-Commerce App ၏ Accountant ဖြစ်သူ မအေးယုခိုင်

“Sec Plaza App ကို Customer တွေ အွန်လိုင်းကနေ လွယ်လွယ်ကူကူ ကြည့်ရှုပြီး ကိုယ်ကြိုက်တာကို ဈေးနဲ့ ချိန်ပြီး ဝယ်ယူလို့ရအောင်လို့ ပြုလုပ်ထားတာပါ။ အမျိုးအစားတွေဆိုရင်လည်း ပုံနဲ့တကွတင်ထားတာဖြစ်တဲ့အတွက် အပြစ်အနာ အဆာတွေဆိုရင်လည်း ပုံမှာတခါတည်းကြည့်လို့ရပါတယ်။ ကြည့်ပြီးတော့ ကြိုက်မှဝယ်နိုင်တဲ့ ပုံစံမျိုး ဖြစ်အောင်လုပ်ထား တာပါ။ “ဟု Sec Plaza E-Commerce Application ၏ Accountant ဖြစ်သူ မအေးယုခိုင်က ရှင်းပြပေးပါတယ်။
Sec Plaza App မှာက အာမခံချက်တွေစုံလင်တာကြောင့်လည်း ဝယ်ယူသူတွေအကြိုက်တွေ့စေတာလည်းဖြစ်ပါတယ်။ ၇ ရက်အတွင်း ပစ္စည်းပြန်လဲနိုင်ခြင်း (Hardware အာမခံ)၊ ရက် ၁၈၀ အာမခံ (Software အာမခံ)၊ လျှင်မြန်သော Customer Service ၏ တုံ့ပြန်မှု၊ မြန်ဆန်သော ပစ္စည်းပေးပို့မှု၊ Group လိုက်ဝယ်ယူမှုများအတွက် သက်သာသောဈေးနှုန်းတွေအပြင် တစ်ခြားနေရာများတွင် ဈေးကွက်မှာဝယ်ယူရန်ခက်ခဲသော Digital ပစ္စည်းများကို ရနိုင်တာကြောင့်လည်းဖြစ်ပါတယ်။
Sec Plaza App ကို ၂၀၁၉ ဇူလိုင်လလောက်မှာ စတင်ခဲ့တာပါ။ စတင်ခဲ့ချိန်မှာလည်း ဝန်ထမ်းလိုအပ်ချက်အခက်အခဲတွေ နဲ့ရင်ဆိုင်ဖြတ်သန်းခဲ့ရပါသေးတယ်။ အမှန်တကယ်တော့လည်း မြန်မာနိုင်ငံမှာ အခုလို App တစ်ခုဖြစ်လာဖို့ဆိုတာ လွယ်ကူ တဲ့ကိစ္စတစ်ခုလည်းမဟုတ်ပါဘူး။

Photo Source https://www.facebook.com/secplaza.ygn

“ကျွန်မတို့ App ထဲကို တစ်နေ့တစ်ခါဝင်မယ်ဆို ၅၀ ကျပ်ရပါတယ်။ အဲ့ဒီ ၅၀ ကျပ်ကတော့ Balance ထဲမှာ သွားပေါ်နေမှာပေါ့နော်။ အဲ့ဒါက တစ်နေ့ကို တစ်ခါပဲရမှာပါ။ နေ့တိုင်းဝင်ပေးရင်တော့ နေ့တိုင်း ၅၀ ကျပ်စီ ရနေမှာပါ။ အဲ့ဒီ ပိုက်ဆံကတော့ ဒီ App မှာ ပစ္စည်းတွေဘာတွေဝယ်မယ်ဆို ပြန်သုံးလို့ရပါတယ်။ အဲဒါကလည်း အကန့်အသတ်နဲ့ သုံးလို့ ရအောင်လုပ်ပေးထားတယ်။ အဲ့ဒါအပြင် လျော့ဈေး code တွေလည်း လုပ်ပေးထားပါတယ်။ Oder မှာမယ်ဆိုရင် လျော့ ဈေးသုံးလို့ရတယ်”ဟု သူမက ပြောပါတယ်။
Sec Plaza App ဟာ အခုဆိုရင် လက်ရှိအသုံးပြုနေတဲ့သူ ရှစ်ထောင်နီးပါးရှိနေပြီးဖြစ်ပါတယ်။ နောက်ပိုင်းမှာ App သုံးတဲ့ သူတွေအဆင်ပြေအောင် နေ့စဉ် App ထဲကိုဝင်ထားလို့ ရထားတဲ့ပိုက်ဆံတွေကို အခြား Accessory တွေကို သုံးလို့ရအောင် လုပ်ပေးသွားအုံးမှာလည်းဖြစ်ပါတယ်။
App အသုံးပြုပြီး အနယ်နယ်အရပ်ရပ်က ပစ္စည်းမှာယူချင်တဲ့သူတွေအတွက်လည်း မြန်ဆန်တဲ့ဝန်ဆောင်မှုများနဲ့ ဆောင်ရွက် ပေးထားပါသေးတယ်။ ရန်ကုန်မှာနေတဲ့သူတွေအတွက် App မှာ မဝယ်ချင်ဘူးဆိုင်လာမယ်ဆိုရင်လည်း အမှတ် 29/D လှည်းတန်း၊ ခိုင်ရွှေဝါလမ်း၊ ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်မှာဖြစ်ပါတယ်။
Application ကို အောက်ပါ Link များမှာ Download ပြုလုပ်နိုင်ပါတယ်။
Android Application https://bit.ly/2YzJkEZ
iOS Application https://apple.co/2Zah7nh