Taxi ယာဉ်မောင်းနှင့် ခရီးသည်များအတွက် အကျိုးရှိစေမည့် “Loyar Myanmar” ရဲ့ Application (Loyar Myanmar ၏ Director ဖြစ်သူဦးမျိုးမင်းဦးနှင့် အင်တာဗျူးဆောင်းပါး)

ရန်ကုန်မြို့တွင်းမှာနေထိုင်သူတွေအတွက် တစ်နေရာကနေတစ်ရာကိုအရေးပေါ်သွားလာတဲ့အခါ Taxi ငှားရမ်းကြစမြဲပါ။ ငှားရမ်းတဲ့အခါမှာလည်းမိမိအတွက် လုံခြုံစိတ်ချမှုရှိစေဖို့၊ Taxi ငှားရမ်းခဈေးနှုန်းမှန်ကန်စေဖို့အတွက်လည်းအရေးကြီးပါ တယ်။ ဒါ့အပြင် ပစ္စည်းပို့ဆောင်ပေးရေးအပိုင်းမှာလည်းမိမိပေးပို့လိုက်တဲ့ ပစ္စည်းအချိန်မြန်မြန်နဲ့ လုံခြုံစိတ်ချစွာ ရောက်ရှိစေဖို့လည်းလိုပါတယ်။
မိမိရဲ့ သွားလာရေးကိုလုံခြုံစိတ်ချနိုင်စေဖို့အတွက်အပြင် ပစ္စည်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာလုံခြုံစိတ်ချရတဲ့ App တွေကများစွာထွက်ပေါ်နေပါပြီ။ အဲ့ဒီအထဲကမှ ရန်ကုန်မြို့တွင်းတစ်နေရာကနေတစ်နေရာကိုသွားလာတဲ့အခါ၊ ပစ္စည်းတွေပို့ဆောင်တဲ့အခါ စိတ်ချယုံကြည်ရတဲ့ App တွေထဲမှာ Loyar Myanmar က ဖန်တီးထုတ်လုပ်ထားတဲ့ App လည်းတစ်ခုအပါ အဝင်ဖြစ်ပါတယ်။ Loyar App ကိုအသုံးပြုချင်တဲ့သူတွေအတွက် အဆင်ပြေလွယ်ကူမှုရှိစေရန် Myanmar Tech Press Team အနေဖြင့် Loyar Myanmar ၏ Director ဖြစ်သူဦးမျိုးမင်းဦးနဲ့ အင်တာဗျူးဆောင်းပါးကို ရေးသားဖော်ပြပေးလိုက်ပါတယ်။
Loyar App ကို ၂၀၂၀ ခုနှစ်မှာစတင်ခဲ့တာလည်းဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း ခရီးသွားလာတဲ့သူတွေအနေနဲ့ Taxi ငှားရမ်းတဲ့အခါ အခက်အခဲတွေမရှိစေရန်၊ ပစ္စည်းပို့ဆောင်ရေးအပိုင်းတွေမှာအဆင်ပြေစေရန်၊ ယာဉ်ကြောပိတ်ဆို့မှုတွေ ယာဉ်မတော်တဆမှုတွေလျော့နည်းစေဖို့အတွက် ရည်ရွယ်ပြီးပြုလုပ်ထားတာဖြစ်ပါတယ်။

Photo Source https://www.facebook.com/LoyarMM

“နိုင်ငံတကာမှာလည်းမီတာနဲ့ အငှားယာဉ်တွေကသွားကြပါတယ်။ သွားသလောက်ရှင်းရတယ်။ မြန်မာပြည်မှာကအဲ့ဒါမျိုး တွေမရှိဘူး။ အခုကျတော့ ခေတ်တွေကပြောင်းလာပြီ။ မီတာစနစ်ကိုဖုန်း App ထဲမှာထည့်လိုက်ပြီးတော့ လုပ်လိုက်မယ်ဆိုရင် အဆင်ပြေနိုင်မလားတွေးပြီးလုပ်ဖြစ်သွားတာပေါ့နော်။ ကျွန်တော်တို့စနစ်ကမီတာနဲ့ အခြေခံတာပါ။ ကြိုက်သလောက်စီးကျသလောက်ရှင်းစနစ်ပေါ့။ တချို့appတွေကျတော့ ဈေးနှုန်းတစ်ခါတည်းသတ်မှတ်ထားကြတာပေါ့နော်။ Loyarကျတော့ ကိုယ်စီးသလောက်ပဲပေးရတာပါ” ဟု Loyar Myanmar ၏ Director ဖြစ်သူဦးမျိုးမင်းဦးကပြောပါတယ်။
LoyarAppစတင်လုပ်ဆောင်ခဲ့တုန်းကခရီးသည်များအတွက် Taxi ငှားရမ်းရန်အတွက်သာလုပ်ဆောင်ထားခဲ့ ပေမယ့် ကိုဗစ်ရောဂါဖြစ်ပြီးတဲ့နောက်မှာတော့ ပစ္စည်းပို့ဆောင်ရေးပိုင်းဆိုင်ရာ Feature တစ်ခုဖြစ်တဲ့ လိုရာပို့ ဝန်ဆောင်မှုကိုစတင်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ App ကိုစတင်ခဲ့တာမကြာသေးတဲ့အတွက် အသုံးပြုသူထောင်ဂဏန်းကျော် ကျော်လောက်သာရှိပါသေးတယ်။ Taxi ယာဉ်မောင်းများအနေနဲ့လည်းLoyar Appကိုအသုံးပြုပြီးပြေးဆွဲမယ် ဆိုရင် Loyar Myanmar မှာမန်ဘာဝင်နိုင်ပါသေးတယ်။
“ခရီးသည်တွေကိုယဉ်ကျေးပျုငှာစွာဆက်ဆံပေးတဲ့ဝန်ဆောင်မှုကိုပေးနိုင်တဲ့ ရိုးသားတဲ့ယာဉ်မောင်းတွေကိုလက်ခံပါတယ်။ နောက်ပိုင်းမှာဝန်ဆောင်မှုမကောင်းတဲ့ ယာဉ်မောင်းတွေဆိုရင်တော့ ကျွန်တော်တို့ ပြန်ကန့်သတ်တာပေါ့နော်။ ယာဉ်မောင်း လိုင်စင်သည် အနည်းဆုံး(ဃ)လိုင်စင်ဖြစ်ရမယ်။ အိမ်စီးကားမောင်းတဲ့ လိုင်စင်မဖြစ်ရဘူး။ ကားကတော့ Taxi ကားဖြစ်ဖို့ လိုတယ်ပေါ့။ အဲ့ဒါတွေကတော့ အဓိကအခြေခံလိုအပ်ချက်တွေပါ။ ဝင်ပြီးတာနဲ့ ကျွန်တော်တို့ App ကိုအသုံးပြုပြီး ဝန်ဆောင်မှုပေးလို့ရတယ်။ နောက်ပြီး Loyar ဆိုတဲ့ Logo နဲ့ မီးဆိုင်းဘုတ်လေးတပ်ပေးတယ်။ ယာဉ်မောင်းတွေအတွက် အင်္ကျီထုတ်ပေးတာတွေပြုလုပ်ပေးပါတယ်” ဟုသူကပြောပါတယ်။
LoyarAppကိုနောက်ပိုင်းမှာ သုံးစွဲနေတဲ့အပေါ်မှာမှုတည်ပြီးလိုအပ်ချက်တွေကိုတော့ အဆင့်မြှင့်တင်မှုတွေပြုလုပ် သွားမှာ ဖြစ်ပြီး Feature အသစ်တွေထပ်ထည့်သွားမှာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ Loyar App ကိုအသုံးပြုတဲ့ခရီးသည် တွေအတွက် တစ်ကီလိုမီတာကို ၅၀၀ ကျပ်နှုန်းသတ်မှတ်ပေးထားတာလည်းဖြစ်ပါတယ်။
“ခရီးသည်တွေအတွက် တစ်ကီလိုမီတာကိုဘယ်လောက်ကျမယ်ဆိုတာသတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အဲ့ဒါကပုံသေ မဟုတ်ဘူးပေါ့နော်။ ဓာတ်ဆီဈေးနှုန်းအပေါ်မှုတည်ပြီးဈေးနှုန်းအပြောင်းအလဲတွေသတ်မှတ်ပေးသွားမှာပါ။ အရင်ဆုံးခရီး သည် စပြီးစီးမယ်ဆိုရင် ယာဉ်မောင်းတွေအတွက် ၁၅၀၀ ကျပ်ခကောက်ပေးထားတယ်။ ယာဉ်ကြောပိတ် ဆို့မှုတွေဖြစ်လို့ ဆီပိုကုန်တယ်။ နောက်တစ်ခုကျတော့ ခရီးသည်က App ကနေခေါ်မယ်ဆိုရင် ခရီးသည်ကိုလာကြိုရတယ်။ အဲ့ဒီတော့ လာကြိုရတဲ့ ခရီးအကွာအဝေးအလိုက်ဆီကုန်တယ်ပေါ့။ အဲ့ဒါတွေအတွက်ကြောင့် စစချင်း ၁၅၀၀ ကျပ်ယူပေးထားတာပါ။ ပြီးမှ တစ်ကီလိုမီတာကိုဘယ်လောက်ကျမယ်ဆိုတာတွက်ချက်ပြီးမှ ယူတာပါ” ဟုသူကရှင်းပြပါတယ်။

Photo … Loyar Myanmar ၏ Director ဖြစ်သူဦးမျိုးမင်းဦး

Loyar Myanmar ကုမ္ပဏီအနေနဲ့ App စတင်ချိန်ကစပြီးLoyar App အသုံးပြုတဲ့ ယာဉ်မောင်းတွေဆီကနေခရီးစဉ် တစ်ကြောင်းကို ဝန်ဆောင်ခ ၂၀၀ ကျပ် သာကောက်ခံခဲ့ပေမဲ့ လက်ရှိမှာတော့ မြန်မာနိုင်ငံ၏ လက်ရှိကုန်ဈေးနှုန်းအရ ၃၀၀ ကျပ်ပြောင်းလဲကောက်ခံလိုက်တာလည်းဖြစ်ပါတယ်။ Loyar Myanmar ရဲ့ အဓိကထူးခြားချက်ကတော့ ခရီးသည်တွေ အနေနဲ့ Loyar App ဖုန်းထဲမှာမထည့်ထားဘူးဆိုရင်လည်း “လိုရာ” လက်တားစနစ်နဲ့သုံးလို့ရနိုင်တာလည်းဖြစ်ပါတယ်။ Loyar က သတ်မှတ်ထားတဲ့ taxi ကားကိုလမ်းမှာတားပြီးစီးမယ်ဆိုရင်လည်းမူလသတ်မှတ်ထားတဲ့ ကီလိုမီတာဈေး နှုန်းအတိုင်း သာကျသင့်မှာလည်းဖြစ်ပါတယ်။
“App ထဲမှာခရီးသည်လုံခြုံစိတ်ချမှုရှိစေဖို့အတွက် Share Location ဆိုတာကိုထည့်ပေးထားတယ်။ သွာေးနတဲ့ ခရီးစဉ်ကိုမိတ်ဆွေသူငယ်ချင်းတွေကိုသိရှိအောင် Share လုပ်ထားပေးနိုင်ပါတယ်။ တကယ်လို့ ကားပေါ်မှာပစ္စည်းမေ့ကျန်ခဲ့ ရင်လည်း App ထဲမှာပါတဲ့ Lost and found Feature ကိုဝင်ရောက်ပြီးစာရေးလိုက်ရုံပါပဲ။ ခရီးသည်တွေအတွက် သွားရတာလွယ်ကူအောင် သွားနေကျနေရာတွေကို Save လုပ်ထားနိုင်ပါတယ်။ ပြီးတော့ ခရီးသည်တွေအတွက် အရေးပေါ် ဆက်သွယ်ရေးဖုန်းနံပါတ်တွေရေးထည့်ထားလို့ရတယ်။ အရေးပေါ်အခြေအနေဖြစ်တဲ့အခါ ကုမ္ပဏီကနေတဆင့် ဆက်သွယ် ပေးနိုင်စေဖို့အတွက်ပါ။ နောက်တစ်ခုက App ကိုပြန်လည်မျှဝေပြီးအကျိုးခံစားခွင့်ရနိုင်တဲ့ ဝန်ဆောင်မှုလေး တွေထည့်ပေးထားတယ်။ ကုမ္ပဏီတွေအတွက်လည်းဝန်ထမ်းတွေက App နဲ့ ချိတ်ဆက်သွားလာနိုင်ဖို့ Feature တစ်ခုထည့်ပေးထားတယ်” ဟုသူကဆက်လက်ရှင်းပြခဲ့ပါတယ်။
အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
Loyar Myanmar Facebook Link
https://www.facebook.com/LoyarMM
Driver များအတွက် App Link
Android: https://play.google.com/store/apps/details…
IOS: https://apps.apple.com/us/app/loyar/id1528927572
ခရီးသည်များအတွက် App Link
Android: https://play.google.com/store/apps/details…
IOS: https://apps.apple.com/us/app/loyar/id1528927572