အင်တာနက်မရှိတဲ့အခါ SMS ကိုလုံခြုံစွာအသုံးပြုပေးပို့နိုင်သော Silence Application

အင်တာနက်တွေပျက်တောက်ခဲ့ရင် မဖြစ်မနေဖုန်းခေါ်မှုများနှင့် မက်ဆေ့(ချ်) များပေးပို့ပြီး သတင်းအချက်အလက်များ စီးဆင်းအောင်ပြုလုပ်ရမည်ဖြစ်ပါတယ်။ အချင်းချင်းလုံခြုံစွာ ဆက်သွယ်နိုင်ဖို့အရေးကြီးတဲ့လိုအပ်ချက်တစ်ခုလည်းဖြစ် ပါတယ်။ အခုဖော်ပြပေးမယ့် Silence App ကတော့ ပုံမှန် မိုဘိုင်းဖုန်းများမှ တဆင့် ပေးပို့ရသော စာတိုပို့စနစ် (SMS) အား လုံခြုံသည့် End-to-End-Encryption စနစ်ဖြင့် ပေးပို့နိုင်အောင် လုပ်ဆောင်ပေးသော Application တစ်ခုဖြစ်ပါတယ်။

Photo Source https://play.google.com/store/apps/details?id=org.smssecure.smssecure

Silence App ရဲ့ အားသာချက်တွေကတော့ အင်တာနက်ပျက်တောက်ချိန် မိုဘိုင်းဖုန်း အသုံးပြုနိုင်သေးသော အခြေအနေ အထိ စာတိုများကို လုံခြုံစွာပေးပို့နိုင်ရန် အထောက်အကူပြုပါတယ်။ ဒါ့အပြင် မိုဘိုင်းအော်ပရေတာများမှ ပေးပို့သော ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြစ်သဖြင့် အင်တာနက်မှတဆင့် မက်ဆေ့ပေးပို့မှုထက် ကုန်ကျစရိတ်ပိုမိုသက်သာစေပါတယ်။ ဒါပေမယ့် Silence App ကို Android ဖုန်းများမှာသာ အသုံးပြုလို့ရနိုင်ပြီး IOS များမှာတော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။
Silence App ကို ဘာကြောင့်အသုံးပြုသင့်သလဲဆိုတော့ အင်တာနက်ပျက်တောက်သွားချိန်မှာ မဖြစ်မနေ အသုံးပြုရန် လိုအပ်လာနိုင်သည့် Mobile SMS စနစ်ဟာ သက်ဆိုင်ရာ Operator များ သိမ်းဆည်းထားသော Server များမှာ ဝင်ရောက် ကြည့်ရှုပါက အလွယ်တကူ ပေးပို့ချက်များကို မြင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် End-to-End Encrypted ပြုလုပ်ပေးမှာဖြစ်သောကြောင့် Server များမှ သွားရောက်ကြည့်ရှုတဲ့ အခါ ပေးပို့သည့် အချက်အလက်များအစား အဓိပ္ပါယ်မဲ့ သော စာလုံးများသာတွေ့မြင်ရမှာဖြစ်ပါတယ်။
သတိပြုရန်အချက်တစ်ချက်ကတော့ စာပေးပို့သူအချင်းချင်း Silence App ကို မိုဘိုင်းဖုန်းထဲမှာ အဆင်သင့်ရှိနေရမှာပဲဖြစ်ပါ တယ်။ Silence App ကို Google Store Service အသုံးပြုသော ဖုန်းများအနေဖြင့် Google Play Store မှတဆင့် Silence App ကို ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Silence App ကို တဆင့်ချင်းအသုံးပြုပုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) Continue ကိုနိုပ်ပါ။
(၂) အောက်ခြေတွေပေါ်လာသော မျှားကိုနိုပ်ပါ။
(၃) SET ကိုနိုပ်ပါ။
(၄) Silence ကိုရွေးပါ။ ပြီးရင် အောက်ခြေက Set as default ကိုရွေးပါ။
(၅) IMPORT ကိုနိုပ်ပါ။
(၆) Enable ကိုနိုပ်ပါ။
(၇) မိမိစာတိုပေးပို့လိုသော လူကိုရွေးပါ။
(၈) အထက်မှာပေါ်လာသော ပွင့်နေသော သော့ပုံလေးအားနိုပ်ပါ။
(၉) ထပ်မံပေါ်လာသော Start Secure Sesion ကိုနိုပ်ပါ။
(၁၀) ပြီးတာနဲ့ YES ကို နိုပ်လိုက်ရုံပါပဲ။ ဒါဆိုရင် အပေါ်က သော့ပုံလေးဟာ ပိတ်သွားမှာဖြစ်ပြီး စာပေးပို့သူအချင်းချင်း လုံခြုံ စိတ်ချစွာစာတိုပေးပို့ဆက်သွယ်နိုင်ပြီဖြစ်ပါတယ်။
မက်ဆေ့(ချ်) ဖြင့်လုံခြုံစွာဆက်သွယ်နိုင်ရန် Silence App ကို Download အောက်ပါ Link များမှာ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details…
https://f-droid.org/packages/org.smssecure.smssecure