Viber မှ သုံးစွဲသူတွေနဲ့ ချိတ်ဆက်ခြင်း၊ Viber ချန်နယ်နဲ့ လုပ်ငန်းရှင်၊ Content ဖန်တီးသူတွေအတွက် အခွင့်အရေး ခေါင်းစဉ်ဖြင့် Virtual Workshop ကျင်းပ

Rakuten Viber သည် သုံးစွဲသူတွေနှင့် ချိတ်ဆက်ခြင်း၊ Viber ချန်နယ်နဲ့ လုပ်ငန်းရှင်၊ Content ဖန်တီးသူတွေအတွက် အခွင့်အရေးခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော အွန်လိုင်း အလုပ်ရုံဆွေးနွေးပွဲ (Virtual Workshop) တစ်ခုအား မကြာခင်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Viber မှ တာဝန်ရှိသူများ၊ မိတ်ဖက် Speakers များနှင့် နယ်ပယ်ကဏ္ဍပေါင်းစုံမှ တက်ရောက်သူ ပေါင်း ၁၂၀ ကျော် တက်ရောက်ခဲ့သည်။

Photo Source https://www.facebook.com/viber

ထိုအလုပ်ရုံဆွေးနွေးပွဲအတွင်း၌ Viber ချန်နယ်များအား အသုံးပြု၍ ပရိသတ်များနှင့် မည်သို့ ပိုမိုအဆင်ပြေ လွယ်ကူစွာ ချိတ်ဆက်နိုင်မည်၊ မည်သို့သော လုပ်ဆောင်ချက်များအား အသုံးပြု၍ Engagement ပိုမိုကောင်းမွန်စေရန် လုပ်ဆောင် နိုင်မည် အစရှိသည့် သိမှတ်စရာ အချက်အလက်များ အပါအဝင် Viber ချန်နယ်များအား အသုံးပြုနေသည့် ကမ္ဘာတစ်ဝန်းမှ နာမည်ကျော် စီးပွားရေးလုပ်ငန်းများနှင့် Content ဖန်တီးသူများ အကြောင်းနှင့် ပတ်သက်၍လည်း ဆွေးနွေးပြောကြား ခဲ့သည်။
“ရိုးရိုးသာမန်စာတိုပေးပို့မှု အက်ပလီကေးရှင်းတစ်ခုဆိုတာထက် ပိုပြီးတော့ Viber အနေနဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေ၊ Content ဖန်တီးသူတွေကို Viber ချန်နယ်တွေကနေတဆင့် သူတို့ရဲ့ သုံးစွဲသူတွေ၊ ပရိသတ်တွေနဲ့ တိုက်ရိုက်ချိတ်ဆက် ပြောဆိုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ နောက်တစ်ခါ ဒီ Viber ချန်နယ်တွေကိုလည်း အဆင့်အမြင့်မားဆုံး လုံခြုံရေး စနစ်တွေနဲ့ များစွာသော ဆက်သွယ်ချိတ်ဆက် ပြောဆိုနိုင်တဲ့ လုပ်ဆောင်ချက်တွေ ကိုလည်း ထည့်သွင်း ပေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သုံးစွဲသူတွေ အားလုံးအတွက် အကောင်းမွန်ဆုံးနဲ့ လုံခြုံမှု အရှိဆုံး ဆက်သွယ်ရေးကြားခံ အက်ပလီကေးရှင်းတစ်ခု အဖြစ် ဆက်လက်ရပ်တည်သွားမှာ ဖြစ်တဲ့အပြင် သုံးစွဲသူတွေ အတွက် ပိုပြီးကောင်းမွန်ပြည့်စုံတဲ့ အသုံးပြုမှုအတွေ့အကြုံတွေကို ပေးအပ်သွားနိုင်ဖို့ အတွက်လည်း အမြဲကြိုးစား လုပ်ဆောင်နေပါတယ်” ဟု Rakuten Viber ၏ Business Development Manager ဖြစ်သူ ကိုရဲထွန်းနိုင် မှပြောကြား သည်။
ထို့အပြင် ဆက်လက်၍ အထူးဖိတ်ကြားထားသည့် ဧည့်သည် Speaker များဖြစ်ကြသော Flymya.com မှ Marketing Lead တစ်ဦးဖြစ်သည့်အပြင် Experience Myanmar Viber ချန်နယ်မှ Super Admin လည်းဖြစ်သူ မသီရိရတနာနိုင်နှင့် ပရိသတ်များ အကြား ရေပန်းစားသည့် Content ဖန်တီးသူတစ်ဦးဖြစ်သည့် ကိုဟိဏ်းသစ်တို့မှလည်း Viber ချန်နယ် အား စတင်ဖန်တီးအသုံးပြုဖြစ်ခဲ့မှု၊ ပရိတ်သတ်များနှင့် ထိတွေ့ဆက်ဆံမှု အတွေ့အကြုံများနှင့် ၎င်းတို့၏ အနာဂတ် အစီအစဉ်များ အကြောင်းကို ဝင်ရောက်ဆွေးနွေးပေးခဲ့သည်။

Photo Source https://www.facebook.com/viber

Viber ချန်နယ်များတွင် ရရှိနိုင်မည့် အပြန်အလှန်ဆက်သွယ်ချိတ်ဆက်မှု လုပ်ဆောင်ချက်များသည် စီးပွားရေး လုပ်ငန်းများ၊ ကုန်အမှတ်တံဆိပ်များနှင့် content ဖန်တီးသူများအား ၎င်းတို့၏ သုံးစွဲသူများ၊ ပရိသတ်များနှင့် အပြန်အလှန် ထိထိရောက်ရောက် ဆက်သွယ်နိုင်အောင် အကောင်းဆုံး ကူညီပေးနိုင်မည် ဖြစ်သည်။ သုံးစွဲသူပေါင်း အမြောက်အများ ဆီသို့ ခလုတ်တစ်ချက်နှိပ်ရုံမျှဖြင့် ဆက်သွယ်ပြောဆိုနိုင်သည့် စွမ်းဆောင်ရည် နှင့်အတူ စီးပွားရေး လုပ်ငန်းများ၊ ကုန်ပစ္စည်း အမှတ်တံဆိပ်များ နှင့် content ဖန်တီးသူများ အနေနှင့် Viber ချန်နယ်များမှတဆင့် ကြည့်ရှုသူများထံ ၎င်းတို့၏ လုပ်ငန်းဆောင်တာများနှင့် လှုပ်ရှားမှုများ အကြောင်းကို အချိန်နှင့် တပြေးညီ လွယ်ကူလျင်မြန်စွာ ဆက်သွယ် အသိပေး သွားနိုင်မည် ဖြစ်သည်။
ထို့အပြင် Viber ၏ သူမတူသော pinned messages၊ scheduled messages၊ polls နှင့် quizzes စသည့် လုပ်ဆောင်ချက်များ၊ Message Stat နှင့် Channel Insight စသည့် ဒေတာ အချက်အလက်များ မှ တဆင့်လည်း သုံးစွဲသူများနှင့် ပိုမိုဆက်သွယ်ချိတ်ဆက်နိုင်မည့် နည်းဗျုဟာများအား စီစဉ် ရေးဆွဲသွားနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။