WavePay ကို ရိုးမဘဏ် Flexi Everyday အကောင့်နှင့် ချိတ်ဆက်ကာ ပိုမိုကျယ့်ပြန့်စွာအသုံးပြုနိုင်တော့မည်ကြောင်း ထုတ်ပြန်

Wave Money သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပုဂ္ဂလိကဘဏ်များထဲမှ တစ်ခုဖြစ်သည့် ရိုးမဘဏ်နှင့် ပူးပေါင်းကာ ဝန်ဆောင်မှုအသစ်တစ်ရပ်ကို မိတ်ဆက်လိုက်ပြီဖြစ်သည်။
အဆိုပါဝန်ဆောင်မှုမှာ Wave Money အသုံးပြုသူများသည် ၎င်းတို့၏ WavePay မိုဘိုင်းလ်ပိုက်ဆံအိတ်ကို ရိုးမဘဏ် Flexi Everyday အကောင့်နှင့် ချိတ်ဆက်ကာ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ခြင်းပဲဖြစ်သည်။
WavePay အက်ပီလီကေးရှင်းရှိ ရိုးရှင်းသော လုပ်ဆောင်ချက်များဖြင့် အသုံးပြုသူများသည် ၎င်းတို့၏ Flexi Everyday အကောင့်ဖြင့် အလွယ်တကူချိတ်ဆက်နိုင်ပြီး ငွေလွှဲခြင်းနှင့် နီးစပ်ရာ ရိုးမဘဏ်ခွဲ သို့မဟုတ် ATM စက်များတွင် အကန့်အသတ်မရှိ ငွေသားထုတ်ယူခြင်းဝန်ဆောင်မှုများကို ရရှိနိုင်သည်။
“လတ်တလော ပြောင်းလဲမှုအခြေအနေများကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ၊ ကိုယ်စားလှယ်တွေနဲ့ မိတ်ဖက်တွေဟာ ငွေသားထုတ်ယူမှုအတွက် အကျပ်အတည်း၊ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ကောင်းစွာသိရှိပါတယ်။ “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို ပေးစွမ်းရန်” ဆိုတဲ့ ရည်မှန်းချက်နဲ့အတူ Wave Money အသုံးပြုသူများက စိုးရိမ်ပူပင်မှုကင်းစွာဖြင့် ငွေသားထုတ်ယူနိုင်စေဖို့ နဲ့ ငွေပေးချေမှုဝန်ဆောင်မှုများကို ရယူနိုင်ဖို့ ရိုးမဘဏ်နဲ့ ပူးပေါင်းပြီး Wave-Flexi ချိတ်ဆက်မှုကို ယူဆောင်လာပါပြီ။ ဒီဝန်ဆောင်မှုအသစ်ဟာ ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်တွေ နဲ့ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်သူတွေအနေနဲ့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူများကို ငွေသားလုံလုံလောက်လောက် ထုတ်ပေးနိုင်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်” ဟု Wave Money ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Brad Jones မှ ပြောကြားသည်။

Photo Source https://www.facebook.com/WaveMoney

Wave-Flexi ချိတ်ဆက်မှုကို ၂၀၂၂ ခုနှစ် ဇူလိုင်လ အစောပိုင်းမှစတင်ကာ ကနဦးအဆင့် အကောင်ထည် ဖော်ဆောင်ရွက်ခဲ့သည်။ ကိုယ်စားလှယ်များနှင့် အေးဂျင့်များ၏ Wave Partner အကောင့်များကို ၎င်းတို့၏ ရိုးမဘဏ် Flexi Connect အကောင့်ဖြင့် ချိတ်ဆက်ပေးကာ Flexi ဝန်ဆောင်မှုမှတစ်ဆင့် အဆင်ပြေချောမွေ့စွာ ငွေလွှဲပြောင်းမှုကို လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။
လက်ရှိအချိန်တွင် နီးစပ်ရာ ရိုးမဘဏ်ခွဲများ သက်ဆိုင်ရာ ကိုယ်စားလှယ်များမှတစ်ဆင့် Wave အေးဂျင့်များသည် အကန့်အသတ်မရှိ ငွေသားထုတ်ယူမှုဝန်ဆောင်မှုကို လက်လှမ်းမီ ရယူနိုင်ပြီဖြစ်သည်။ နိုင်ငံတစ်ဝှမ်းရှိ Wave ဆိုင်ပေါင်း ၅၀၀၀၀ ကျော်မှတစ်ဆင့် Wave Money အသုံးပြုသူများသည် ငွေလွှဲခြင်း၊ ငွေသားထုတ်ယူခြင်းတို့ကို ပြုလုပ်နိုင်ပြီဖြစ်သည်။ ရိုးမဘဏ်၏ Flexi Everyday အကောင့်ကို မည်သည့်ရိုးမဘဏ်ခွဲများတွင် မဆို ဖွင့်နိုင်မည်ဖြစ်သည်။
မြန်မာပြည်သူများအနေဖြင့် နေ့စဉ်ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ ပြုလုပ်ရာ၌ ပိုမိုအဆင်ပြေ လွယ်ကူစေရန်အတွက် WavePay အား ၂၀၂၀ ပြည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့သည်။ WavePay သည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေ ပေးချေမှုစနစ်သစ်ကို ဆောင်ကြဉ်းလာသည့် မိုဘိုင်းပိုက်ဆံအိတ်အက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ ငွေလွှဲခြင်း၊ ဖုန်းငွေဖြည့်ခြင်း၊ လစဉ်ကြေးများ ပေးဆောင်ခြင်း၊ ကြွေးမြီများပြန်လည်ပေးအပ်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ လက်မှတ်ဝယ်ယူ ခြင်း အစရှိသည့် ဆောင်ရွက်ချက်များအား အွန်လိုင်းမှ အလွယ်တကူပြုလုပ်နိုင်ရန်အတွက် WavePay မှ Fintech နှင့် အဆင်ပြေစိတ်ချလုံခြုံသော ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို မြှင့်တင်ပေးလျက်ရှိသည်။