Web development လေ့လာနေသူများအတွက် သိရှိထားသင့်သည့် offline app များ

Web development ပိုင်းကို လေ့လာနေသူများအတွက် အင်တာနက်မရှိတဲ့အလွယ်တကူဝင်ရောက်လေ့လာလို့ရနိုင်မယ့် Offline Application (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://web.facebook.com/RainbowTechnology.Myanmar/

(1) Learn Programming (Web Development)
HTML 5, CSS3, JavaScript, jQuery နဲ့ Angular တို့ကို အခြေခံကနေလေ့လာလို့ရမှာဖြစ်ပါတယ်။ Language တစ်ခု ချင်းစီမှာ အသေးစိတ်သင်ခန်းစာတွေနဲ့ coding example တစ်ခုစီပါဝင်တာပဲဖြစ်ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details…
(2) Easy Web development
သူကတော့ HTML, CSS နဲ့ JavaScript အတွက်လေ့လာဖို့ app တစ်ခုဖြစ်ပြီးတော့ ဒီ app က HTML ကိုအဓိကလေ့လာလို့ရတာပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://play.google.com/store/apps/details…
(3) Web Programming
ဒီ app မှာတော့ Web development language တော်တော်များများဖြစ်တဲ့ Ajax, Asp.net, Angular.js, Boostrap, Django နဲ့ PHP တွေ ပါဝင်ပါတယ်။ ဒီ app ကတော့ beginner level အတွက် စုံစုံလင်လင်လေ့လာလို့ရတာပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://play.google.com/store/apps/details…
(4) Learn Web Design
Front end အနေနဲ့ HTML, CSS, JavaScript ပါဝင်ပြီးတော့ backend မှာတော့ PHP နဲ့ Laravel ကို beginner ကနေ advanced level အထိ အသေးစိတ်ပါဝင်လို့ တကယ်လေလာလို့ကောင်းတဲ့ app တခုဖြစ်ပါတယ်။ အောက်ပါ Link မှာဝင် ရောက်လေ့လာနိုင်ပါတယ်။
https://play.google.com/store/apps/details…
(5) Web Development
HTML, CSS, JavaScript အပြင် libraries အနေနဲ့ jQuery, Angular နဲ့ Ajax တွေပါဝင်ပြီးတော့ back end အနေနဲ့ Python နဲ့ PHP ပါဝင်ပါတယ်။ ဒီ app မှာ computer မသုံးဘဲ code တွေကို edit လုပ်ဖို့ editor ပါဝင်တာပဲ ဖြစ်ပါတယ်။ အောက်ပါ Link မှာဝင် ရောက်လေ့လာနိုင်ပါတယ်။
https://play.google.com/store/apps/details…

Source RainbowTechnology.Myanmar